နောက်ဆုံး ခရီးသည်

တစ်နေ့တွင် ခရီးသည်တင် ဘတ်စ်ကားကြီး တစ်စင်းသည် လူအပြည့် တင်ဆောင်ပြီး ခရီးတစ်ခုကို ထွက်လာခဲ့ ပါသည်။ လမ်းခရီးတွင် ရာသီဥတုက ချက်ချင်း ပြောင်းသွားသည်။ မိုးတွေ မည်းလာပြီး မိုးကြိုးတွေ ပစ်ချသည်။

မိုးကြိုးတွေက ကြောက်မက်ဖွယ် ပစ်နေသည် ။ ကားအနီး ဝန်းကျင်တွင် လင်းခနဲ လက်ခနဲ ဖြစ်သွားသဖြင့် ကြောက်လန့်ကာ တစ်ကားလုံး ဟစ်အော်ကုန်ကြသည်။

ကားမောင်းတဲ့သူက ကားကို ရုတ်တရက် ရပ်လိုက်သည် ။ သူရပ်လိုက်သည့် နေရာသည် သစ်ပင်တစ်ပင်နှင့် ပေ ၅၀ ခန့် အကွာတွင် ဖြစ်သည် ။ ကားမောင်းသူက..

" အားလုံးပဲ နားထောင်ကြပါ။ ကျွန်တော်တို့ ကားထဲမှာ ကံဆိုးသူ တစ်ဦး ပါနေတယ် ထင်ပါတယ် ။ ဒါကြောင့် မိုးကြိုးတွေက ကားကို မရပ်မနား ပစ်နေတယ်။ ကျွန်တော် အရှောင်ကောင်းလို့ မိုးကြိုးနဲ့ လွဲခဲ့ရတာတွေလည်း ရှိတယ်။ ကံဆိုးသူ တစ်ယောက်ကြောင့် ကားကို မိုးကြိုး ထိမှန်ရင် အားလုံး သေကျေ ပျက်စီးကြလိမ့်မယ် ။ ဒီတော့ တစ်ခု စဉ်းစားကြပါ။ ကံဆိုးသူကို ဖော်ထုတ်ရ ပါလိမ့်မယ် "

လူတွေက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကုန် ကြသည် ။ ကားမောင်းသူက..

" ဒီလို လုပ်ကြရအောင်ပါ ။ ကားပေါ်က တစ်ယောက်ချင်း ဆင်းသွားပြီး ရှေ့မှာ ရှိတဲ့ သစ်ပင်ကြီးကို လက်နဲ့ ထိပြီး ဒီကို ပြန်လာခဲ့ကြပါ ။ ကံဆိုးသူဟာ လမ်းမှာတင် တရားစီရင်ခြင်း ခံလိုက်ရနိုင် ပါတယ် ။ ကံဆိုးသူ ပေါ်ထွက်လာမှ ကျွန်တော် ကားကို ဆက်မောင်း ပါ့မယ် "

ကားပေါ်မှ လူများ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး အဘိုးအို တစ်ဦးက အရင်ဆုံး ဆင်းသွားသည်။ သူက သစ်ပင်အထိ ရောက်အောင် သွားကာ သစ်ပင်ကို လက်နှင့် ထိပြီး ပြန်လာသည် ။ ကားပေါ်ရောက်မှ သူက သက်ပြင်းချ လိုက်သည် ။

တစ်ယောက်ပြီး တစ်ယောက် ဆင်းလိုက် ၊ တက်လိုက် သစ်ပင်ကို သွားကိုင်ပြီး ပြန်တက်လာ ကြသည် ။ မိုးခြိမ်း သံများကား မပြတ် ကြားနေရသည် ။ လျှပ်စီးတွေကလည်း ကြောက်စရာ ကောင်းလောက်အောင် တလက်လက် ဖြစ်နေသည် ။

နောက်ဆုံး တစ်ဦးသာ ကျန်တော့သည် ။ ကား၏ နောက်ဆုံးခုံတွင် ထိုင်နေသော အမျိုးသမီးကြီး ဖြစ်သည် ။

" ကဲ … အဒေါ်ကြီး ခင်ဗျား အလှည့်ပဲ ။ ကားပေါ်က ဆင်းတော့ "

အဘွားအိုက အားလုံးကို တောင်းပန်သည့် မျက်လုံးဖြင့် ကြည့်ပြီး..

