သင့်ရဲ့ ဆံပင်တွေ ခဏခဏ ပျက်စီးစေ​နေတာ ဒီလိုအချက်​တွေ​ကြောင့်ပါ

သင်အသုံးပြုတဲ့ ခေါင်းလျှော်ရည်က ဘယ်လောက်ပဲ အကောင်းစားကြီး ဖြစ်နေပါစေ သင်ကိုယ်တိုင် ဂရုမစိုက်ရင် ဒါတွေဟာ အလကားပါပဲ။ လူတစ်ယောက်မှာ ဆံပင်ဟာ ဒုတိယမျက်နှာဖြစ်တဲ့အတွက် အလွန်ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

ဆံပင်ဆိုတာဟာ ဖြစ်သလိုထားရင် ဒါမှမဟုတ် ရေချိူးပြီးတိုင်း မျက်နှာသုတ်ပုဝါနဲ့ ထုပ်ထားခြင်းဟာ ပျက်စီးဖို့ လွယ်ကူပါတယ်။ ဒါကြောင့် သင့်ဆံပင်တွေကို ဘယ်လိုကာကွယ်ရမယ်၊ ဘာတွေရှောင်ရမယ် ဆိုတာကို ဒီနေ့မှာ ပြောပြပေးသွားပါမယ်​နော်။

၁။ အနွေးထည်ကို အမြဲဝတ်ထားခြင်း

အနွေးထည်တွေဟာ ဆောင်းတွင်းမှာ နွေးထွေးစေပေမယ့် သင့်ဆံပင်ကို ပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် သိုးမွေးပါ။ သိုးမွေးဟာ ဆံပင်နဲ့ထိရင် လျှပ်စစ်ဓာတ်ကို ထုတ်လွှတ်နိုင်တာကြောင့် သင့်ဆံပင်ကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပါတယ်။

၂။ တူနာငါး

တူနာငါးစားတာက ကျန်းမာရေးအတွက် အထောက်အကူများစွာ ဖြစ်စေပေမယ့်လည်း မာကျူရီဓာတ်များစွာ ပါဝင်နေပါတယ်။ ပုံမှန်စားရင်တော့ အကျိုးရှိပေမယ့်လည်း လွန်လွန်ကျွံကျွံ စားရင်တော့ ကျန်းမာရေး ပြဿနာတွေပါ ဖြစ်လာနိုင်တယ်လို့ ကျန်းမာရေး သုတေသီတွေက ဆိုပါတယ်။ ပြီးတော့ ပြဒါးဓာတ် မြင့်နေတာကြောင့် ဆံပင်ကျွတ်ခြင်းကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်

၃။ ဆံပင်ကိုခြောက်အောင် မသုတ်ခြင်းနှင့် ဆံပင်အခြောက်ခံစက်ကို အသုံးပြုခြင်း

လူအများစုဟာ ခေါင်းလျှော်ပြီးတာနဲ့ ဆံပင်ကို မြန်မြန်ခြောက်စေဖို့အတွက် တဘက်ကို ပေါင်းထားတတ်ကြပါတယ်။ ဒါဟာ အလွန်ကိုမှားယွင်းတဲ့ နည်းလမ်းပါ။ ဆံချည်မျှင်လေးတွေဟာ ရေစိုနေချိန်မှာ အလွန်နူးညံ့တာကြောင့် ဝါဂွမ်းတွေက ဆံပင်ကို ကျိုးကြေစေနိုင်ပါတယ်။ တဘက်တွေဟာ ဆံပင်တွေထက် ပိုမာကြောပြီး ခြောက်သွေ့တာကြောင့် ဆံပင်တွေကို နှစ်ခွဖြစ်စေပါတယ်။

