နှာနုကို ဖြတ်ရိုက်နည်း

ဂျပန် သူရဲကောင်းခေတ်က ရှိုဂန်း ဓားသမားကြီး တယောက် ရှိတယ် ။ အသိုင်းအဝိုင်း အဖွဲ့အစည်း အင်အားကလည်း ကြီးမားတယ် ။ ဓားရေးကလည်း ထက် ၊ သတ္တိကလည်း ရှိတော့ နာမည်ကျော်ပေါ့ ။ သူလိုလူ ဒီနယ်မှာ မရှိဘူးလို့ ဆိုရလောက် အောင်ပဲ ။ ယူထားတဲ့ ရာထူးကလည်း မြို့စားကြီးတဲ့ ။

တောနယ်အစွန်အဖျားက တက်လာတဲ့ ဓားသမား တယောက်က ပြိုင်ပွဲကို လာပြိုင်တယ် ။ နှစ်စဉ် ပြိုင်ပွဲကလည်း ကြီးကျယ်ခမ်းနားစွာ ကျင်းပတာကိုး ။ ဒါပေမဲ့ မြို့စားကြီးကို ယှဉ်နိုင်တဲ့တဲ့သူ ကတော့ ဒီနယ်မှာ မရှိသေးဘူး ။ ထူးခြားတာ တစ်ခုကတော့ တောသားက မြို့စားကြီးကို စိန်ခေါ်နေ တာပဲ ။

" မင်းလို တောသားလောက်ကတော့ လက်ရည် မမီလောက်ပါဘူး ။ မသေချင်စမ်းပါနဲ့ကွာ ”

" ပြိုင်ပွဲ ဆိုတာ ပွဲပြီးချိန်ကို အဆုံးအဖြတ် ပေးရတာ ။ နှုတ်တိုက်ပွဲမှ မဟုတ်တာ "

" ဒါဆို မင်း ဘယ်လို တိုက်ချင်သလဲ "

" ခင်ဗျား ကြိုက်သလို တိုက်မယ် "

" မြင်းနဲ့ ဓားရေးယှဉ်မယ် ဆိုရင်ရော "

" ရတယ်လေ "

ဒါကတော့ မြို့စားနဲ့ တောသား ဓားရေးအတွက် စကားပြောနေတာ ။ တောသားက ပြောသာ ပြောတာ ဓားလည်း ပါမလာဘူး ။ မြင်းလည်း မပါလာဘူး ။ ဒါကြောင့် ကြိုက်တဲ့ ဓားနဲ့ ၊ ကြိုက်တဲ့ မြင်းကို ရွေးခိုင်းတယ် ။

မြို့စားက သူ့ရဲ့ အကောင်းဆုံး ဓားနဲ့ အကောင်းဆုံးမြင်းကို ထုတ်လာတယ် ။ တောသားကတော့..

" မြင်းကောင်း တစ်စီးပဲ လိုချင်ပါတယ် ၊ ဓားကတော့ သစ်သားဓားပဲ ပေးပါ "

အားလုံး အံ့အားသင့် သွားကြတယ် ။ နာမည်ကျော် ဓားသမားကြီးကို သစ်သားဓားနဲ့ တိုက်မယ် ဆိုတာ တဘက် မြို့စားကြီးရဲ့ စိတ်ဓာတ်ကို ရိုက်ချိုးလိုက်သလို လည်း ဖြစ်သွားတယ် ။

" ငါ့လို သူရဲကောင်းကို သစ်သားဓားနဲ့ တိုက်မယ် တဲ့လား "

" ဘယ်လို တိုက်တိုက်ပါ မြင်းပေါ်က ကျတဲ့သူ အရှုံးပါ ။ ဇက်ပြတ်ပြီး ရှုံမလား ၊ လက်ပြတ်ပြီး ရှုံးမလား တစ်ခုခု တော့ ရွေးကြရမှာပါ "

မျှော်လင့်နေကြတဲ့ တိုက်ပွဲနေ့ ရောက်လာပြီ ။ ကွင်းပြင် အစွန်း နှစ်ဘက်မှာ မြင်းနှစ်စီးနဲ့ သူရဲကောင်း နှစ်ယောက် နေရာယူလိုက်တယ် ။ အချက်ပြခရာ မှုတ်လိုက်တော့ မြင်းတွေကို အပြင်း စီးနင်းလာ ကြတယ် ။ သူရဲကောင်းမြို့စားကြီးရဲ့ ဓားက နေရောင်ထဲမှာ လက်လက် ထနေတယ် ။ တောသားရဲ့ ဓားက သစ်သားဓား ဆိုတော့ လူတွေက ရယ်ကြတယ် ။