" ကျေးဇူးပြုပြီး မသွားပါရစေနဲ့ ရှင်။ အားလုံး စုပြီးတော့ ဆိုးအတူ ကောင်းအမျှ ဝေခွဲခံကြ ရအောင် "

လူတွေက လက်မခံ။ အားလုံး အပြစ်မရှိသလို သူတော်ကောင်းများ ကဲ့သို့ ယူဆပြီး ကားပေါ်မှ ဆင်းကာ သစ်ပင်ကို သွားကိုင်ရန် တောင်းဆိုကြသည် ။

" အားလုံးဟာ အစမ်းသပ် ခံပြီးပြီ ။ ခင်ဗျား တစ်ဦးတည်း ကျန်တော့တယ်။ သွားပါ။ သစ်ပင်ကို သွားကိုင်ပြီး ပြန်လာပါ။ ကံတရားက အဆုံးအဖြတ် ပေးပါလိမ့်မယ် "

နောက်ဆုံး အဘွားအိုသည် ကားပေါ်မှ တုန်ချိစွာ ဆင်းသွားသည် ။ အားလုံးက စိတ်ဝင်စားစွာ ကြည့်နေကြသည် ။ အဘွားအိုသည် သစ်ပင်ဆီ ရောက်သွားသည်။ မိုးကြိုးက မပစ်သေး။ အဘွားအိုက သစ်ပင်ကို လက်နှင့် ကိုင်ပြီး ပြန်လှည့်မည် အပြုတွင် မိုးကြိုး ပစ်သံကြီး ယခင်ကထက် ပိုပြီး ကျယ်လောင်စွာ ထွက်ပေါ်လာသည် ။

" ဝုန်း… ဝုန်း… ဝုန်း "

အဘွားအို ပါးစပ်လေး အဟောင်းသားဖြင့် ကြောင်ပြီး ကြည့်နေမိသည် ။ မိုးကြိုးက တစ်လုံးပြီး တစ်လုံး ကားကို ပစ်ချနေခြင်း ဖြစ်သည် ။ ကားတစ်စီးလုံး မီးလောင် ပြာကျသွားသည် ။

crd

for zawgyi

ေနာက္ဆုံး ခရီးသည္

တစ္ေန႔တြင္ ခရီးသည္တင္ ဘတ္စ္ကားႀကီး တစ္စင္းသည္ လူအျပည့္ တင္ေဆာင္ၿပီး ခရီးတစ္ခုကို ထြက္လာခဲ့ ပါသည္။ လမ္းခရီးတြင္ ရာသီဥတုက ခ်က္ခ်င္း ေျပာင္းသြားသည္။ မိုးေတြ မည္းလာၿပီး မိုးႀကိဳးေတြ ပစ္ခ်သည္။

မိုးႀကိဳးေတြက ေၾကာက္မက္ဖြယ္ ပစ္ေနသည္ ။ ကားအနီး ဝန္းက်င္တြင္ လင္းခနဲ လက္ခနဲ ျဖစ္သြားသျဖင့္ ေၾကာက္လန႔္ကာ တစ္ကားလုံး ဟစ္ေအာ္ကုန္ၾကသည္။

ကားေမာင္းတဲ့သူက ကားကို ႐ုတ္တရက္ ရပ္လိုက္သည္ ။ သူရပ္လိုက္သည့္ ေနရာသည္ သစ္ပင္တစ္ပင္ႏွင့္ ေပ ၅၀ ခန႔္ အကြာတြင္ ျဖစ္သည္ ။ ကားေမာင္းသူက..

" အားလုံးပဲ နားေထာင္ၾကပါ။ ကြၽန္ေတာ္တို႔ ကားထဲမွာ ကံဆိုးသူ တစ္ဦး ပါေနတယ္ ထင္ပါတယ္ ။ ဒါေၾကာင့္ မိုးႀကိဳးေတြက ကားကို မရပ္မနား ပစ္ေနတယ္။ ကြၽန္ေတာ္ အေရွာင္ေကာင္းလို႔ မိုးႀကိဳးနဲ႔ လြဲခဲ့ရတာေတြလည္း ရွိတယ္။ ကံဆိုးသူ တစ္ေယာက္ေၾကာင့္ ကားကို မိုးႀကိဳး ထိမွန္ရင္ အားလုံး ေသေက် ပ်က္စီးၾကလိမ့္မယ္ ။ ဒီေတာ့ တစ္ခု စဥ္းစားၾကပါ။ ကံဆိုးသူကို ေဖာ္ထုတ္ရပါ လိမ့္မယ္ "

လူေတြက တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ ၾကည့္ကုန္ ၾကသည္ ။ ကားေမာင္းသူက..

