ဂုဏ်သိက္ခာနဲ့ ရိုးသားမှု

တခါတုန်းက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင် ရှိလေသည် ။ ထိုမြင်းသည် တနေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင် သောကြောင့် ကုန်သည်မှာ သူ့မြင်းကို အလွန် မြတ်နိုးသည် ။ ကုလားအုတ်တကောင် ပိုင်ဆိုင်ထားသော ဒုတိယ ကုန်သည် တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျခဲ့သည် ။

တနေ့တွင် ဒုတိယ ကုန်သည်မှာ မြင်းပိုင်ရှင်အား ကုလားအုတ်နှင့် မြင်း လဲလှယ်ရန် စကား ကမ်းလှမ်း ခဲ့သည် ။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည် ။ ကုန်သည်က ဤမြင်းအား ရှိသမျှ စည်းစိမ်နှင့် လဲမည် ဟု တောင်းဆိုပြန်သည် ။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘဝအတွက် အကောင်းဆုံး အဖော်မွန်၊ မိမိ အသက်ရှင်နေသရွေ့ မြင်းအား ဘယ်အရာနှင့်မျှ မလဲနိုင်ဟု ငြင်းဆိုပြန်သည် ။

ကုလားအုတ်ပိုင်ရှင်က မြင်းကို အလွန် နှစ်သက်မိသဖြင့် ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး အကြံထုတ်လေ တော့သည် ။ တနေ့တွင် သူသည် အဝတ်အစား စုတ်စုတ်ပြတ်ပြတ် ဝတ်ဆင်လျက် မြင်းပိုင်ရှင် လာရာ လမ်းတနေရာတွင် ဖျားနာချင်ဟန် ဆောင်ပြီး လဲနေခဲ့သည် ။

မြင်းပိုင်ရှင်က တွေ့သောအခါ မြင်းပေါ်မှ အလျင်အမြန် ဆင်းပြီး ဖျားနေသော သူ့အား မြင်းပေါ်သို့ ပွေ့တင်လိုက်သည် ။ မြင်းပေါ်ရောက်သည်နှင့် သူသည် လူကောင်းပကတိ ဖြစ်သွားပြီး မြင်းပိုင်ရှင်အား..

“ ဒီမြင်းကို ပိုင်ဆိုင်ရဖို့ ကျွန်တော် အကြံအမျိုးမျိုး ထုတ်ခဲ့တယ် ။ တန်ဖိုးရှိတဲ့ ပစ္စည်းတွေနဲ့ လဲခဲ့တယ် ။ ခင်ဗျား လက်မခံခဲ့ဘူး ။ အခုကျွန်တော် မြင်းပေါ်ရောက်နေပြီ.. ဒီမြင်းကို ကျွန်တော် ပိုင်သွားပြီ ” ဟု ပြောလေသည် ။

မြင်းပိုင်ရှင်က “ ကောင်းပြီလေ.. မြင်းကို ခင်ဗျားပိုင်သွားပါပြီ.. ဒါပေမယ့် ခင်ဗျားထွက် မသွားခင် ကျွန်တော် စကားတခွန်း ပြောချင်သေးတယ် ။ ဒီစကားကို ခင်ဗျား သေချာ မှတ်ထားပေးပါ ”

“ မြင်းကို ကျွန်တော် ပိုင်ပြီပဲ.. တခွန်း မကဘူး..ခင်ဗျားကြိုက်သလောက် ပြောလို့ရတယ်”

“ တကယ်လို့ လူတွေက ဒီမြင်းကို ခင်ဗျား ဘယ်လို ရခဲ့လဲ လို့ မေးလာရင် အဖြစ်မှန်ကို မပြောပါနဲ့ .. ဒီစကားကို မှတ်ထားပေးပါ ”

“ ဘာလို့လဲ.. ”

