တခါတုန်းက ရွာတစ်ရွာမှာ မုဆိုးလင်မယား နှစ်ယောက် ရှိတယ် ။ မိန်းမ ဖြစ်သူက မုဆိုးအလုပ် လုပ်နေတဲ့ ယောကျ်ားဖြစ်သူကို ဒီအလုပ် လုပ်တာ မကြိုက်ရှာဘူး ။ ဒါနဲ့တနေ့တော့ သူ့ယောကျာ်းကို..
" ရှင် ဥပုသ်လေး ဘာလေး စောင့်ပြီး တရားလေး ဘာလေး လုပ်ပါဦးလား ၊ ရွာထိပ်က ဘုန်းကြီးကျောင်း သွားပေါ့ " ဆိုပြီး လွတ်လိုက်တယ် ။
အဲဒီမှာ မုဆိုးကြီးကလည်း စိတ်လို လက်ရ သွားရှာတယ် ။ ဘုန်းကြီးကျောင်း ရောက်လို့ ဘုန်းကြီးကို ကန်တော့ပြီး..
" တပည့်တော်ကို တရားတပုဒ်လောက် တိုတို တုပ်တုပ်လေး ဟောပေးပါ ဘုရား " လို့ တရားတောင်းတယ် ။
ဒီတော့ ဘုန်းကြီး ပေးလိုက်တဲ့ တရားလေးက..
" ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ " တဲ့ ။
ဒါ အတိုဆုံး တရားပဲ တဲ့ ။ ဒီတော့ မုဆိုးကြီးက အံ့သြသွားတယ် ။
" အရှင်ဘုရား တပည့်တော်ဟာ ဒီမုဆိုး အလုပ်ကို ကြိုက်နှစ်သက်လို့ပဲ တောလိုက်မုဆိုး ဘဝနဲ့ ရပ်တည်လာတာ (၅၅) နှစ်တောင် ရှိပါပြီ ။ ဒါပေမယ့် ခုချိန်ထိ ဘာတိုးတက်မှုမှ မရပါလား ဘုရား ။ ခုလည်း ဘုန်းဘုန်းက ကိုယ်ကြိုက်တာ ကိုယ်လုပ် ဆိုတော့ ဘယ်နှယ့်များ လုပ်ရပါ့ " လို့ လျှောက်တော့ ။
ဆရာတော်က ဒီနားလာခဲ့ လို့ခေါ်ပြီး သူ့ကို အပ်နဲ့ ထိုးလိုက်တယ် ။
ဒီတော့ မုဆိုး က " အား " လို့ ထအော် တာပေ့ါ ။ အဲဒီမှာ ဆရာတော်က မေးတယ် ။
" မင်းကို အပ်နဲ့ထိုးတာ ကြိုက်လား ? " တဲ့။ ဒီတော့ မုဆိုးက ပြန်ဖြေတယ် ။
" ဘယ်ကြိုက်ပါ့မလဲ ဘုရား.. တပည့်တော်က အပ်နဲ့မပြောပါနဲ့၊ မျက်စောင်း ထိုးရင်တောင် ကြိုက်တာ မဟုတ်ဘူး "လို့ပြောသတဲ့ ။
ဒီမှာပဲ ဆရာတော်က..
" ဒါဆို မင်းကိုအပ်နဲ့ ထိုးတာတောင် မကြိုက်ဘူး ဆိုရင် လေးနဲ့ပစ် ၊ မြှားနဲ့ပစ်ပြီး အသက်ကို သတ်ဖြတ်နေတာဟာ ကိုယ် မကြိုက်တဲ့ အလုပ်ကို သူများကို သွားလုပ်နေတာပဲပေ့ါ "
..
..
..
လူတော်တော် များများဟာလည်း ဒီအတိုင်းပါပဲ ။ ကိုယ့်ကို သတ်မှာကျ မကြိုက်ဘူး ။ သူများ အသက်ကျသတ်တယ် ။ ကိုယ့်ကို ညာပြောတာကျ မကြိုက်ဘူး ။ သူများကျတော့ ညာပြောပြန်တယ် ။
တကယ်တော့ ကိုယ် မကြိုက်ဘူး ဆိုတဲ့ အလုပ်တွေတိုင်းကို သူများအပေါ်မှာ လုပ်နေတတ်တယ်လေ ။ ဒါကြောင့် ဆရာတော်ဟောတဲ့ “ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ ” ဆိုတဲ့ တရားလေးဟာ ပညာပါပြီး ထိရောက်လှပါတယ် ။
ဒီတရားလေးကို သိခွင့်ရသွားကြ ကုန်သော စာဖတ်သူ အပေါင်း တို့လည်း နေ့စဉ် ကိုယ်ကြိုက် သောအရာများကိုသာ သူတစ်ပါးအား ပြုမူပြောဆို ဆက်ဆံ လုပ်ကိုင်နိုင်ကြလို့ အကောင်းကံများကို သာ ဖန်တီးနိုင်ကြပြီး ကောင်းကျိုးတွေ ရရှိခံစား နိုင်ကြပါစေ ။
Crd
for zawgyi
ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ပါ
တခါတုန္းက ရြာတစ္ရြာမွာ မုဆိုးလင္မယား ႏွစ္ေယာက္ ရွိတယ္ ။ မိန္းမ ျဖစ္သူက မုဆိုးအလုပ္ လုပ္ေနတဲ့ ေယာက်္ားျဖစ္သူကို ဒီအလုပ္ လုပ္တာ မႀကိဳက္ရွာဘူး ။ ဒါနဲ႔တေန႔ေတာ့ သူ႔ေယာက်ာ္းကို..
" ရွင္ ဥပုသ္ေလး ဘာေလး ေစာင့္ၿပီး တရားေလး ဘာေလး လုပ္ပါဦးလား ၊ ႐ြာထိပ္က ဘုန္းႀကီးေက်ာင္း သြားေပါ့ " ဆိုၿပီး လြတ္လိုက္တယ္ ။
အဲဒီမွာ မုဆိုးႀကီးကလည္း စိတ္လို လက္ရ သြားရွာတယ္ ။ ဘုန္းႀကီးေက်ာင္း ေရာက္လို႔ ဘုန္းႀကီးကို ကန္ေတာ့ၿပီး..
" တပည့္ေတာ္ကို တရားတပုဒ္ေလာက္ တိုတို တုပ္တုပ္ေလး ေဟာေပးပါ ဘုရား " လို႔ တရားေတာင္းတယ္ ။
ဒီေတာ့ ဘုန္းႀကီး ေပးလိုက္တဲ့ တရားေလးက..
" ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ပါ " တဲ့ ။
ဒါ အတိုဆုံး တရားပဲ တဲ့ ။ ဒီေတာ့ မုဆိုးႀကီးက အံ့ၾသသြားတယ္ ။
" အရွင္ဘုရား တပည့္ေတာ္ဟာ ဒီမုဆိုး အလုပ္ကို ႀကိဳက္ႏွစ္သက္လို႔ပဲ ေတာလိုက္မုဆိုး ဘဝနဲ႔ ရပ္တည္လာတာ (၅၅) ႏွစ္ေတာင္ ရွိပါၿပီ ။ ဒါေပမယ့္ ခုခ်ိန္ထိ ဘာတိုးတက္မႈမွ မရပါလား ဘုရား ။ ခုလည္း ဘုန္းဘုန္းက ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ ဆိုေတာ့ ဘယ္ႏွယ့္မ်ား လုပ္ရပါ့ " လို႔ ေလွ်ာက္ေတာ့ ။
ဆရာေတာ္က ဒီနားလာခဲ့ လို႔ေခၚၿပီး သူ႔ကို အပ္နဲ႔ ထိုးလိုက္တယ္ ။
ဒီေတာ့ မုဆိုး က " အား " လို႔ ထေအာ္ တာေပ့ါ ။ အဲဒီမွာ ဆရာေတာ္က ေမးတယ္ ။
" မင္းကို အပ္နဲ႔ထိုးတာ ႀကိဳက္လား ? " တဲ့။ ဒီေတာ့ မုဆိုးက ျပန္ေျဖတယ္ ။
" ဘယ္ႀကိဳက္ပါ့မလဲ ဘုရား.. တပည့္ေတာ္က အပ္နဲ႔မေျပာပါနဲ႔၊ မ်က္ေစာင္း ထိုးရင္ေတာင္ ႀကိဳက္တာ မဟုတ္ဘူး "လို႔ေျပာသတဲ့ ။
ဒီမွာပဲ ဆရာေတာ္က..
" ဒါဆို မင္းကိုအပ္နဲ႔ ထိုးတာေတာင္ မႀကိဳက္ဘူး ဆိုရင္ ေလးနဲ႔ပစ္ ၊ ျမႇားနဲ႔ပစ္ၿပီး အသက္ကို သတ္ျဖတ္ေနတာဟာ ကိုယ္ မႀကိဳက္တဲ့ အလုပ္ကို သူမ်ားကို သြားလုပ္ေနတာပဲေပ့ါ "
..
..
..
လူေတာ္ေတာ္ မ်ားမ်ားဟာလည္း ဒီအတိုင္းပါပဲ ။ ကိုယ့္ကို သတ္မွာက် မႀကိဳက္ဘူး ။ သူမ်ား အသက္က်သတ္တယ္ ။ ကိုယ့္ကို ညာေျပာတာက် မႀကိဳက္ဘူး ။ သူမ်ားက်ေတာ့ ညာေျပာျပန္တယ္ ။
တကယ္ေတာ့ ကိုယ္ မႀကိဳက္ဘူး ဆိုတဲ့ အလုပ္ေတြတိုင္းကို သူမ်ားအေပၚမွာ လုပ္ေနတတ္တယ္ေလ ။ ဒါေၾကာင့္ ဆရာေတာ္ေဟာတဲ့ “ ကိုယ္ႀကိဳက္တာ ကိုယ္လုပ္ပါ ” ဆိုတဲ့ တရားေလးဟာ ပညာပါၿပီး ထိေရာက္လွပါတယ္ ။
ဒီတရားေလးကို သိခြင့္ရသြားၾက ကုန္ေသာ စာဖတ္သူ အေပါင္း တို႔လည္း ေန႔စဥ္ ကိုယ္ႀကိဳက္ ေသာအရာမ်ားကိုသာ သူတစ္ပါးအား ျပဳမူေျပာဆို ဆက္ဆံ လုပ္ကိုင္ႏိုင္ၾကလို႔ အေကာင္းကံမ်ားကို သာ ဖန္တီးႏိုင္ၾကၿပီး ေကာင္းက်ိဳးေတြ ရရွိခံစား ႏိုင္ၾကပါေစ ။
Crd
0 Comments