" ဒီလို လုပ္ၾကရေအာင္ပါ ။ ကားေပၚက တစ္ေယာက္ခ်င္း ဆင္းသြားၿပီး ေရွ႕မွာ ရွိတဲ့ သစ္ပင္ႀကီးကို လက္နဲ႔ ထိၿပီး ဒီကို ျပန္လာခဲ့ၾကပါ ။ ကံဆိုးသူဟာ လမ္းမွာတင္ တရားစီရင္ျခင္း ခံလိုက္ရႏိုင္ ပါတယ္ ။ ကံဆိုးသူ ေပၚထြက္လာမွ ကြၽန္ေတာ္ ကားကို ဆက္ေမာင္း ပါ့မယ္ "

ကားေပၚမွ လူမ်ား တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး အဘိုးအို တစ္ဦးက အရင္ဆုံး ဆင္းသြားသည္။ သူက သစ္ပင္အထိ ေရာက္ေအာင္ သြားကာ သစ္ပင္ကို လက္ႏွင့္ ထိၿပီး ျပန္လာသည္ ။ ကားေပၚေရာက္မွ သူက သက္ျပင္းခ် လိုက္သည္ ။

တစ္ေယာက္ၿပီး တစ္ေယာက္ ဆင္းလိုက္ ၊ တက္လိုက္ သစ္ပင္ကို သြားကိုင္ၿပီး ျပန္တက္လာ ၾကသည္ ။ မိုးၿခိမ္း သံမ်ားကား မျပတ္ ၾကားေနရသည္ ။ လွ်ပ္စီးေတြကလည္း ေၾကာက္စရာ ေကာင္းေလာက္ေအာင္ တလက္လက္ ျဖစ္ေနသည္ ။

ေနာက္ဆုံး တစ္ဦးသာ က်န္ေတာ့သည္ ။ ကား၏ ေနာက္ဆုံးခုံတြင္ ထိုင္ေနေသာ အမ်ိဳးသမီးႀကီး ျဖစ္သည္ ။

" ကဲ … အေဒၚႀကီး ခင္ဗ်ား အလွည့္ပဲ ။ ကားေပၚက ဆင္းေတာ့ "

အဘြားအိုက အားလုံးကို ေတာင္းပန္သည့္ မ်က္လုံးျဖင့္ ၾကည့္ၿပီး

" ေက်းဇူးျပဳၿပီး မသြားပါရေစနဲ႔ ရွင္။ အားလုံး စုၿပီးေတာ့ ဆိုးအတူ ေကာင္းအမွ် ေဝခြဲခံၾက ရေအာင္ "

လူေတြက လက္မခံ။ အားလုံး အျပစ္မရွိသလို သူေတာ္ေကာင္းမ်ား ကဲ့သို႔ ယူဆၿပီး ကားေပၚမွ ဆင္းကာ သစ္ပင္ကို သြားကိုင္ရန္ ေတာင္းဆိုၾကသည္ ။

" အားလုံးဟာ အစမ္းသပ္ ခံၿပီးၿပီ ။ ခင္ဗ်ား တစ္ဦးတည္း က်န္ေတာ့တယ္။ သြားပါ။ သစ္ပင္ကို သြားကိုင္ၿပီး ျပန္လာပါ။ ကံတရားက အဆုံးအျဖတ္ ေပးပါလိမ့္မယ္ "

ေနာက္ဆုံး အဘြားအိုသည္ ကားေပၚမွ တုန္ခ်ိစြာ ဆင္းသြားသည္ ။ အားလုံးက စိတ္ဝင္စားစြာ ၾကည့္ေနၾကသည္ ။ အဘြားအိုသည္ သစ္ပင္ဆီ ေရာက္သြားသည္။ မိုးႀကိဳးက မပစ္ေသး။ အဘြားအိုက သစ္ပင္ကို လက္ႏွင့္ ကိုင္ၿပီး ျပန္လွည့္မည္ အျပဳတြင္ မိုးႀကိဳး ပစ္သံႀကီး ယခင္ကထက္ ပိုၿပီး က်ယ္ေလာင္စြာ ထြက္ေပၚလာသည္ ။

" ဝုန္း… ဝုန္း… ဝုန္း "

အဘြားအို ပါးစပ္ေလး အေဟာင္းသားျဖင့္ ေၾကာင္ၿပီး ၾကည့္ေနမိသည္ ။ မိုးႀကိဳးက တစ္လုံးၿပီး တစ္လုံး ကားကို ပစ္ခ်ေနျခင္း ျဖစ္သည္ ။ ကားတစ္စီးလုံး မီးေလာင္ ျပာက်သြားသည္ ။

crd

Post a Comment

0 Comments