တပတ်မှာ အလုပ်လုပ်ရက် (၄) ရက်ပဲ ထားဖို့ ကြိုးစားနေတဲ့ ဂျပန်နိုင်ငံ

သင်ဟာ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေကို မြန်မြန် ရောက်ချင်သူ ဆိုရင် သတင်းကောင်း ရှိပါတယ်။ ဂျပန်နိုင်ငံမှာ ဝန်ထမ်းတိုင်းရဲ့အိပ်မက်တွေ တကယ်ဖြစ်လာဖို့ နီးစပ်လာ ပါပြီ။ ဂျပန်နိုင်ငံက company အချို့မှာ ဝန်ထမ်းတွေက စနေ၊ တနင်္ဂနွေအပြင် အပိုပိတ်ရက် တစ်ရက် ရပါတယ်။ တပတ်မှာ လေးရက်ပဲ အလုပ် လုပ်ရမှာပါ။ လစာ ကတော့ ပုံမှန်ပေးနေကျ အတိုင်းပါပဲ။

ဂျပန်နိုင်ငံက company တွေက အလုပ်ချိန် များပြီး စည်းကမ်းလည်း ကြီးပါတယ်။ ဒါပေမယ့် တချို့ company တွေက တစ်ပတ်ကို အလုပ်လုပ်ရက် လေးရက် သတ်မှတ်ပြီး သုံးရက် အနားပေးကြ ပါတယ်။ တရက်ကို 10 နာရီကြာ အလုပ် လုပ်ဖို့တော့ လိုပါတယ်။

ဒီလို ပြောင်းလဲမှုက ဝန်ထမ်းတွေ အတွက် ပိုပြီး ကောင်းပါတယ် ။ ဝန်ထမ်းတွေက အားလပ်ရက် တစ်ရက်ပိုရပါတယ်။ ပျော်ရွှင်တဲ့ ဝန်ထမ်းတွေက အလုပ်ကို ပိုပြီး စိတ်ပါလက်ပါ လုပ်နိုင်ကြပါတယ်။ အားလပ်ရက် တစ်ရက် ပိုရတာကြောင့် မိသားစုကို ပိုပြီး အချိန်ပေးနိုင် ပါတယ်။

တကမ္ဘာလုံးမှာ ဂျပန်နိုင်ငံက သက်ကြီးရွယ်အို လူဦးရေ အများဆုံး နိုင်ငံ ဖြစ်ပါတယ်။ တပတ်ကို လေးရက်ပဲ အလုပ် လုပ်ရတာကြောင့် အဘိုးအဘွားတွေကို ပိုပြီး ပြုစုလာနိုင် ပါတယ်။ ဒီနည်းလမ်းက ပျော်စရာကြီး ဆိုပေမယ့် အားနည်းချက်တော့ ရှိပါတယ်။

ဝန်ထမ်းတွေက တစ်နေ့ကို အလုပ်လုပ်ချိန် 10 နာရီ ဖြစ်သွားတာကြောင့် အိမ်မှုကိစ္စတွေ၊ လူမှုရေးကိစ္စတွေ၊ အနားယူဖို့တွေ အတွက် အချိန် နည်းသွားပါတယ်။ ဂျပန်နိုင်ငံမှာ တစ်ပတ်ကို အလုပ်လုပ်ရက် လေးရက် ထားရှိဖို့ဟာ company တိုင်းနဲ့တော့ အလှမ်းဝေးနေ ပါသေးတယ်။

ဒါပေမယ့် စားသုံးသူဝန်ဆောင်မှု၊ ဆေးပညာရပ်နဲ့ ပတ်သက်တဲ့ အလုပ်တွေ မှာတော့ ဒီလိုအလုပ်ချိန် ပြောင်းလဲမှုက အလိုအပ်ဆုံးပါပဲ။ အဲဒီအခါ ဝန်ထမ်းတွေ အားပြည့်ပြီး အလုပ် ကိုလည်း ပိုပြီး စိတ်ပါလက်ပါလုပ်လာနိုင်တော့ မှာပါ။

