သေဆုံးသွားတဲ့ ခင်ပွန်းကို ဘုရားကျောင်းဆောက်ကာ ရုပ်ထုလုပ်ပြီး ကိုးကွယ်တဲ့ အမျိုးသမီး (ရုပ်သံ)

အောက်ဆုံးတွင် ရုပ်သံဖိုင် ပါဝင်ပါသည်..

အချစ်ဆိုတာ တန်ဖိုးထားတတ်သူ အတွက်တော့ အရမ်းကို လေးနက်တဲ့ အရာတစ်ခုပါ။ ခုခေတ်မှာတော့ အချစ်စစ်ဟာ အလွန်ကို ရှားပါးသွားပါပြီ။

အိန္ဒိယနိုင်ငံက အမျိုးသားတစ်ဦးဟာ ကားမတော်တဆမှုကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကွယ်လွန်သွားခဲ့ပါတယ်။ ဒါပေမယ့် ဇနီးဖြစ်သူက တစ်ရက်မှ မမေ့မရတာကြောင့် ခင်ပွန်းအတွက် ဘုရားကျောင်းငယ်လေးတစ်ခု ဆောက်လုပ်ပြီး ခင်ပွန်းနဲ့ပုံစံတူ စကျင်ကျောက်ကို ထုလုပ်ကာ ကိုးကွယ်ထားပါတယ်။

Padmavthi ဆိုတဲ့ အမျိုးသမီးက Andhra Pradesh ပြည်နယ်၊ Prakasam စီရင်စုမှာ နေထိုင်ပါတယ်။ သူမရဲ့အိမ်မှာ ဘုရားကျောင်းငယ်လေး ဆောက်လုပ်ပြီး ခင်ပွန်းဖြစ်သူကို ကိုးကွယ်ထားတဲ့ သတင်းဟာ အိန္ဒိယတစ်နိုင်ငံလုံးကို ပျံ့နှံ့ပြီး လူအများရဲ့အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။

၂၀၀၇ ခုနှစ်မှာ ကွယ်လွန်သွားတဲ့ ခင်ပွန်းသည် Gurukula Anki က သေဆုံးပြီး မကြာခင်မှာ သူမရဲ့အိပ်မက်ထဲကို ရောက်လာပြီး သူ့အတွက် ဘုရားကျောင်းဆောင်ဆောက်ပေးဖို့ ပြောတယ်လို့ ဆိုပါတယ်။ Padmavathi ဟာ ခင်ပွန်းဖြစ်သူကို ရိုသေလေးစားတာကြောင့် သူ့ဆန္ဒကို ဖြည့်တဲ့အနေနဲ့ ရုပ်ထုကိုးကွယ် ထားခဲ့ပါတယ်။

Padmavathi ရဲ့မိခင်က ဖခင်ဖြစ်သူကို ကိုးကွယ်ခဲ့တာကို ငယ်ငယ်က မြင်တွေ့ခဲ့တာကြောင့် အဲဒါကို အတုယူပြီး သူ့ယောကျ်ား သေဆုံးသွားတဲ့အခါ ကျောင်းဆောင်နဲ့ ကိုးကွယ်တာလို့ ဆိုပါတယ်။ ဗီဒီယိုထဲမှာတော့ Padmavathi ဟာ သူ့ခင်ပွန်းကို ပူဇော်နေတာကို တွေ့ရမှာပါ။ အဲဒီဗီဒီယိုက အိန္ဒိယတစ်နိုင်ငံလုံးကို ပျံ့နှံ့သွားပြီး သူမရဲ့ မေတ္တာ၊ သစ္စာကြီးမားပုံကို မြင်တွေ့ခဲ့ကြရပါတယ်။

စနေ၊ တနင်္ဂနွေနဲ့ လပြည့်ညတွေမှာ Padmavathi ဟာ ခင်ပွန်းကို အထူးဝတ်ပြုဆုတောင်းပြီး ပတ်ဝန်းကျင်က လူတွေကို ခင်ပွန်းနာမည်နဲ့ အစားအစာတွေ ဝေငှပါတယ်။ သူမရဲ့အကြောင်းကိုလည်း သတင်းဌာနတွေက လာရောက်မေးမြန်းကြပါတယ်။ အရင်ကလည်း အိန္ဒိယအမျိုးသား တစ်ယောက်က သူ့အမျိုးသမီးရဲ့ အရွယ်အစားတူ ရုပ်ထုကို အိမ်မှာထားတဲ့ အဖြစ်လည်း ရှိခဲ့ပါသေးတယ်။

Zombie (Lovemedia)

for zawgyi

ေသဆုံးသြားတဲ့ ခင္ပြန္းကို ဘုရားေက်ာင္းေဆာက္ကာ ႐ုပ္ထုလုပ္ၿပီး ကိုးကြယ္တဲ့ အမ်ိဳးသမီး (႐ုပ္သံ)

အခ်စ္ဆိုတာ တန္ဖိုးထားတတ္သူအတြက္ေတာ့ အရမ္းကို ေလးနက္တဲ့ အရာတစ္ခုပါ။ ခုေခတ္မွာေတာ့ အခ်စ္စစ္ဟာ အလြန္ကို ရွားပါးသြားပါၿပီ။

အိႏၵိယႏိုင္ငံက အမ်ိဳးသားတစ္ဦးဟာ ကားမေတာ္တဆမႈေၾကာင့္ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က ကြယ္လြန္သြားခဲ့ပါတယ္။ ဒါေပမယ့္ ဇနီးျဖစ္သူက တစ္ရက္မွ မေမ့မရတာေၾကာင့္ ခင္ပြန္းအတြက္ ဘုရားေက်ာင္းငယ္ေလးတစ္ခု ေဆာက္လုပ္ၿပီး ခင္ပြန္းနဲ႔ပုံစံတူ စက်င္ေက်ာက္ကို ထုလုပ္ကာ ကိုးကြယ္ထားပါတယ္။

Padmavthi ဆိုတဲ့ အမ်ိဳးသမီးက Andhra Pradesh ျပည္နယ္၊ Prakasam စီရင္စုမွာ ေနထိုင္ပါတယ္။ သူမရဲ႕အိမ္မွာ ဘုရားေက်ာင္းငယ္ေလးေဆာက္လုပ္ၿပီး ခင္ပြန္းျဖစ္သူကို ကိုးကြယ္ထားတဲ့ သတင္းဟာ အိႏၵိယတစ္ႏိုင္ငံလုံးကို ပ်ံ႕ႏွံ႔ၿပီး လူအမ်ားရဲ႕အာ႐ုံစိုက္မႈကို ခံခဲ့ရပါတယ္။

၂၀၀၇ ခုႏွစ္မွာ ကြယ္လြန္သြားတဲ့ ခင္ပြန္းသည္ Gurukula Anki က ေသဆုံးၿပီး မၾကာခင္မွာ သူမရဲ႕အိပ္မက္ထဲကို ေရာက္လာၿပီး သူ႔အတြက္ ဘုရားေက်ာင္းေဆာင္ေဆာက္ေပးဖို႔ ေျပာတယ္လို႔ ဆိုပါတယ္။ Padmavathi ဟာ ခင္ပြန္းျဖစ္သူကို ႐ိုေသေလးစားတာေၾကာင့္ သူ႔ဆႏၵကို ျဖည့္တဲ့အေနနဲ႔ ႐ုပ္ထုကိုးကြယ္ ထားခဲ့ပါတယ္။

Padmavathi ရဲ႕မိခင္က ဖခင္ျဖစ္သူကို ကိုးကြယ္ခဲ့တာကို ငယ္ငယ္က ျမင္ေတြ႕ခဲ့တာေၾကာင့္ အဲဒါကို အတုယူၿပီး သူ႔ေယာက်္ား ေသဆုံးသြားတဲ့အခါ ေက်ာင္းေဆာင္နဲ႔ ကိုးကြယ္တာလို႔ ဆိုပါတယ္။ ဗီဒီယိုထဲမွာေတာ့ Padmavathi ဟာ သူ႔ခင္ပြန္းကို ပူေဇာ္ေနတာကို ေတြ႕ရမွာပါ။ အဲဒီဗီဒီယိုက အိႏၵိယတစ္ႏိုင္ငံလုံးကို ပ်ံ႕ႏွံ႔သြားၿပီး သူမရဲ႕ ေမတၱာ၊ သစၥာႀကီးမားပုံကို ျမင္ေတြ႕ခဲ့ၾကရပါတယ္။

စေန၊ တနဂၤေႏြနဲ႔ လျပည့္ညေတြမွာ Padmavathi ဟာ ခင္ပြန္းကို အထူးဝတ္ျပဳဆုေတာင္းၿပီး ပတ္ဝန္းက်င္က လူေတြကို ခင္ပြန္းနာမည္နဲ႔ အစားအစာေတြ ေဝငွပါတယ္။ သူမရဲ႕အေၾကာင္းကိုလည္း သတင္းဌာနေတြက လာေရာက္ေမးျမန္းၾကပါတယ္။ အရင္ကလည္း အိႏၵိယအမ်ိဳးသား တစ္ေယာက္က သူ႔အမ်ိဳးသမီးရဲ႕ အ႐ြယ္အစားတူ ႐ုပ္ထုကို အိမ္မွာထားတဲ့ အျဖစ္လည္း ရွိခဲ့ပါေသးတယ္။

video

Zombie (Lovemedia)

Post a Comment

0 Comments