မင်္ဂလာပွဲမှာ တောင်းစားသူတွေကို ဖိတ်ပြီး အဝတ်အစားနဲ့ အစားအစာတွေ လှူဒါန်းခဲ့တဲ့ ဇနီးမောင်နှံ

တခါတရံမှာ လူတွေက အိမ်ခြေယာမဲ့ တောင်းစားသူတွေကို တွေ့ရင် သနားတတ်ကြပါတယ်။ သူတို့အတွက်လည်း တစ်ခုခု ကူညီပေးချင် ကြပါတယ်။ တချို့ကတော့ အိမ်ခြေယာမဲ့တွေအတွက် စွတ်ပြုတ်တွေ၊ အဝတ်အစားတွေ လှူဒါန်းခဲ့ကြပါတယ်။

စင်္ကာပူနိုင်ငံက Peng Cheng Yu နဲ့ Abraham Yeo တို့က သူတို့ရဲ့မင်္ဂလာပွဲကို လာဖို့အတွက် တောင်းစားသူတွေကို ဖိတ်ကြားခဲ့ပါတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို ခမ်းနားတဲ့ ခန်းမကြီးမှာ မကျင်းပဘဲ ဘုရားကျောင်းမှာပဲ ကျင်းပခဲ့ပါတယ်။ ဘရင်ဂျီခရစ်ယာန်တို့ရဲ့ ဝါဝင်ပွဲပုံစံအတိုင်း ကျင်းပခဲ့ပြီး မင်္ဂလာဆောင်ကို လာတဲ့သူတွေကို ဘူဖေးကျွေးပါတယ်။

မင်္ဂလာဆောင်ကို ဒီလိုကျင်းပရတဲ့ ရည်ရွယ်ချက်က အိမ်ခြေယာမဲ့ တောင်းစားသူတွေကို အလျှံအပယ် ကျွေးချင်လို့ပါ။ သူတို့မင်္ဂလာဆောင်ကို တက်ရောက်ပေးဖို့ အိမ်ခြေယာမဲ့တွေကို ဖိတ်စာကတ်ပြားလေးတွေ ပေးလိုက်တဲ့အခါ အိမ်ခြေယာမဲ့တွေက ပွဲနဲ့သင့်တော်မယ့် အဝတ်အစားမရှိလို့ ချီတုံချတုံ ဖြစ်နေကြပါတယ်။ အိမ်ခြေယာမဲ့တွေမှာ အဝတ်အစား ကောင်းကောင်းမွန်မွန် မရှိတာကြောင့် ရှက်နေကြပါတယ်။

Peng တို့ ဇနီးမောင်နှံက အိမ်ခြေယာမဲ့ တောင်းစားသူတွေကို အဝတ်အစားတွေ ပေးချင်ပေမယ့် ငွေမလောက်တော့ပါဘူး။ ကံကောင်းချင်တော့ Peng တို့ရဲ့သူငယ်ချင်းက အိမ်ခြေယာမဲ့တွေအတွက် အဝတ်အစားတွေ ပေးချင်ကြောင်း ပြောလာပြီး shopping center မှာတောင် လိုက်ဝယ်ပေးပါသေးတယ်။ မင်္ဂလာဆောင်မှာတော့ လူတိုင်းက ကြည့်ကောင်းနေပါတယ်။

Peng တို့ရဲ့ မင်္ဂလာပွဲအတွက် သူငယ်ချင်းတွေက ကူညီပေးပြီး ဓါတ်ပုံတွေလည်း ရိုက်ပေးပါတယ်။ သတို့သမီးက ငွေကို စိစစ်သုံးစွဲတတ်တာကြောင့် မင်္ဂလာဝတ်စုံကို ဖက်ရှင်းစတိုးမှာ မဝယ်ဘဲ website တစ်ခုကသာ မှာခဲ့ပါတယ် ။

သတို့သား Abraham က ဂျပန်ကို ခရီးသွားတုန်းက အိမ်ခြေယာမဲ့တွေရဲ့ ရုန်းကန်ရတဲ့ ဘဝတွေကို မြင်တွေ့ခဲ့ပါတယ်။ အဲဒီကနေ ဘုရားကျောင်းမှာ မင်္ဂလာပွဲကို ကျင်းပဖို့ စိတ်ကူးရသွားပါတယ်။ Abraham ကလည်း ငွေကို စိစစ်သုံးစွဲတတ်သူပါ ။ ဒါပေမယ့် အိမ်ခြေယာမဲ့တွေအတွက် ရက်ရက်ရောရော လှူဒါန်းပေးပါတယ်။

Peng က စင်ကာပူကို ပြန်ရောက်လာတဲ့အခါ အိမ်ခြေယာမဲ့ တောင်းစားသူတွေကို ကူညီပေးဖို့ အသင်းတစ်ခု တည်ထောင်ခဲ့ပြီး အဲဒီအသင်းမှာ ပါဝင်ကူညီပေးတဲ့ မိန်းကလေးဟာ သူ့ရဲ့ဇနီးလောင်း ဖြစ်လာခဲ့ပါတယ်။

မင်္ဂလာပွဲ ပြီးတဲ့နောက်မှာတော့ Peng တို့ ဇနီးမောင်နှံက ဂျပန်ကို ဟန်းနီးမွန်းထွက်ရင်း ဆင်းရဲသားရပ်ကွက်တွေနဲ့ နောက်ဖေးလမ်းကြားတွေကို သွားရောက်လည်ပတ်ခဲ့ ကြပါတယ်။ သူတို့ရဲ့အနာဂတ်အစီအစဉ်တွေကတော့ ကမ္ဘာတစ်ဝှမ်းက အိမ်ခြေယာမဲ့ တောင်းစားသူတွေကို ဒီထက် ကျယ်ကျယ်ပြန့်ပြန့် ကူညီပေးချင်ပြီး အိမ်ခြေယာမဲ့တွေ စုပေါင်းနေထိုင်လို့ရမယ့် ဘုရားကျောင်း ဆောက်လုပ်ပေးဖို့ပါပဲ။

Zombie (Lovemedia)

Ref- worldofbuzz

Post a Comment

0 Comments