သင်မသိသေးတဲ့ အိန္ဒိယမှ တခြားဂြိုဟ်တစ်ခုအလား ထူးဆန်းအံ့သြဖွယ်ရာများ

ကမ္ဘာပေါ်က လူဦးရေ အများဆုံး 6 နိုင်ငံထဲ တစ်နိုင်ငံ ဖြစ်တဲ့၊ ဘာသာစကားပေါက်စ 1600 ကျော် ရှိတဲ့ အိန္ဒိယနိုင်ငံဟာ သာမန် နိုင်ငံတော့ မဟုတ်ပါဘူး။ မြေပြင် အနေအထား၊ အဝတ် အစား၊ ရာသီဥတုတွေက တခြားနိုင်ငံတွေနဲ့ မတူဘဲ ကွဲပြားနေ ပါတယ် ။

1. ကမ္ဘာပေါ်မှာ ရာသီဥတု လေးမျိုး ရှိပေမယ့် အိန္ဒိယမှာ ရာသီဥတု ခြောက်မျိုး ရှိပါတယ်။

၁။ နွေဦး - ဖေဖော်ဝါရီလလယ်မှ ဧပရယ် လလယ် အထိ

၂။ နွေရာသီ - ဧပရယ်လလယ်မှ ဇွန်လလယ် အထိ

၃။ မုတ်သုံရာသီ - ဇွန်လလယ်မှ ဩဂုတ်လလယ်အထိ

၄။ ဆောင်းဦးရာသီ - ဩဂုတ်လလယ်မှ အောက်တိုဘာလလယ်အထိ

၅။ ဆောင်းကြိုရာသီ - အောက်တိုဘာလလယ်မှ ဒီဇင်ဘာလလယ်အထိ

၆။ ဆောင်းရာသီ - ဒီဇင်ဘာလလယ်မှ ဖေဖော်ဝါရီလလယ်အထိ

2. ကမ္ဘာပေါ်မှာ ဘာသာစကားပေါင်း 8000 ခန့် ရှိပြီး အိန္ဒိယ တစ်နိုင်ငံတည်း မှာတင် ဘာသာစကားပေါင်း 1600 ရှိပါတယ်။

ဘာသာစကား 122 မျိုးကို အဓိက ပြောဆိုကြပါတယ်။ 122 မျိုးထဲက 30 ကို လူအများဆုံး အသုံးပြုပါတယ်။ ဒါပေမယ့် အိန္ဒိကက ကမ္ဘာပေါ်မှာ အင်္ဂလိပ်ဘာသာ စကားကို အပြောများဆုံး နိုင်ငံဖြစ်ပါတယ်။

3. အိန္ဒိမှာ ပလက်စတစ်တွေကို ကျူရှင်လခအနေနဲ့ ပေးလို့ရတဲ့ ကျောင်းတစ်ကျောင်း ရှိပါတယ်။

ဒီကျောင်းလေးက ပလက်စတစ်တွေကို ကျူရှင်လခ အနေနဲ့ပေးလိုရတဲ့အခါ ကလေးတွေအတွက် အဆင်ပြေပြီး ပလက်စတစ်တွေကို သန့်ရှင်းပြီးသားလည်း ဖြစ်သွားပါတယ်။

4. အိန္ဒိယမှာ ဟွန်းတီးလို့ ရပါတယ်။ အိန္ဒိယက ထရပ်ကားတွေမှာ ကျေးဇူးပြုပြီး ဟွန်းတီးပါလို့ ရေးထားတတ် ပါတယ်။ လမ်းမပေါ်မှာ ကားတစ်စီးကို ကျော်တက်မယ် ဆိုရင် ဟွန်းတီးရပါတယ်။ အိန္ဒိယ ရောက်ရင်တော့ ဟွန်းသံကို အမြဲကြားရမှာပါ။

5. တစ်ကမ္ဘာလုံးမှာ သစ်ပင်တွေ နည်းပါးလာချိန်မှာ အိန္ဒိယမှာတော့ သစ်ပင်တွေ တိုးသထက် တိုးလာပါတယ်။

NASA ရဲ့ထုတ်ပြန်ချက် အရ နှစ်ပေါင်း 20 အတွင်းမှာ တစ်ကမ္ဘာလုံး သစ်တောပြုန်းတီးလာပေမယ့် အိန္ဒိမှာတော့ သစ်ပင်တွေ ပိုများလာ ပါတယ်။ 2017 ခုနှစ်တုန်းက အိန္ဒိယမှာ 12 နာရီအတွင်း ပျိုးပင်ပေါင်း 66 သန်းကို စိုက်ပျိုးပြီး ကမ္ဘာ့စံချိန် တင်ခဲ့ပါတယ်။

6. အမျိုးသား အချင်းချင်း ဖက်ပြီး လက်ကိုင်လေ့ ရှိကြပါတယ်။

အမျိုးသားတွေက ပထမဆုံးတွေတဲ့ အခါ တစ်ယောက်ကို တစ်ယောက် ဖက်ပြီး နှုတ်ဆက်ကြပါတယ်။ ပြီးတော့ စကားပြောရင်လည်း တစ်ယောက်လက်ကို တစ်ယောက် ကိုင်ပြီး ပြောကြပါတယ်။

7. အိန္ဒိယမှာ နေ့စဉ် ရထားနဲ့ခရီးသွားသူဟာ ဩစတြီးယားနိုင်ငံ လူဦးရေနဲ့ ညီမျှပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ လူဦးရေအထူဆုံး နိုင်ငံဖြစ်ပါတယ်။ နေ့စဉ်ရထားနဲ့ခရီးသွားသူတွေဟာ မနည်းလှပါဘူး။

8. အိန္ဒိယရောက်ရင် ငွေကြေးနဲ့ပတ်သက်ပြီး စိတ်ပူစရာမလိုပါဘူး။

အရာရာဟာ ဈေးသက်သာပါတယ်။ အိန္ဒိယမှာ စားစရာတွေက ဈေးသက်သာသလို ဟော်တယ်မှာတစ်ညတည်းရင် 15 ဒေါ်လာထက်တောင် နည်းပါသေးတယ်။

9. သက်သက်လွတ် အစားအစာတွေကို မက်ဒေါနယ်မှာ ရနိုင်ပါတယ်။

McAloo Tikki ဆိုတလည်း ရှိပါသေးတယ်။ ကမ္ဘာပေါ်မှာ အိန္ဒိယနိုင်ငံဟာ အသားစားမှု အနည်းဆုံး နိုင်ငံဖြစ်ပါတယ်။ လူဦးရေရဲ့ 80 ရာခိုင်နှုန်းဟာ ဟိန္ဒူဘာသာကို ကိုးကွယ်လို့ပါ။

10. အိန္ဒိယမှာ ခြေဟန်လက်ဟန် အမူအရာတွေကို အဓိပ္ပါယ် ကောက်မှူက ထူးခြားပါတယ်။ ခေါင်းငြိမ့်ပြရင် လက်ခံတယ်၊ ဟုတ်တယ်၊ သဘောတူတယ်လို့ တစ်ကမ္ဘာလုံးက လက်ခံထားကြ ပါတယ်။ အိန္ဒိယမှာ ခေါင်းငြိမ့်ပြတာက ငြင်းဆိုတဲ့ သဘောပါပဲ။

11. အိန္ဒိယမှာ ကရက်ကစ် ကစားနည်းကို ဘာဘာရေး တစ်ခုလိုပဲ အလေးထားကြ ပါတယ်။

ကရက်ကစ် ကစားနည်းကို အရူးအမူး ဝါသနာပါကြ ပါတယ်။ အိန္ဒိယ ရောက်ရင် ကရက်ကစ် ကစားကြည့်ဖို့ မမေ့ပါနဲ့နော်။

12. အိန္ဒိယက အိမ်သာတွေမှာ အိမ်သာသုံး စက္ကူတွေကို တွေ့ရမှာ မဟုတ်ပါဘူး။

အိန္ဒိယမှာ အိမ်သာသုံးစက္ကူကို မသုံးကြပါဘူး။ ရေကိုပဲ သုံးကြပါတယ်။

13. ဘဏ်ရဲ့ရှေ့တံခါးကို သော့မခတ်တဲ့ မြို့တစ်မြို့ ရှိပါတယ်။

Shani Shingnapur မြို့မှာ နေထိုင်သူတွေက အိမ်တံခါးတွေကို သော့မခတ်ကြ ပါဘူး။ဘုရားသခင်က စောင့်ရှောက် ကာကွယ်တယ်လို့ ယုံကြည်လို့ပါ။ အဲဒီမြို့ရဲ့ ပထမဆုံးဘဏ်ကို 2011 ခုနှစ်မှာ ဖွင့်လှစ်ခဲ့ပြီး ဘဏ်တံခါးကိုလည်း သော့မခတ် ပါဘူး။

