မယားနေစ ကြောင်သေမှ နဲ့ လင်နေစ ဆင်သေမှ ဆိုတာ

ယောင်္ကျား တစ်ယောက်က ကာမပိုင် မိန်းမ တစ်ယောက် ရှိပီးသွားရင် ကြောင် ၅ ကောင်ကို သတ်ရတယ် ။

ဇီဇာ / သဝန် / သရဲဘော / သတ္တိ/ ဖွန် ဆိုတဲ့ ကြောင် (၅) ကောင် ကို အသေသတ် ရပါတယ်တဲ့ ။ အဲ့ဒါကို မယားနေ စ ကြောင်သေမှ လို့ ခေါ်တယ် ။

မိန်းမ တစ်ယောက်က ကာမပိုင် ယောင်္ကျားတစ်ယောက် ရှိပြီးသွားရင် ဆင် ၅ ကောင်ကို သတ်ရတယ် ။

အပြောအဆို / အနေအထိုင် / အသွားအလာ / အသုံးအစွဲ / အပျံ့အလွင့် ဆိုတဲ့ ဆင်ခြင်စရာ ဆင် (၅) ကောင် ကို အသေသတ်နိုင်ရမယ် ။ အဲ့ဒါကို လင်နေစ ဆင်သေမှလို့ ခေါ်ပါတယ် ။

လင်နဲ့မယား ဆိုတာ လျှာနဲ့သွား ဖြစ်တဲ့အပြင် ဘဝ နောက်ဆုံးအချိန်တွေရဲ့ လက်တွဲဖော် ဆိုလည်း ဟုတ်တယ် ။

အဲ့အတွက်ကြောင့် တဦးအပေါ်တဦးက ဘယ်လိုပြသာနာ အခက်အခဲတွေ ရှိလာရှိလာ ဖေးမကူတွဲပြီး နားလည်မှု အပြည့်နဲ့ သစ္စာရှိဖို့ ရှေ့ဆက် လက်တွဲခိုင်မြဲဖို့သာ အဓိကမို့ အမြဲ ၂ ယောက်စလုံး အဆင်ပြေပြေ နေကြမယ် ဆိုတဲ့ အတွေးပဲ နှလုံးသွင်းထားဘို့ လိုအပ်လှပါတယ် ဆိုတဲ့အကြောင်း ။

crd

Post a Comment

0 Comments