မထုလိုက်မိတဲ့ တူတစ်ချက်

တစ်ခါက လူသွားလူလာ များတဲ့ တောလမ်း တနေရာမှာ ကျောက်တုံးကြီး တစ်တုံး ရှိသတဲ့ ။ အဲဒီကျောက်တုံး ပေါ်မှာလည်း စာတချို့ ရေးထွင်း ထားပါတယ် ။ ကျောက်တုံးပေါ်မှာ ရေးထားတဲ့ စာကတော့.. " ဤကျောက်တုံးကို ဆယ်ပေါင်တူနှင့် အချက် တထောင်ပြည့်အောင် ထုခွဲလျင် တစ်သက်စာ ချမ်းသာသော ရတနာများ ရမည် " တဲ့ ။

လမ်းသွား လမ်းလာတွေက အဲဒီစာကို မြင်တော့ ပြုံးကြတာပေါ့ ။ အရူး တစ်ယောက် လက်ဆော့သွားတာ နေမယ်လို့ ထင်ကြေးပေးတဲ့သူတွေလည်း ရှိပါတယ် ။ ဟုတ်တော့လည်း ဟုတ်တယ် ။ ကျောက်တုံးကြီးကို ထုခွဲရုံနဲ့ တသက်စာ ချမ်းသာဖို့ ဆိုတာ စိတ်ကူးယဉ် ဆန်လွန်း နေတယ်လေ ။ နောက်ပြီး ဆယ်ပေါင်တူနဲ့ အချက်တထောင် ထုဖို့ ဆိုတာ တော်ရုံ ဇွဲသတ္တိနဲ့လည်း မဖြစ်ဘူး မဟုတ်ပါလား။

ဒီလိုနဲ့ ခရီးသွားတွေဟာ အဲဒီ ကျောက်တုံးကြီးကို ခဏတဖြုတ် နားစရာ အနေနဲ့ပဲ ထိုင်ကြ မှီကြပြီး ထုခွဲဖို့ကို ဘယ်သူမှ စိတ်မဝင်စားကြဘူးတဲ့ ။ တနေ့မှာတော့ လူတစ်ယောက်ဟာ ဆယ်ပေါင်တူနဲ့ သောက်ရေဗူးနဲ့ ရောက်လာပြီး အဲဒီ ကျောက်တုံးကြီးကို စတင် ထုခွဲ ပါတော့တယ်။ ဖြတ်သွား ဖြတ်လာတွေ ကတော့ သူ့ကို လှောင်တဲ့ သူကလှောင်။ ပြုံးတဲ့သူ က ပြုံး။ ချီးမွမ်းတဲ့သူက ချီးမွမ်း ။ အရူးလို့ ပြောတဲ့သူက ပြောပေါ့လေ ။

ဒါပေမဲ့ သူကတော့ ဇွဲမလျှော့ပဲ ဆယ်ပေါင်တူကြီးနဲ့ ထုလိုက် ၊ ရေသောက်လိုက်နဲ့ ကြိုးစားနေ ဆဲပဲ ။ လူတွေကလည်း တယောက်ပြီး တယောက် လာပြီးတော့ မဖြစ်နိုင်တဲ့ အတွက် ဆက်မလုပ်ဖို့ ပြောသူက ပြော ၊ တကယ်သာ ချမ်းသာမယ်ဆို ရှေးလူတွေက ထုခွဲခဲ့ကြမှာပေါ့ ။ တကယ် မဟုတ် လို့သာ အရင်လူတွေက ဒီအတိုင်း ပစ်ထားခဲ့ကြတာ လို့ မှတ်ချက် ပေးတဲ့သူကပေး စသည်ဖြင့် အမျိုးမျိုး လာဖြောင့်ဖျကြတယ်။

အချက် ( ၅၀၀ ) ကျော်လာတဲ့ အခါ သူလည်း တဖြည်းဖြည်း ပင်ပန်းလာသလို ၊ တယောက်ပြီး တယောက် လာတားကြတဲ့ စကားတွေကြောင့် အားနည်းနည်း လျော့ချင်သလို ဖြစ်လာပါတယ် ။ ကြာလာတော့ သူ့မှာ ဒွိဟ ဖြစ်လာတော့တယ် ။ တဖက်က အချက်ပေါင်း ငါးရာတောင် ကျော်လာခဲ့ပြီပဲ ၊ ဒီကျောက်တုံးကို ဆက်ခွဲမယ် လို့ တွေးမိသလို တဖက် ကလည်း ကျောက်တုံးကြီး ကွဲလို့ အထဲမှာ ဘာမှ မရှိရင်ရော ဆိုတာမျိုးလည်း တွေးနေမိ တယ်တဲ့ ။