14. ကျားထိုးနည်းနဲ့ လှေကားထစ် ကစားနည်းကို အိန္ဒိယနိုင်ငံက စတင်ခဲ့ ပါတယ်။

ကျားထိုးနည်းက AD 6 ရာစုကတည်းက အိန္ဒိယမှာ ရှိခဲ့တာပါ။

15. အိန္ဒိယဟာ ပွဲတော်တွေ ပြည့်နေတဲ့ နိုင်ငံပါ။

အိန္ဒိယလူမျိုးတွေက ဘာသာတရား ကိုင်းရှိုင်းတာကြောင့် ဘာသာရေး ပွဲတော်တွေကလည်း တစ်နှစ်ပတ်လုံးပါပဲ။ Holi ပွဲတော်က နွေရာသီမှာ ပြုလုပ်ပြီး အရောင်ပါတဲ့ရေ၊ အရောင်စုံမှုန့်တွေနဲ့ တစ်ယောက်ကိုတစ်ယောက် ပက်ကြပါတယ်။

16. အိန္ဒိယဟာ မိန်းမချောတွေ စုဝေးနေတဲ့ နိုင်ငံပါ။

ဘောလိဝုဒ် ရုပ်ရှင်မင်းသမီးတွေကို ကြည့်ခြင်းဖြင့် အိန္ဒိယအမျိုးသမီးတွေ ဘယ်လောက်လှလဲ ဆိုတာ သိနိုင်မှာပါ။ မယ်ကမ္ဘာပြိုင်ပွဲမှာ အိန္ဒိယက ဆု 6ခါရဖူးပါတယ်။

Zombie (Lovemedia)

for zawgyi

သင္မသိေသးတဲ့ အိႏၵိယမွ တျခားၿဂိဳဟ္တစ္ခုအလား ထူးဆန္းအံ့ၾသဖြယ္ရာမ်ား

ကမာၻေပၚက လူဦးေရ အမ်ားဆုံး 6 ႏိုင္ငံထဲ တစ္ႏိုင္ငံ ျဖစ္တဲ့၊ ဘာသာစကားေပါက္စ 1600 ေက်ာ္ ရွိတဲ့ အိႏၵိယႏိုင္ငံဟာ သာမန္ ႏိုင္ငံေတာ့ မဟုတ္ပါဘူး။ ေျမျပင္ အေနအထား၊ အဝတ္ အစား၊ ရာသီဥတုေတြက တျခားႏိုင္ငံေတြနဲ႔ မတူဘဲ ကြဲျပားေန ပါတယ္ ။

1. ကမာၻေပၚမွာ ရာသီဥတု ေလးမ်ိဳး ရွိေပမယ့္ အိႏၵိယမွာ ရာသီဥတု ေျခာက္မ်ိဳး ရွိပါတယ္။

၁။ ေႏြဦး - ေဖေဖာ္ဝါရီလလယ္မွ ဧပရယ္ လလယ္ အထိ

၂။ ေႏြရာသီ - ဧပရယ္လလယ္မွ ဇြန္လလယ္အထိ

၃။ မုတ္သုံရာသီ - ဇြန္လလယ္မွ ဩဂုတ္လလယ္အထိ

၄။ ေဆာင္းဦးရာသီ - ဩဂုတ္လလယ္မွ ေအာက္တိုဘာလလယ္အထိ

၅။ ေဆာင္းႀကိဳရာသီ - ေအာက္တိုဘာလလယ္မွ ဒီဇင္ဘာလလယ္အထိ

၆။ ေဆာင္းရာသီ - ဒီဇင္ဘာလလယ္မွ ေဖေဖာ္ဝါရီလလယ္အထိ

2.ကမာၻေပၚမွာ ဘာသာစကားေပါင္း 8000 ခန႔္ ရွိၿပီး အိႏၵိယ တစ္ႏိုင္ငံတည္း မွာတင္ ဘာသာစကားေပါင္း 1600 ရွိပါတယ္။ ဘာသာစကား 122 မ်ိဳးကို အဓိက ေျပာဆိုၾကပါတယ္။ 122 မ်ိဳးထဲက 30 ကို လူအမ်ားဆုံး အသုံးျပဳပါတယ္။ ဒါေပမယ့္ အိႏၵိကက ကမာၻေပၚမွာ အဂၤလိပ္ဘာသာ စကားကို အေျပာမ်ားဆုံး ႏိုင္ငံျဖစ္ပါတယ္။