“ ဒီမြင်းကို ဘယ်လို ရခဲ့တယ် ဆိုတဲ့ အကြောင်းအရင်း အမှန်ကို ခင်ဗျားပြောခဲ့ရင် နောင်တချိန် လမ်းဘေးမှာ ဖျားနာလို့ လဲနေတဲ့ လူတွေကို တွေ့ရင် ဘယ်သူက ကယ်ရဲတော့မလဲဗျာ ”

မြင်းပိုင်ရှင်၏ စကားကို ကြားလိုက်ရတဲ့အခါ ဒုတိယကုန်သည်မှာ တခဏမျှ ဆွံအ သွားခဲ့သည် ။ ထို့နောက် ရှက်ရွံ့ အားနာစွာနှင့် မြင်းပေါ်မှ ချက်ချင်း ဆင်းကာ မြင်းပိုင်ရှင်အား တောင်းပန်လေသည် ။

“ ရမ္မက်လောဘနဲ့ လိုချင် တပ်မက်တဲ့ စိတ်က ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ရိုးသားမှုကို ပုံပျက်အောင် လုပ်ခဲ့မိတယ် ။ အရှက်တရားနဲ့ နောင်တတွေ ရလိုက်ပါတယ် ။ ခင်ဗျားရဲ့ မြင်းကို ပြန်ယူပါ.. ကျွန်တော့်ကို ခွင့်လွှတ်ပါဗျာ ”

Crd

for Zawgyi

ဂုဏ္သိကၡာနဲ႔ ႐ိုးသားမႈ

တခါတုန္းက အာရပ္ကုန္သည္ တစ္ဦးတြင္ သန္မာလွပေသာ ျမင္းတစ္ေကာင္ ရွိေလသည္ ။ ထိုျမင္းသည္ တေန႔အတြင္း မိုင္ေပါင္းမ်ားစြာ ခရီးတြင္ႏိုင္ ေသာေၾကာင့္ ကုန္သည္မွာ သူ႔ျမင္းကို အလြန္ျမတ္ႏိုးသည္ ။ ကုလားအုတ္တေကာင္ ပိုင္ဆိုင္ထားေသာ ဒုတိယ ကုန္သည္ တစ္ဦးက အေျပးသန္ေသာ ထိုျမင္းကို မ်က္စိက်ခဲ့သည္ ။

တေန႔တြင္ ဒုတိယ ကုန္သည္မွာ ျမင္းပိုင္ရွင္အား ကုလားအုတ္ႏွင့္ ျမင္း လဲလွယ္ရန္ စကား ကမ္းလွမ္း ခဲ့သည္ ။ ျမင္းပိုင္ရွင္က ျငင္းဆန္ခဲ့သည္ ။ ကုန္သည္က ဤျမင္းအား ရွိသမွ် စည္းစိမ္ႏွင့္ လဲမည္ ဟု ေတာင္းဆိုျပန္သည္ ။ ျမင္းပိုင္ရွင္က ဤျမင္းသည္ မိမိဘဝအတြက္ အေကာင္းဆုံး အေဖာ္မြန္၊ မိမိ အသက္ရွင္ေနသေ႐ြ႕ ျမင္းအား ဘယ္အရာႏွင့္မွ် မလဲႏိုင္ဟု ျငင္းဆိုျပန္သည္ ။

ကုလားအုတ္ပိုင္ရွင္က ျမင္းကို အလြန္ ႏွစ္သက္မိသျဖင့္ ပိုင္ဆိုင္ႏိုင္ရန္ အမ်ိဳးမ်ိဳး အႀကံထုတ္ေလ ေတာ့သည္ ။ တေန႔တြင္ သူသည္ အဝတ္အစား စုတ္စုတ္ျပတ္ျပတ္ ဝတ္ဆင္လ်က္ ျမင္းပိုင္ရွင္ လာရာ လမ္းတေနရာတြင္ ဖ်ားနာခ်င္ဟန္ ေဆာင္ၿပီး လဲေနခဲ့သည္ ။ ျမင္းပိုင္ရွင္က ေတြ႕ေသာအခါ ျမင္းေပၚမွ အလ်င္အျမန္ ဆင္းၿပီး ဖ်ားေနေသာ သူ႔အား ျမင္းေပၚသို႔ ေပြ႕တင္လိုက္သည္ ။ ျမင္းေပၚေရာက္သည္ႏွင့္ သူသည္ လူေကာင္းပကတိ ျဖစ္သြားၿပီး ျမင္းပိုင္ရွင္အား..

“ ဒီျမင္းကို ပိုင္ဆိုင္ရဖို႔ ကြၽန္ေတာ္ အႀကံအမ်ိဳးမ်ိဳး ထုတ္ခဲ့တယ္ ။ တန္ဖိုးရွိတဲ့ ပစၥည္းေတြနဲ႔ လဲခဲ့တယ္ ။ ခင္ဗ်ား လက္မခံခဲ့ဘူး ။ အခုကြၽန္ေတာ္ ျမင္းေပၚေရာက္ေနၿပီ.. ဒီျမင္းကို ကြၽန္ေတာ္ ပိုင္သြားၿပီ ” ဟု ေျပာေလသည္ ။

ျမင္းပိုင္ရွင္က “ ေကာင္းၿပီေလ.. ျမင္းကို ခင္ဗ်ားပိုင္သြားပါၿပီ.. ဒါေပမယ့္ ခင္ဗ်ားထြက္ မသြားခင္ ကြၽန္ေတာ္ စကားတခြန္း ေျပာခ်င္ေသးတယ္ ။ ဒီစကားကို ခင္ဗ်ား ေသခ်ာ မွတ္ထားေပးပါ ”

“ ျမင္းကို ကြၽန္ေတာ္ ပိုင္ၿပီပဲ.. တခြန္း မကဘူး..ခင္ဗ်ားႀကိဳက္သေလာက္ ေျပာလို႔ရတယ္”

“ တကယ္လို႔ လူေတြက ဒီျမင္းကို ခင္ဗ်ား ဘယ္လို ရခဲ့လဲ လို႔ ေမးလာရင္ အျဖစ္မွန္ကို မေျပာပါနဲ႔ .. ဒီစကားကို မွတ္ထားေပးပါ ”

“ ဘာလို႔လဲ.. ”

“ ဒီျမင္းကို ဘယ္လို ရခဲ့တယ္ ဆိုတဲ့ အေၾကာင္းအရင္း အမွန္ကို ခင္ဗ်ားေျပာခဲ့ရင္ ေနာင္တခ်ိန္ လမ္းေဘးမွာ ဖ်ားနာလို႔ လဲေနတဲ့ လူေတြကို ေတြ႕ရင္ ဘယ္သူက ကယ္ရဲေတာ့မလဲဗ်ာ ”

ျမင္းပိုင္ရွင္၏ စကားကို ၾကားလိုက္ရတဲ့အခါ ဒုတိယကုန္သည္မွာ တခဏမွ် ဆြံအ သြားခဲ့သည္ ။ ထို႔ေနာက္ ရွက္႐ြံ႕ အားနာစြာႏွင့္ ျမင္းေပၚမွ ခ်က္ခ်င္း ဆင္းကာ ျမင္းပိုင္ရွင္အား ေတာင္းပန္ေလသည္ ။

“ ရမၼက္ေလာဘနဲ႔ လိုခ်င္ တပ္မက္တဲ့ စိတ္က ကြၽန္ေတာ္ရဲ႕ ဂုဏ္သိကၡာနဲ႔ ႐ိုးသားမႈကို ပုံပ်က္ေအာင္ လုပ္ခဲ့မိတယ္ ။ အရွက္တရားနဲ႔ ေနာင္တေတြ ရလိုက္ပါတယ္ ။ ခင္ဗ်ားရဲ႕ ျမင္းကို ျပန္ယူပါ.. ကြၽန္ေတာ့္ကို ခြင့္လႊတ္ပါဗ်ာ ”

Crd

Post a Comment

0 Comments