မြင်းနှစ်ကောင် နီးသည်ထက် နီးလာတယ် ။ သူရဲကောင်းမြို့စားကြီးက သူ့ ဆာမူရိုင်း ဓားကြီးကို ဝင့်လိုက်တယ် ။ သစ်သားဓားကို ကိုင်လာတဲ့ တောသားက နှာတစ်ဖြား စွန်းထွက်လာတဲ့ သူရဲကောင်းရဲ့ မြင်းနှာသီးကို သစ်သားဓားနဲ့ ရိုက်ထည့်ပစ် လိုက်တယ် ။ မထင်မှတ်ထားတဲ့ တိုက်ကွက်ကြောင့် မွှန်ထွန်ပြီးမြင်းက တုံ့ခနဲ ရပ်လိုက်တာ မြို့စားကြီးလည်း မြင်းပေါ်ကနေ လွင့်ကျ သွားတော့တယ် ။

တိုက်ပွဲမှာ တခါတလေ လူတွေကိုပဲ အာရုံစိုက် မနေသင့်ဘူး ။ အဲဒီလူတွေကို ကြိုးကိုင်ထားတဲ့ ကောင်တွေကို နှာသီး ဖြတ်ရိုက်လိုက်တာ ဟာလည်း အဓိကကျတဲ့ လူတွေကို ကျဆုံးစေတဲ့ အချက် ဆိုတာ တောသားက ကောင်းကောင်းကြီး ပညာပြသွားတယ် ။

ဘာဖြစ်ဖြစ် ၊ ဘာလောက်ထက်တဲ့ ဓားပဲကိုင်ကိုင် ၊ ဘယ်လောက်ကောင်းတဲ့ မြင်းစီးစီး နှာနုကို ဖြတ်ရိုက်နိုင်အောင် ကြိုးစားကြည့်တာ ကလည်း ဂျပန် ရှိုဂန်းခေတ်ရဲ့ ဗျူဟာတစ်ခု ဆိုတာ ကောင်းစွာ မှတ်သားလိုက်ရ ပါတယ်။

(The Folk Sword Man)

တင်ညွန့်

for zawgyi

ႏွာႏုကို ျဖတ္႐ိုက္နည္း

ဂ်ပန္ သူရဲေကာင္းေခတ္က ရႈိဂန္း ဓားသမားႀကီး တေယာက္ ရွိတယ္ ။ အသိုင္းအဝိုင္း အဖြဲ႕အစည္း အင္အားကလည္း ႀကီးမားတယ္ ။ ဓားေရးကလည္း ထက္ ၊ သတၱိကလည္း ရွိေတာ့ နာမည္ေက်ာ္ေပါ့ ။ သူလိုလူ ဒီနယ္မွာ မရွိဘူးလို႔ ဆိုရေလာက္ ေအာင္ပဲ ။ ယူထားတဲ့ ရာထူးကလည္း ၿမိဳ႕စားႀကီးတဲ့ ။

ေတာနယ္အစြန္အဖ်ားက တက္လာတဲ့ ဓားသမား တေယာက္က ၿပိဳင္ပြဲကို လာၿပိဳင္တယ္ ။ ႏွစ္စဥ္ ၿပိဳင္ပြဲကလည္း ႀကီးက်ယ္ခမ္းနားစြာ က်င္းပတာကိုး ။ ဒါေပမဲ့ ၿမိဳ႕စားႀကီးကို ယွဥ္ႏိုင္တဲ့တဲ့သူ ကေတာ့ ဒီနယ္မွာ မရွိေသးဘူး ။ ထူးျခားတာ တစ္ခုကေတာ့ ေတာသားက ၿမိဳ႕စားႀကီးကို စိန္ေခၚေန တာပဲ ။

" မင္းလို ေတာသားေလာက္ကေတာ့ လက္ရည္ မမီေလာက္ပါဘူး ။ မေသခ်င္စမ္းပါနဲ႔ကြာ ”

" ၿပိဳင္ပြဲ ဆိုတာ ပြဲၿပီးခ်ိန္ကို အဆုံးအျဖတ္ ေပးရတာ ။ ႏႈတ္တိုက္ပြဲမွ မဟုတ္တာ "

" ဒါဆို မင္း ဘယ္လို တိုက္ခ်င္သလဲ "

" ခင္ဗ်ား ႀကိဳက္သလို တိုက္မယ္ "

" ျမင္းနဲ႔ ဓားေရးယွဥ္မယ္ ဆိုရင္ေရာ "

" ရတယ္ေလ "

ဒါကေတာ့ ၿမိဳ႕စားနဲ႔ ေတာသား ဓားေရးအတြက္ စကားေျပာေနတာ ။ ေတာသားက ေျပာသာ ေျပာတာ ဓားလည္း ပါမလာဘူး ။ ျမင္းလည္း မပါလာဘူး ။ ဒါေၾကာင့္ ႀကိဳက္တဲ့ ဓားနဲ႔ ၊ ႀကိဳက္တဲ့ ျမင္းကို ေ႐ြးခိုင္းတယ္ ။

ၿမိဳ႕စားက သူ႔ရဲ႕ အေကာင္းဆုံး ဓားနဲ႔ အေကာင္းဆုံးျမင္းကို ထုတ္လာတယ္ ။ ေတာသားကေတာ့..

" ျမင္းေကာင္း တစ္စီးပဲ လိုခ်င္ပါတယ္ ၊ ဓားကေတာ့ သစ္သားဓားပဲ ေပးပါ "

အားလုံး အံ့အားသင့္ သြားၾကတယ္ ။ နာမည္ေက်ာ္ ဓားသမားႀကီးကို သစ္သားဓားနဲ႔ တိုက္မယ္ ဆိုတာ တဘက္ ၿမိဳ႕စားႀကီးရဲ႕ စိတ္ဓာတ္ကို ႐ိုက္ခ်ိဳးလိုက္သလို လည္း ျဖစ္သြားတယ္ ။

" ငါ့လို သူရဲေကာင္းကို သစ္သားဓားနဲ႔ တိုက္မယ္ တဲ့လား "

" ဘယ္လို တိုက္တိုက္ပါ ျမင္းေပၚက က်တဲ့သူ အရႈံးပါ ။ ဇက္ျပတ္ၿပီး ရႈံမလား ၊ လက္ျပတ္ၿပီး ရႈံးမလား တစ္ခုခု ေတာ့ ေ႐ြးၾကရမွာပါ "

ေမွ်ာ္လင့္ေနၾကတဲ့ တိုက္ပြဲေန႔ ေရာက္လာၿပီ ။ ကြင္းျပင္ အစြန္း ႏွစ္ဘက္မွာ ျမင္းႏွစ္စီးနဲ႔ သူရဲေကာင္း ႏွစ္ေယာက္ ေနရာယူလိုက္တယ္ ။ အခ်က္ျပခရာ မႈတ္လိုက္ေတာ့ ျမင္းေတြကို အျပင္း စီးနင္းလာ ၾကတယ္ ။ သူရဲေကာင္းျမိဳ႔စားႀကီးရဲ႕ ဓားက ေနေရာင္ထဲမွာ လက္လက္ ထေနတယ္ ။ ေတာသားရဲ႕ ဓားက သစ္သားဓား ဆိုေတာ့ လူေတြက ရယ္ၾကတယ္ ။

ျမင္းႏွစ္ေကာင္ နီးသည္ထက္ နီးလာတယ္ ။ သူရဲေကာင္းျမိဳ႔စားႀကီးက သူ႔ ဆာမူ႐ိုင္း ဓားႀကီးကို ဝင့္လိုက္တယ္ ။ သစ္သားဓားကို ကိုင္လာတဲ့ ေတာသားက ႏွာတစ္ျဖား စြန္းထြက္လာတဲ့ သူရဲေကာင္းရဲ႕ ျမင္းႏွာသီးကို သစ္သားဓားနဲ႔ ႐ိုက္ထည့္ပစ္ လိုက္တယ္ ။ မထင္မွတ္ထားတဲ့ တိုက္ကြက္ေၾကာင့္ မႊန္ထြန္ၿပီးျမင္းက တုံ႔ခနဲ ရပ္လိုက္တာ ၿမိဳ႔စားႀကီးလည္း ျမင္းေပၚကေန လြင့္က် သြားေတာ့တယ္ ။

တိုက္ပြဲမွာ တခါတေလ လူေတြကိုပဲ အာ႐ုံစိုက္ မေနသင့္ဘူး ။ အဲဒီလူေတြကို ႀကိဳးကိုင္ထားတဲ့ ေကာင္ေတြကို ႏွာသီး ျဖတ္႐ိုက္လိုက္တာ ဟာလည္း အဓိကက်တဲ့ လူေတြကို က်ဆုံးေစတဲ့ အခ်က္ ဆိုတာ ေတာသားက ေကာင္းေကာင္းႀကီး ပညာျပသြားတယ္ ။

ဘာျဖစ္ျဖစ္ ၊ ဘာေလာက္ထက္တဲ့ ဓားပဲကိုင္ကိုင္ ၊ ဘယ္ေလာက္ေကာင္းတဲ့ ျမင္းစီးစီး ႏွာႏုကို ျဖတ္႐ိုက္ႏိုင္ေအာင္ ႀကိဳးစားၾကည့္တာ ကလည္း ဂ်ပန္ ရႈိဂန္းေခတ္ရဲ႕ ဗ်ဴဟာတစ္ခု ဆိုတာ ေကာင္းစြာ မွတ္သားလိုက္ရ ပါတယ္။

(The Folk Sword Man)

တင္ၫြန႔္

Post a Comment

0 Comments