3. အိႏၵိမွာ ပလက္စတစ္ေတြကို က်ဴရွင္လခအေနနဲ႔ ေပးလို႔ရတဲ့ ေက်ာင္းတစ္ေက်ာင္း ရွိပါတယ္။

ဒီေက်ာင္းေလးက ပလက္စတစ္ေတြကို က်ဴရွင္လခ အေနနဲ႔ေပးလိုရတဲ့အခါ ကေလးေတြအတြက္ အဆင္ေျပၿပီး ပလက္စတစ္ေတြကို သန႔္ရွင္းၿပီးသားလည္း ျဖစ္သြားပါတယ္။

4. အိႏၵိယမွာ ဟြန္းတီးလို႔ ရပါတယ္။ အိႏၵိယက ထရပ္ကားေတြမွာ ေက်းဇူးျပဳၿပီး ဟြန္းတီးပါလို႔ ေရးထားတတ္ ပါတယ္။ လမ္းမေပၚမွာ ကားတစ္စီးကို ေက်ာ္တက္မယ္ ဆိုရင္ ဟြန္းတီးရပါတယ္။ အိႏၵိယ ေရာက္ရင္ေတာ့ ဟြန္းသံကို အၿမဲၾကားရမွာပါ။

5. တစ္ကမာၻလုံးမွာ သစ္ပင္ေတြ နည္းပါးလာခ်ိန္မွာ အိႏၵိယမွာေတာ့ သစ္ပင္ေတြ တိုးသထက္ တိုးလာပါတယ္။ NASA ရဲ႕ထုတ္ျပန္ခ်က္ အရ ႏွစ္ေပါင္း 20 အတြင္းမွာ တစ္ကမာၻလုံး သစ္ေတာျပဳန္းတီးလာေပမယ့္ အိႏၵိမွာေတာ့ သစ္ပင္ေတြ ပိုမ်ားလာ ပါတယ္။ 2017 ခုႏွစ္တုန္းက အိႏၵိယမွာ 12 နာရီအတြင္း ပ်ိဳးပင္ေပါင္း 66 သန္းကို စိုက္ပ်ိဳးၿပီး ကမာၻ႔စံခ်ိန္ တင္ခဲ့ပါတယ္။

6. အမ်ိဳးသား အခ်င္းခ်င္း ဖက္ၿပီး လက္ကိုင္ေလ့ ရွိၾကပါတယ္။ အမ်ိဳးသားေတြက ပထမဆုံးေတြတဲ့ အခါ တစ္ေယာက္ကို တစ္ေယာက္ ဖက္ၿပီး ႏႈတ္ဆက္ၾကပါတယ္။ ၿပီးေတာ့ စကားေျပာရင္လည္း တစ္ေယာက္လက္ကို တစ္ေယာက္ ကိုင္ၿပီး ေျပာၾကပါတယ္။

7. အိႏၵိယမွာ ေန႔စဥ္ ရထားနဲ႔ခရီးသြားသူဟာ ဩစႀတီးယားႏိုင္ငံ လူဦးေရနဲ႔ ညီမွ်ပါတယ္။ အိႏၵိယဟာ ကမာၻေပၚမွာ လူဦးေရအထူဆုံး ႏိုင္ငံျဖစ္ပါတယ္။ ေန႔စဥ္ရထားနဲ႔ခရီးသြားသူေတြဟာ မနည္းလွပါဘူး။

8. အိႏၵိယေရာက္ရင္ ေငြေၾကးနဲ႔ပတ္သက္ၿပီး စိတ္ပူစရာမလိုပါဘူး။အရာရာဟာ ေဈးသက္သာပါတယ္။ အိႏၵိယမွာ စားစရာေတြက ေဈးသက္သာသလို ေဟာ္တယ္မွာတစ္ညတည္းရင္ 15 ေဒၚလာထက္ေတာင္ နည္းပါေသးတယ္။

9. သက္သက္လြတ္ အစားအစာေတြကို မက္ေဒါနယ္မွာ ရႏိုင္ပါတယ္။ McAloo Tikki ဆိုတလည္း ရွိပါေသးတယ္။ ကမာၻေပၚမွာ အိႏၵိယႏိုင္ငံဟာ အသားစားမႈ အနည္းဆုံး ႏိုင္ငံျဖစ္ပါတယ္။ လူဦးေရရဲ႕ 80 ရာခိုင္ႏႈန္းဟာ ဟိႏၵဴဘာသာကို ကိုးကြယ္လို႔ပါ။

10. အိႏၵိယမွာ ေျခဟန္လက္ဟန္ အမူအရာေတြကို အဓိပၸါယ္ ေကာက္မႉက ထူးျခားပါတယ္။ ေခါင္းၿငိမ့္ျပရင္ လက္ခံတယ္၊ ဟုတ္တယ္၊ သေဘာတူတယ္လို႔ တစ္ကမာၻလုံးက လက္ခံထားၾက ပါတယ္။ အိႏၵိယမွာ ေခါင္းၿငိမ့္ျပတာက ျငင္းဆိုတဲ့ သေဘာပါပဲ။

11. အိႏၵိယမွာ ကရက္ကစ္ ကစားနည္းကို ဘာဘာေရး တစ္ခုလိုပဲ အေလးထားၾက ပါတယ္။ ကရက္ကစ္ ကစားနည္းကို အ႐ူးအမူး ဝါသနာပါၾက ပါတယ္။ အိႏၵိယ ေရာက္ရင္ ကရက္ကစ္ ကစားၾကည့္ဖို႔ မေမ့ပါနဲ႔ေနာ္။

12. အိႏၵိယက အိမ္သာေတြမွာ အိမ္သာသုံး စကၠဴေတြကို ေတြ႕ရမွာ မဟုတ္ပါဘူး။ အိႏၵိယမွာ အိမ္သာသုံးစကၠဴကို မသုံးၾကပါဘူး။ ေရကိုပဲ သုံးၾကပါတယ္။

13. ဘဏ္ရဲ႕ေရွ႕တံခါးကို ေသာ့မခတ္တဲ့ ၿမိဳ႕တစ္ၿမိဳ႕ ရွိပါတယ္။

Shani Shingnapur ၿမိဳ႕မွာ ေနထိုင္သူေတြက အိမ္တံခါးေတြကို ေသာ့မခတ္ၾက ပါဘူး။ဘုရားသခင္က ေစာင့္ေရွာက္ ကာကြယ္တယ္လို႔ ယုံၾကည္လို႔ပါ။ အဲဒီၿမိဳ႕ရဲ႕ ပထမဆုံးဘဏ္ကို 2011 ခုႏွစ္မွာ ဖြင့္လွစ္ခဲ့ၿပီး ဘဏ္တံခါးကိုလည္း ေသာ့မခတ္ ပါဘူး။

14. က်ားထိုးနည္းနဲ႔ ေလွကားထစ္ ကစားနည္းကို အိႏၵိယႏိုင္ငံက စတင္ခဲ့ ပါတယ္။ က်ားထိုးနည္းက AD 6 ရာစုကတည္းက အိႏၵိယမွာ ရွိခဲ့တာပါ။

15. အိႏၵိယဟာ ပြဲေတာ္ေတြ ျပည့္ေနတဲ့ ႏိုင္ငံပါ။

အိႏၵိယလူမ်ိဳးေတြက ဘာသာတရား ကိုင္းရႈိင္းတာေၾကာင့္ ဘာသာေရး ပြဲေတာ္ေတြကလည္း တစ္ႏွစ္ပတ္လုံးပါပဲ။ Holi ပြဲေတာ္က ေႏြရာသီမွာ ျပဳလုပ္ၿပီး အေရာင္ပါတဲ့ေရ၊ အေရာင္စုံမႈန႔္ေတြနဲ႔ တစ္ေယာက္ကိုတစ္ေယာက္ ပက္ၾကပါတယ္။

16. အိႏၵိယဟာ မိန္းမေခ်ာေတြ စုေဝးေနတဲ့ ႏိုင္ငံပါ။

ေဘာလိဝုဒ္ ႐ုပ္ရွင္မင္းသမီးေတြကို ၾကည့္ျခင္းျဖင့္ အိႏၵိယအမ်ိဳးသမီးေတြ ဘယ္ေလာက္လွလဲ ဆိုတာ သိႏိုင္မွာပါ။ မယ္ကမာၻၿပိဳင္ပြဲမွာ အိႏၵိယက ဆု 6ခါရဖူးပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments