ဘရာဇီးနိုင်ငံက ထူးဆန်းတဲ့ ကိုကာကိုလာအရောင် ရေကန်အကြောင်း (ရုပ်သံ)

ကိုကာကိုလာကန်ထဲမှာ ရေစိမ်ပြီး ချိူးဖို့အတွက် သင်စိတ်ကူးယဉ်ခဲ့ဖူးလား။ ခုချိန်မှာ သင့်အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့အတွက် အခွင့်အလမ်း ပေါ်လာပါပြီ။ ဘရာဇီးနိုင်ငံ၊ Rio Grande del Norte မှာရှိတဲ့ ကန်ကြီးဟာ ကိုကာကိုလာအရောင် အရည်မျိူး ဖြစ်နေပါတယ်။

Lagoa da Araraquara ရဲ့ ရေကိုကြည့်လိုက်ရင် ကိုကာကိုလာအရောင်နဲ့ တူပြီးတော့ Cola Lagoon လို့ လူသိများပါတယ်။ ရေအရောင်ဟာ ကိုကာကိုလာနဲ့ အလွန်ကို တူညီပေမယ့်လည်း ကိုကာကိုလာလိုတော့ အနံ့အရသာတွေ မရှိပါဘူး။

ရေကန်မှာရှိတဲ့ အိုင်အိုဒင်းနဲ့ သံဓာတ်တွေ ဓာတ်ပြုပြီးတော့ ဒီလိုအရောင် ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။ Natal ကနေ ကီလိုမီတာ၁၀၀အကွာ Rio Grande do Norte ရဲ့ တောင်ဘက် ကမ်းရိုးတန်းမှာ တည်ရှိပါတယ်။


Coca Cola Lagoon ဟာ ဘရာဇီးမှာတော့ အကျော်ကြားဆုံးနှင့် ကမ္ဘာလှည့် ခရီးသွားတွေကို အဆွဲဆောင်နိုင်ဆုံး နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ကလေးတွေကတော့ ဒီကန်ရဲ့ နာမည်ကိုကြားတာနဲ့ကို ပျော်ရွှင်နေကြပါတယ်။

နွေရာသီရောက်ရင် ကန်ရဲ့အရောင်ဟာ ပြောင်းလဲသွားပြီးတော့ နွေးလာပါတယ်။ ဒီလို နွေးလာတဲ့အချိန်မှာ မိသားစုတွေဟာ ရေလာစိမ်ကြပြီးတော့ အပန်းဖြေ တတ်ကြပါတယ်။ ဒီလို ကိုကာကိုလာအရောင်နဲ့ ရေကို ချိုးရင် ကျန်းမာရေးအတွက် ကောင်းကျိူးရှိတယ်လို့ ယုံကြည်ထားကြပါတယ်။

ဒါကြောင့် Rio Grande do Norteရဲ့ Baia Formosa ဒေသကို ရောက်ရင် ဒီကန်ကို သွားလည်ဖို့အတွက် အကြံပေးချင်ပါတယ်။

ရုပ်သံ ၁

ရုပ်သံ ၂

Zombie (Lovemedia)

Post a Comment

0 Comments