ခြေဖနောင့်ကွဲတာကို အချိန်တိုအတွင်း သက်သာသွားစေမယ့် သဘာဝနည်းလမ်းများ

ခြေဖနောင့်ကွဲနေပြီ ဆိုရင် ခန္ဓါကိုယ်မှာ ရေဓါတ်ခန်းခြောက်တယ် ဆိုပြီး လူအများစု ထင်ကြပါတယ်။ ဒါပေမယ့် တခြားသော အကြောင်းအရင်းတွေ ကြောင့်လည်း ခြေဖနောင့်ကွဲတတ်ပါတယ်။

၆။ ကိုယ်အလေးချိန် များခြင်း

ကိုယ်အလေးချိန် များလာတဲ့အခါ ခြေဖနောင့်မှာ ဖိအားတွေ များလာပါတယ်။ အဲဒီအခါ ခြေဖနောင့်မှာ အစိုဓါတ်မရှိတော့ဘဲ ခြေဖနောင့် ကွဲသွားတာပါ။ ကိုယ်အလေးချိန်ကို ထိန်းသိမ်းလိုက်ရင် ခြေဖနောင့်ကွဲတာလည်း သက်သာသွားမှာပါ။

၅။ ဗီတာမင်ဓါတ် ချို့တဲ့ခြင်း

ခန္ဓါကိုယ်မှာ ဗီတာမင်၊ သတ္ထုဓါတ်နဲ့ တခြားအာဟာရဓါတ်တွေ နည်းပါးလာတဲ့အခါ အသားအရေကလည်း ခြောက်ပြီးကြမ်းလာပါတယ်။ အဲဒါကြောင့် ဗီတာမင် A, B3, C, E, ဇင့်နဲ့ အိုမီဂါ ၃ တို့ကို ပါဝင်အောင် စားပေးသင့်ပါတယ်။

၄။ ဖိနပ် ရွေးချယ်မှု

နောက်ပိတ်မပါတဲ့ ဖိနပ်တွေ၊ sole သေးတဲ့ဖိနပ်တွေကို အချိန်ကြာကြာ စီးခြင်းကလည်း ခြေဖနောင့်ကို ကွဲစေပါတယ်။ နောက်ပိတ်ပါတဲ့ ဖိနပ်တွေက အဆင်အပြေဆုံးပါပဲ။

၃။ သွေးဆုံးချိန်

အချို့အမျိုးသမီးတွေမှာ သွေးဆုံးပြီးချိန် ဆိုရင်လည်း ခြေဖနောင့်နဲ့ တခြားခန္ဓါကိုယ် အစိတ်အပိုင်းတွေမှာ အရေပြားကြမ်းလာပြီး ကွဲတတ်ပါတယ်။ Estrogen ပါတဲ့ လိမ်းဆေးကို လိမ်းပေးလို့ ရပါတယ်။

၂။ အချိန်ကြာကြာ မတ်တပ်ရပ်ခြင်း

အချိန်အကြာကြာ မတ်တပ်ရပ်တဲ့အခါ ခြေထောက်ပေါ်မှာ ဖိအားတွေ များနေတတ်ပါတယ်။

၁။ ရေချိုးမှု ပုံစံမမှန်ခြင်း

ရေပူနဲ့ အချိန်ကြာကြာ ရေချိုးခြင်းက အရေပြားက သဘာဝအဆီ လျော့ပါးသွားစေပါတယ်။ ဆပ်ပြာတွေ အများကြီးသုံးပြီး ခြေထောက်ကို ပွတ်တိုက်တာကလည်း အသားအရေကို ပျက်စီးစေပါတယ်။ ရေနွေးနွေးလေးနဲ့ ရေချိူးတာက အကောင်းဆုံးပါပဲ။

Bonus.. Listerine တစ်ခွက် ၊ ရှာလကာရည် တစ်ခွက်

ရေနှစ်ခွက်တို့ကို ဇလုံတစ်ခုထဲမှာ ရောပြီး ခြေထောက်ကို ၁၅ မိနစ်ကြာ စိမ်ထားပါ။ စိမ်ထားတဲ့ အချိန်မှာ ခြေထောက်ကို ရေမြှုပ်ကျောက်နဲ့ ပွတ်တိုက်ပေးလို့ ရပါတယ်။ ပြီးရင်တော့ ခြေထောက်ကို ရေနွေးနဲ့ဆေးပြီး ပိတ်စတစ်ခုခုနဲ့ ခြောက်အောင် သုတ်လို့ရပါပြီ။

Zombie (Lovemedia)

Post a Comment

0 Comments