Zombie (Lovemedia)

for zawgyi

တပတ္မွာ အလုပ္လုပ္ရက္ (၄) ရက္ပဲ ထားဖို႔ ႀကိဳးစားေနတဲ့ ဂ်ပန္ႏိုင္ငံ

သင္ဟာ စေန၊ တနဂၤေႏြ အားလပ္ရက္ေတြကို ျမန္ျမန္ ေရာက္ခ်င္သူ ဆိုရင္ သတင္းေကာင္း ရွိပါတယ္။ ဂ်ပန္ႏိုင္ငံမွာ ဝန္ထမ္းတိုင္းရဲ႕အိပ္မက္ေတြ တကယ္ျဖစ္လာဖို႔ နီးစပ္လာ ပါၿပီ။ ဂ်ပန္ႏိုင္ငံက company အခ်ိဳ႕မွာ ဝန္ထမ္းေတြက စေန၊ တနဂၤေႏြအျပင္ အပိုပိတ္ရက္ တစ္ရက္ ရပါတယ္။ တပတ္မွာ ေလးရက္ပဲ အလုပ္ လုပ္ရမွာပါ။ လစာ ကေတာ့ ပုံမွန္ေပးေနက် အတိုင္းပါပဲ။

ဂ်ပန္ႏိုင္ငံက company ေတြက အလုပ္ခ်ိန္ မ်ားၿပီး စည္းကမ္းလည္း ႀကီးပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ company ေတြက တစ္ပတ္ကို အလုပ္လုပ္ရက္ ေလးရက္ သတ္မွတ္ၿပီး သုံးရက္ အနားေပးၾက ပါတယ္။ တရက္ကို 10 နာရီၾကာ အလုပ္ လုပ္ဖို႔ေတာ့ လိုပါတယ္။

ဒီလို ေျပာင္းလဲမႈက ဝန္ထမ္းေတြ အတြက္ ပိုၿပီးေကာင္းပါတယ္ ။ ဝန္ထမ္းေတြက အားလပ္ရက္ တစ္ရက္ပိုရပါတယ္။ ေပ်ာ္႐ႊင္တဲ့ ဝန္ထမ္းေတြက အလုပ္ကို ပိုၿပီး စိတ္ပါလက္ပါ လုပ္ႏိုင္ၾကပါတယ္။ အားလပ္ရက္ တစ္ရက္ ပိုရတာေၾကာင့္ မိသားစုကို ပိုၿပီး အခ်ိန္ေပးႏိုင္ ပါတယ္။

တကမာၻလုံးမွာ ဂ်ပန္ႏိုင္ငံက သက္ႀကီး႐ြယ္အို လူဦးေရ အမ်ားဆုံး ႏိုင္ငံ ျဖစ္ပါတယ္။ တပတ္ကို ေလးရက္ပဲ အလုပ္ လုပ္ရတာေၾကာင့္ အဘိုးအဘြားေတြကို ပိုၿပီး ျပဳစုလာႏိုင္ ပါတယ္။ ဒီနည္းလမ္းက ေပ်ာ္စရာႀကီး ဆိုေပမယ့္ အားနည္းခ်က္ေတာ့ ရွိပါတယ္။

ဝန္ထမ္းေတြက တစ္ေန႔ကို အလုပ္လုပ္ခ်ိန္ 10 နာရီ ျဖစ္သြားတာေၾကာင့္ အိမ္မႈကိစၥေတြ၊ လူမႈေရးကိစၥေတြ၊ အနားယူဖို႔ေတြ အတြက္ အခ်ိန္ နည္းသြားပါတယ္။ ဂ်ပန္ႏိုင္ငံမွာ တစ္ပတ္ကို အလုပ္လုပ္ရက္ ေလးရက္ ထားရွိဖို႔ဟာ company တိုင္းနဲ႔ေတာ့ အလွမ္းေဝးေန ပါေသးတယ္။

ဒါေပမယ့္ စားသုံးသူဝန္ေဆာင္မႈ၊ ေဆးပညာရပ္နဲ႔ ပတ္သက္တဲ့ အလုပ္ေတြ မွာေတာ့ ဒီလိုအလုပ္ခ်ိန္ ေျပာင္းလဲမႈက အလိုအပ္ဆုံးပါပဲ။ အဲဒီအခါ ဝန္ထမ္းေတြ အားျပည့္ၿပီး အလုပ္ ကိုလည္း ပိုၿပီး စိတ္ပါလက္ပါလုပ္လာႏိုင္ေတာ့ မွာပါ။

Zombie (Lovemedia)

Post a Comment

0 Comments