အဲဒီလို ဇဝေဇဝါ စဉ်းစားရင်းနဲ့ ကျောက်တုံးကြီးကို ဆက်ခွဲလာ လိုက်တာ ဘယ်နှစ်ချက် ရှိသွားပြီ ဆိုတာကို သူ မေ့သွားခဲ့တယ် ။ အချက်( ၇၀၀ )လား ၊ ( ၈၀၀ ) လားဆိုတာ သူမသိတော့ဘူး။ အဲဒီအချိန်မှာပဲ နောက်ထပ် လူတယောက် ရောက်လာခဲ့ ပါတယ် ။ လာသမျှ လူတွေလို ဆက်မလုပ်ဖို့ တားမယ်လို့ ထင်ခဲ့ပေမယ့် ဒီလူကတော့ ပူးပေါင်းဖို့ လာတာ ဖြစ်ပါတယ် ။

ကျွန်တော် ပါဝင်ပါရစေ ။ တကယ်လို့ ရလာလျှင် ခင်ဗျားက အရင်အားစိုက် ထုတ်ပြီးဖြစ်တဲ့ အတွက် ဝေစုရဲ့ နှစ်ပုံကို ယူပါ ။ ကျွန်တော်က နောက်မှ လာပူးပေါင်းတဲ့ အတွက် ကျွန်တော့်ကို ဝေစု တပုံပဲ ပေးပါ လို့ တောင်းဆို သတဲ့ ။ အဲဒီမှာ ပထမလူ ခဏတော့ တွေဝေသွားတယ်ပေါ့ ။ ဟုတ်တယ်လေ ။ သူကြိုးစားလာတာ အချက်တစ်ထောင် ပြည့်ခါနီးနေမှ လာပူးပေါင်းတာကိုး ။ ပြီးတော့ သူ့ကို ရလာတဲ့ ရတနာရဲ့ သုံးပုံတပုံ ပေးပါတဲ့ ။

နောက်တော့ အို.. ကိုယ်က အပင်ပန်း ခံထားတာပဲ ၊ မပေးနိုင်ပါဘူး လို့ တွေးလိုက်ပြီး ဒုတိယလူရဲ့ တောင်းဆိုမှုကို ငြင်းလိုက်တယ်တဲ့ ။ ပြီးတော့ ကျောက်တုံးကြီးကို ဆက်ခွဲနေတယ်။ ဒုတိယလူ ကတော့ ထွက်မသွားသေးပဲ ဘေးနာမှာပဲ ထိုင်စောင့်နေ ခဲ့တယ် ။ သူ အချက်ပေါင်းများစွာ ကြိုးစားခွဲပေမယ့် ကျောက်တုံးကြီးကတော့ တုတ်တုတ်မှ မလှုပ်သေးဘူး တဲ့ ။ နောက်ဆုံးတော့ သူလည်း စိတ်ပျက်သွားပြီး လက်လျှော့လိုက် ပါတော့တယ် ။

ပြီးတော့ ဒုတိယလူ ကိုလည်း.. ကျွန်တော် ဒီကျောက်တုံးကြီးကို ထုခွဲလာတာ အချက်ပေါင်း တထောင်ကျော် လောက် ရှိပြီဗျ ။ ဒါပေမယ့် အခုထိ ဘာမှ မဖြစ်ဘူး။ အမှန်က ကျွန်တော် ရူးတာပါဗျာ ။ အစကတည်းက မလုပ်ပဲ နေခဲ့ရမှာ ဆိုပြီး ပြောပါတယ် ။ ဒုတိယလူကတော့ ခင်ဗျား ဒီအလုပ်ကို စွန့်လွှတ်မယ် ဆိုရင် ကျွန်တော် ဆက် ထုခွဲပါရစေလို့ ခွင့်တောင်းသတဲ့ ။

ပထမလူက ခင်ဗျားလည်း အပင်ပန်း ခံမနေပါနဲ့ဗျာ ။ ဘာအကျိုးမှ ထူးမှာ မဟုတ်ပါဘူး ။ ကျွန်တော် ကတော့ စွန့်လွှတ် လိုက်ပြီလို့ ပြောပြီး ထွက်သွားလေ သတဲ့ ။ သူထွက်သွားလို့ ခပ်လှမ်းလှမ်း အရောက်မှာပဲ ဝုန်း ဆိုတဲ့ အသံကြီးကို ကြားလိုက်ရလို့ လှည့်ကြည့်မိ လိုက်တော့ ကျောက်တုံးကြီး ကွဲနေတာကို အံ့သြဖွယ်ရာ မြင်လိုက်ရ ပါတော့တယ် ။

ကျောက်တုံးကြီး အတွင်းမှာတော့ ဝင်းလက်တောက်ပ နေတဲ့ ရတနာတွေပေါ့။ ဒုတိယလူက ရတနာတွေရှေ့မှာ ပြုံးပျော်လို့ ဝမ်းသာနေတဲ့ ပုံနဲ့။ သူဟာ အံ့လည်း အံ့သြသလို နောင်တလည်း ရသွားပါတယ်။

အမှန်တကယ်တော့ သူကြိုးစားပြီး ကျောက်တုံးကြီးကို ဆယ်ပေါင်တူနဲ့ ထုခဲ့တဲ့ အချက် ပေါင်းဟာ (၉၉၉) ချက်ပဲ ရှိသေးတာကို သူ မသိခဲ့တာလေ ။ ဒီတော့ ဒုတိယလူဟာ ကျောက်တုံးကြီးကို ခွဲဖို့အတွက် တချက်ပဲ ထုလိုက်ရတော့ တာပေါ့ ။

တခါတလ ကိုယ်တို့ဘဝတွေမှာလည်း သူများတွေ ကြိုးစားနေချိန် ပူးပေါင်း ပါဝင်ဖို့ရော ကြိုးစားဘူး ပါသလား ? ဘေးကနေ ဖြတ်သွားဖြတ်လာ လုပ်ပြီး ကြိုးစားနေသူကို မဖြစ်နိုင်ဘူးလို့ တားမြစ် ဘူးပါသလား ?

ယုံကြည်မှု အပြည့်နဲ့ စတင်ခဲ့ပြီးမှ ဘေးစကားကြောင့် အားလျော့ စိတ်ပျက်သွားတာမျိုး ဖြစ်ဘူးပါသလား ? တွေဝေမိတဲ့ ဒွိဟစိတ်တွေကြောင့် ထားလက်စ ရည်မှန်းချက် ပျောက်သွားတာ မျိုးရော ဖြစ်ဘူးပါသလား ?

ကြိုးစားလက်စကို ရပ်တန့်ဖို့များ စဉ်းစားမိရင်.. မထုမိလိုက်တဲ့ တူတစ်ချက်ကြောင့် ဘဝကို ပြောင်းလဲ ပစ်နိုင်တဲ့ အခွင့်အရေးတွေ ဆုံးရှုံး သွားတတ်တာကို မမေ့ပါနဲ့နော် ။

လူတွေဟာ ကိုယ့်လုပ်ရပ်ကို ချီးမွမ်းသည် ဖြစ်စေ ၊ ကဲ့ရဲ့သည် ဖြစ်စေ ၊ လှောင်ပြောင်ရှုံ့ချသည် ဖြစ်စေ စိတ်ဆန္ဒပြင်းပြတဲ့ ယုံကြည်မှုနဲ့ ကြိုးစား အားထုတ်မှု ကိုတော့ ဘယ်တော့မှ မဖျက်ဆီးလိုက် ပါနဲ့ ။

Crd မူရင်း

မေတ္တာဖြင့်..

အရှင်ပုည( ဝကုန်း )

for zawgyi

မထုလိုက္မိတဲ့ တူတစ္ခ်က္

တစ္ခါက လူသြားလူလာ မ်ားတဲ့ ေတာလမ္း တေနရာမွာ ေက်ာက္တုံးႀကီး တစ္တုံး ရွိသတဲ့ ။ အဲဒီေက်ာက္တုံး ေပၚမွာလည္း စာတခ်ိဳ႕ ေရးထြင္း ထားပါတယ္ ။ ေက်ာက္တုံးေပၚမွာ ေရးထားတဲ့ စာကေတာ့.. " ဤေက်ာက္တုံးကို ဆယ္ေပါင္တူႏွင့္ အခ်က္ တေထာင္ျပည့္ေအာင္ ထုခြဲလ်င္ တစ္သက္စာ ခ်မ္းသာေသာ ရတနာမ်ား ရမည္ " တဲ့ ။

လမ္းသြား လမ္းလာေတြက အဲဒီစာကို ျမင္ေတာ့ ၿပံဳးၾကတာေပါ့ ။ အ႐ူး တစ္ေယာက္ လက္ေဆာ့သြားတာ ေနမယ္လို႔ ထင္ေၾကးေပးတဲ့သူေတြလည္း ရွိပါတယ္ ။ ဟုတ္ေတာ့လည္း ဟုတ္တယ္ ။ ေက်ာက္တုံးႀကီးကို ထုခြဲ႐ုံနဲ႔ တသက္စာ ခ်မ္းသာဖို႔ ဆိုတာ စိတ္ကူးယဥ္ ဆန္လြန္း ေနတယ္ေလ ။ ေနာက္ၿပီး ဆယ္ေပါင္တူနဲ႔ အခ်က္တေထာင္ ထုဖို႔ ဆိုတာ ေတာ္႐ုံ ဇြဲသတၱိနဲ႔လည္း မျဖစ္ဘူး မဟုတ္ပါလား။

ဒီလိုနဲ႔ ခရီးသြားေတြဟာ အဲဒီ ေက်ာက္တုံးႀကီးကို ခဏတျဖဳတ္ နားစရာ အေနနဲ႔ပဲ ထိုင္ၾက မွီၾကၿပီး ထုခြဲဖို႔ကို ဘယ္သူမွ စိတ္မဝင္စားၾကဘူးတဲ့ ။ တေန႔မွာေတာ့ လူတစ္ေယာက္ဟာ ဆယ္ေပါင္တူနဲ႔ ေသာက္ေရဗူးနဲ႔ ေရာက္လာၿပီး အဲဒီ ေက်ာက္တုံးႀကီးကို စတင္ ထုခြဲ ပါေတာ့တယ္။ ျဖတ္သြား ျဖတ္လာေတြ ကေတာ့ သူ႔ကို ေလွာင္တဲ့ သူကေလွာင္။ ၿပဳံးတဲ့သူ က ၿပဳံး။ ခ်ီးမြမ္းတဲ့သူက ခ်ီးမြမ္း ။ အ႐ူးလို႔ ေျပာတဲ့သူက ေျပာေပါ့ေလ ။

ဒါေပမဲ့ သူကေတာ့ ဇြဲမေလွ်ာ့ပဲ ဆယ္ေပါင္တူႀကီးနဲ႔ ထုလိုက္ ၊ ေရေသာက္လိုက္နဲ႔ ႀကိဳးစားေန ဆဲပဲ ။ လူေတြကလည္း တေယာက္ၿပီး တေယာက္ လာၿပီးေတာ့ မျဖစ္ႏိုင္တဲ့ အတြက္ ဆက္မလုပ္ဖို႔ ေျပာသူက ေျပာ ၊ တကယ္သာ ခ်မ္းသာမယ္ဆို ေရွးလူေတြက ထုခြဲခဲ့ၾကမွာေပါ့ ။ တကယ္ မဟုတ္ လို႔သာ အရင္လူေတြက ဒီအတိုင္း ပစ္ထားခဲ့ၾကတာ လို႔ မွတ္ခ်က္ ေပးတဲ့သူကေပး စသည္ျဖင့္ အမ်ိဳးမ်ိဳး လာေျဖာင့္ဖ်ၾကတယ္။

အခ်က္ ( ၅၀၀ ) ေက်ာ္လာတဲ့ အခါ သူလည္း တျဖည္းျဖည္း ပင္ပန္းလာသလို ၊ တေယာက္ၿပီး တေယာက္ လာတားၾကတဲ့ စကားေတြေၾကာင့္ အားနည္းနည္း ေလ်ာ့ခ်င္သလို ျဖစ္လာပါတယ္ ။ ၾကာလာေတာ့ သူ႔မွာ ဒြိဟ ျဖစ္လာေတာ့တယ္ ။ တဖက္က အခ်က္ေပါင္း ငါးရာေတာင္ ေက်ာ္လာခဲ့ၿပီပဲ ၊ ဒီေက်ာက္တုံးကို ဆက္ခြဲမယ္ လို႔ ေတြးမိသလို တဖက္ ကလည္း ေက်ာက္တုံးႀကီး ကြဲလို႔ အထဲမွာ ဘာမွ မရွိရင္ေရာ ဆိုတာမ်ိဳးလည္း ေတြးေနမိ တယ္တဲ့ ။

အဲဒီလို ဇေဝဇဝါ စဥ္းစားရင္းနဲ႔ ေက်ာက္တုံးႀကီးကို ဆက္ခြဲလာ လိုက္တာ ဘယ္ႏွစ္ခ်က္ ရွိသြားၿပီ ဆိုတာကို သူ ေမ့သြားခဲ့တယ္ ။ အခ်က္( ၇၀၀ )လား ၊ ( ၈၀၀ ) လားဆိုတာ သူမသိေတာ့ဘူး။ အဲဒီအခ်ိန္မွာပဲ ေနာက္ထပ္ လူတေယာက္ ေရာက္လာခဲ့ ပါတယ္ ။ လာသမွ် လူေတြလို ဆက္မလုပ္ဖို႔ တားမယ္လို႔ ထင္ခဲ့ေပမယ့္ ဒီလူကေတာ့ ပူးေပါင္းဖို႔ လာတာ ျဖစ္ပါတယ္ ။

ကြၽန္ေတာ္ ပါဝင္ပါရေစ ။ တကယ္လို႔ ရလာလွ်င္ ခင္ဗ်ားက အရင္အားစိုက္ ထုတ္ၿပီးျဖစ္တဲ့ အတြက္ ေဝစုရဲ႕ ႏွစ္ပုံကို ယူပါ ။ ကြၽန္ေတာ္က ေနာက္မွ လာပူးေပါင္းတဲ့ အတြက္ ကြၽန္ေတာ့္ကို ေဝစု တပုံပဲ ေပးပါ လို႔ ေတာင္းဆို သတဲ့ ။ အဲဒီမွာ ပထမလူ ခဏေတာ့ ေတြေဝသြားတယ္ေပါ့ ။ ဟုတ္တယ္ေလ ။ သူႀကိဳးစားလာတာ အခ်က္တစ္ေထာင္ ျပည့္ခါနီးေနမွ လာပူးေပါင္းတာကိုး ။ ၿပီးေတာ့ သူ႔ကို ရလာတဲ့ ရတနာရဲ႕ သုံးပုံတပုံ ေပးပါတဲ့ ။

ေနာက္ေတာ့ အို.. ကိုယ္က အပင္ပန္း ခံထားတာပဲ ၊ မေပးႏိုင္ပါဘူး လို႔ ေတြးလိုက္ၿပီး ဒုတိယလူရဲ႕ ေတာင္းဆိုမႈကို ျငင္းလိုက္တယ္တဲ့ ။ ၿပီးေတာ့ ေက်ာက္တုံးႀကီးကို ဆက္ခြဲေနတယ္။ ဒုတိယလူ ကေတာ့ ထြက္မသြားေသးပဲ ေဘးနာမွာပဲ ထိုင္ေစာင့္ေန ခဲ့တယ္ ။ သူ အခ်က္ေပါင္းမ်ားစြာ ႀကိဳးစားခြဲေပမယ့္ ေက်ာက္တုံးႀကီးကေတာ့ တုတ္တုတ္မွ မလႈပ္ေသးဘူး တဲ့ ။ ေနာက္ဆုံးေတာ့ သူလည္း စိတ္ပ်က္သြားၿပီး လက္ေလွ်ာ့လိုက္ ပါေတာ့တယ္ ။

ၿပီးေတာ့ ဒုတိယလူ ကိုလည္း.. ကြၽန္ေတာ္ ဒီေက်ာက္တုံးႀကီးကို ထုခြဲလာတာ အခ်က္ေပါင္း တေထာင္ေက်ာ္ ေလာက္ ရွိၿပီဗ် ။ ဒါေပမယ့္ အခုထိ ဘာမွ မျဖစ္ဘူး။ အမွန္က ကြၽန္ေတာ္ ႐ူးတာပါဗ်ာ ။ အစကတည္းက မလုပ္ပဲ ေနခဲ့ရမွာ ဆိုၿပီး ေျပာပါတယ္ ။ ဒုတိယလူကေတာ့ ခင္ဗ်ား ဒီအလုပ္ကို စြန႔္လႊတ္မယ္ ဆိုရင္ ကြၽန္ေတာ္ ဆက္ ထုခြဲပါရေစလို႔ ခြင့္ေတာင္းသတဲ့ ။

ပထမလူက ခင္ဗ်ားလည္း အပင္ပန္း ခံမေနပါနဲ႔ဗ်ာ ။ ဘာအက်ိဳးမွ ထူးမွာ မဟုတ္ပါဘူး ။ ကြၽန္ေတာ္ ကေတာ့ စြန႔္လႊတ္ လိုက္ၿပီလို႔ ေျပာၿပီး ထြက္သြားေလ သတဲ့ ။ သူထြက္သြားလို႔ ခပ္လွမ္းလွမ္း အေရာက္မွာပဲ ဝုန္း ဆိုတဲ့ အသံႀကီးကို ၾကားလိုက္ရလို႔ လွည့္ၾကည့္မိ လိုက္ေတာ့ ေက်ာက္တုံးႀကီး ကြဲေနတာကို အံ့ၾသဖြယ္ရာ ျမင္လိုက္ရ ပါေတာ့တယ္ ။

ေက်ာက္တုံးႀကီး အတြင္းမွာေတာ့ ဝင္းလက္ေတာက္ပ ေနတဲ့ ရတနာေတြေပါ့။ ဒုတိယလူက ရတနာေတြေရွ႕မွာ ၿပဳံးေပ်ာ္လို႔ ဝမ္းသာေနတဲ့ ပုံနဲ႔။ သူဟာ အံ့လည္း အံ့ၾသသလို ေနာင္တလည္း ရသြားပါတယ္။

အမွန္တကယ္ေတာ့ သူႀကိဳးစားၿပီး ေက်ာက္တုံးႀကီးကို ဆယ္ေပါင္တူနဲ႔ ထုခဲ့တဲ့ အခ်က္ ေပါင္းဟာ (၉၉၉) ခ်က္ပဲ ရွိေသးတာကို သူ မသိခဲ့တာေလ ။ ဒီေတာ့ ဒုတိယလူဟာ ေက်ာက္တုံးႀကီးကို ခြဲဖို႔အတြက္ တခ်က္ပဲ ထုလိုက္ရေတာ့ တာေပါ့ ။

တခါတလ ကိုယ္တို႔ဘဝေတြမွာလည္း သူမ်ားေတြ ႀကိဳးစားေနခ်ိန္ ပူးေပါင္း ပါဝင္ဖို႔ေရာ ႀကိဳးစားဘူး ပါသလား ? ေဘးကေန ျဖတ္သြားျဖတ္လာ လုပ္ၿပီး ႀကိဳးစားေနသူကို မျဖစ္ႏိုင္ဘူးလို႔ တားျမစ္ ဘူးပါသလား ?

ယုံၾကည္မႈ အျပည့္နဲ႔ စတင္ခဲ့ၿပီးမွ ေဘးစကားေၾကာင့္ အားေလ်ာ့ စိတ္ပ်က္သြားတာမ်ိဳး ျဖစ္ဘူးပါသလား ? ေတြေဝမိတဲ့ ဒြိဟစိတ္ေတြေၾကာင့္ ထားလက္စ ရည္မွန္းခ်က္ ေပ်ာက္သြားတာ မ်ိဳးေရာ ျဖစ္ဘူးပါသလား ?

ႀကိဳးစားလက္စကို ရပ္တန႔္ဖို႔မ်ား စဥ္းစားမိရင္.. မထုမိလိုက္တဲ့ တူတစ္ခ်က္ေၾကာင့္ ဘဝကို ေျပာင္းလဲ ပစ္ႏိုင္တဲ့ အခြင့္အေရးေတြ ဆုံးရႈံး သြားတတ္တာကို မေမ့ပါနဲ႔ေနာ္ ။

လူေတြဟာ ကိုယ့္လုပ္ရပ္ကို ခ်ီးမြမ္းသည္ ျဖစ္ေစ ၊ ကဲ့ရဲ႕သည္ ျဖစ္ေစ ၊ ေလွာင္ေျပာင္ရႈံ႕ခ်သည္ ျဖစ္ေစ စိတ္ဆႏၵျပင္းျပတဲ့ ယုံၾကည္မႈနဲ႔ ႀကိဳးစား အားထုတ္မႈ ကိုေတာ့ ဘယ္ေတာ့မွ မဖ်က္ဆီးလိုက္ ပါနဲ႔ ။

Crd မူရင္း

ေမတၱာျဖင့္..

အရွင္ပုည( ဝကုန္း )

Post a Comment

0 Comments