လင်ယောကျ်ား ရောင်းတဲ့ဆိုင်

ထူးထူးဆန်းဆန်း ယောကျ်ား ရောင်းတဲ့ဆိုင် တစ်ဆိုင် နယူးယောက် မြို့ပေါ်မှာ ဖွင့်လှစ်လိုက် ပါတယ် ။ အမျိုးသမီးတွေ အနေနဲ့ အဲဒီဆိုင်မှာ မိမိ စိတ်ကြိုက် ယောကျ်ားမျိုးကို ရွေးပြီး ဝယ်နိုင် ပါတယ်။ ဆိုင်ရဲ့ အလုပ် လုပ်ပုံကို အဝင်အထွက်မှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားပါတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာ သတိပေးစာ ရေးထားတာက..

" သင် တစ်ကြိမ်သာ လာရောက်ခွင့် ရှိသည် " တဲ့။

စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ် မြင့်သွားလေလေ ရောင်းကုန် ယောကျ်ားလေးတွေရဲ့ အရည်အသွေးက မြင့် လေလေ ပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ အထပ်တစ်ထပ်က ယောကျ်ား တစ်ယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို မကြိုက်သေးရင်တော့ နောက်တစ်ထပ်တက်ပြီး လေ့လာနိုင်တာ ပေါ့။

ဒါပေမယ့် သတိထားရမှာက အထပ်တစ်ထပ် တက်ပြီးသွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောကျ်ားလေးကို ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲ အောက်ဆင်းပိုင်ခွင့် ရှိတော့တယ်။ ဒါတွေက ဒီဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်း တွေပေါ့။

အမျိုးသမီး တစ်ယောက် ဆိုင်ထဲ ဝင်လာတယ်။ သူ့အတွက် လိုက်ဖက် ညီမယ့် ခင်ပွန်းလောင်း လင်ယောကျ်ား တစ်ယောက် ဝယ်မယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ပေါ့။ ပထမထပ်ရဲ့ အဝင်တံခါး မှာ ချိတ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့် လိုက်တယ်။

(၁) လွှာ - အလုပ်အကိုင် ရှိပီး ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသားများ။

ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က..

(၂) လွှာ - အလုပ်အကိုင် ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့် အပြင် ကလေးလည်း ချစ်တတ်သော အမျိုးသားများ။

တတိယထပ်ရဲ့ ဆိုင်းဘုတ်က..

(၃) လွှာ - အလုပ်အကိုင် ရှိပီး ဘာသာရေး ကိုင်းရှင်းသည့် အပြင် ကလေးလည်း ချစ်တတ်ပြီး ရုပ်ရည် သန့်ပြန့်သော အမျိုးသားများ။

ဆိုင်းဘုတ် ဖတ်ပြီး အမျိုးသမီးမှာ

" ဝိုး.. " ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ် ဆက်တက် ဖို့ပဲ သူမ ဆုံးဖြတ်လိုက်တယ်။

(၄) လွှာ - အလုပ်အကိုင် ရှိပီး ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူ လုပ်ပေးတတ်သော အမျိုးသားများ။

" ဟိုက်ရှားပါး.. ကြွေစမ်း။ ငါ့ ခြေထောက်တွေ မခိုင်တော့ပါလား" လို့ ရေရွတ် နေမိတယ်။

(၅) လွှာ - အလုပ်အကိုင် ရှိပီး ဘာသာရေး ကိုင်းရှိုင်းသည့် အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေ လောက်အောင် သန့်ပြန့်ရုံမကပဲ အိမ်မှု ကိစ္စများကိုပါ ဝိုင်းကူ လုပ်ပေးတတ်ပြီး " ပါဝါဟန်းနီးနဲ့ ကျားမာန်ဟုန် သောက်ပီး " ပါဝါလိုးရှင်း " လိမ်းထားလို့ သင့်လိုအပ် တောင့်တနေတဲ့ Feel အပြည့်နဲ့ ခံစားမှုကို သင့်ကို အပြည့်အဝ ပေးစွမ်းနိုင်သော ယောင်္ကျား ။

ဒီထက် ကောင်းတယ် ဆိုတာတောင် ဒီလောက် ကောင်းတော့မယ် မထင် ။ သူ့ရဲ အာရုံတွေက ဒီအလွှာမှာပဲ တစ်ဝဲလည်လည် ဖြစ်နေတော့တယ်။ ဒါပေမယ့် သူရဲ့ ခြေလှမ်းတွေက နောက်တစ်ထပ်တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီး ချီတက်နေတော့တယ်။ ဆဋ္ဌမထပ်က ရွေးချယ်မှု ပိုကောင်းနိုင် သေးတာပေါ့။ ဒီလိုနဲ့ ဆဋ္ဌမထပ်ကို ဆက်တက်ဖို့ ဆုံးဖြတ်ချက်ချပြီး တက်လိုက် ပါတော့တယ်။

ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ် ကတော့..

(၆) လွှာ - သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (568759) ယောက်မြောက် ဧည့်သည်ပါ။ ဒီအလွှာမှာ ဘယ်အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့ အမျိုးသမီးတွေ အတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။ လင်ယောကျ်ား စတိုးဆိုင်ကို ဈေးဝယ်လာတဲ့ အတွက် ကျေးဇူး အထူးတင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ် ဆိုရင် ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူး သတိပြုပေးပါ။

NaiNaiSanay

Post a Comment

0 Comments