ဆံပင်အခြောက်ခံစက်ကို အသုံးပြုတာများရင်တော့ ဆံသားဟာ ကျွတ်ဆတ်သွားပြီး ဆံသားမှိုင်းသွားတာကို ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် ဆံပင်အခြောက်ခံစက်ကို အသုံးပြုရင် အနည်းဆုံး (၆) လက်မ အကွာအဝေးကနေ အသုံးပြုသင့်ပါတယ်။

၄။ ရော်ဘာခေါင်းစည်းကြိုးတွေကို အသုံးများခြင်း

Ponytails နှင့် top knots လိုမျိူး ဆံပင်တွေကို ရော်ဘာခေါင်းစည်းကြိုးတွေနဲ့ ပတ်ခြင်းက အလွန်ကို ထိခိုက်စေပါတယ်။ Elastic band ရဲ့ ဖိအားက ဆံပင်အပေါ်ကို အများကြီးသက်ရောက်စေပြီးတော့ ဆံပင်ကျိုးကြေခြင်းကို ဖြစ်ပေါ်စေပါတယ်။ တကယ်လို့ သင်ဟာ ဆံပင်စည်းရတာကို ကြိုက်တတ်တဲ့သူ ဆိုရင်တော့ ချည်နဲ့လုပ်ထားတဲ့ ခေါင်းစည်းကြိုးကို သုံးတာအကောင်းဆုံးပါပဲ။

၅။ ခေါင်းလိမ်းဆီကို အရင်းကနေလိမ်းခြင်း

တချို့သောသူတွေက ဆံပင်ကောင်းဖို့အတွက်ဆိုပြီး ခေါင်းလိမ်းဆီကို ဆံပင်အရင်းကနေ လိမ်းကြပါတယ်။ ဒါဟာ အလွန်ကို မှားယွင်းတဲ့ နည်းလမ်းပါ။ ဘာလို့လဲဆိုတော့ ဒီလိုလိမ်းလိုက်ခြင်းဟာ ဆံပင်အမြစ်ကိုပါ ချောသွားစေပြီးတော့ ဆံပင်ကို ပျက်စီးလွယ်စေပါတယ်။ ဒါကြောင့် ခေါင်းလိမ်းဆီ လိမ်းမယ်ဆိုရင် ဆံပင်အပေါ်ယံတွေမှာသာ လိမ်းသင့်ပါတယ်။

၆။ ခေါင်းကို တစ်ခါတလေမှလျှော်ခြင်း

ခေါင်းကို တစ်ခါတလေမှ လျှော်တာကတော့ အချွေတာဆုံး နည်းလမ်းဖြစ်ပေမယ့်လည်း ကြာလာရင်တော့ ဦးရေပြားယားယံတာတွေ၊ ခြောက်သွေ့တာတွေ၊ မွဲခြောက်တာတွေ စတာတွေကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုဖြစ်စဉ်တွေဟာ ကြာလာရင် ဆံပင်ကျွတ်တာတွေကို ဖြစ်လာစေပြီး အသစ်ထွက်လာမယ့် ဆံပင်တွေကိုလည်း ရပ်တန့်စေပါတယ်။ ပြီးတော့ ခေါင်းမလျှော်ခြင်း များလာတဲ့အခါမှာလည်း ဗောက်တွေထလာနိုင်ပါတယ်။

၇။ မျက်မှန်ကို ခေါင်းပေါ်အမြဲ တင်ထားတယ်။

မျက်မှန်ကို ခေါင်းပေါ်တင်ထားလာဖန်များရင်တော့ သင့်ကိုထိပ်ပြောင်ကြီး ဖြစ်လာစေမှာပါ။ ဒီလိုလုပ်ခြင်းဟာ ဦးရေပြားကို သွေးစီးဆင်းမှု လျော့ကျစေပြီးတော့ ဆံပင်ကြီးထွားမှုကို နှေးကွေးစေပါတယ်။ ဒါကြောင့် ခေါင်းပေါ်ကို မျက်မှန်မတင်ထားတာက အကောင်းဆုံးပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments