နှစ်ယောက်လုံး ကိုဗစ်ဗိုင်းရပ်စ် ဖြစ်နေပေမယ့် ဇနီးကို ဂရုစိုက်ပေးနေတဲ့ အသက် ၈၇ နှစ် အရွယ်အဘိုး (ရုပ်သံ)

အချစ်စစ် ဆိုတာ အဆုံး မရှိပါဘူး။ တကယ် ချစ်သွားပြီဆိုရင် အခက်အခဲတွေ ဘယ်လိုပဲ တွေ့တွေ့ အတူတူ ရင်ဆိုင်နိုင်သွားပါတယ်။ တရုတ်နိုင်ငံက အဘိုးအဘွားစုံတွဲမှာ နှစ်ဦးလုံးက ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံနေရပါတယ်။

ကိုယ်ခံအားနည်းသူတွေ၊ သက်ကြီးရွယ်အိုတွေဆိုရင် အဲဒီ ဗိုင်းရပ်စ်က ပိုကူးစက်လွယ်ပါတယ်။ အသက် ၈၇ နှစ်အရွယ် အဘိုးနဲ့ ၈၃ နှစ်အရွယ် အဘွားတို့မှာလည်း ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံနေရပြီး နှစ်ယောက်လုံး ဆေးရုံတက်နေရပါတယ်။

သူတို့နှစ်ယောက်ဟာ ဆေးရုံမှာ အခန်းချင်းကပ်ရက် နေခွင့်ရပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ အဘွားက ဆေးအကူကျွေးတဲ့ အစားအစာကို ခေါင်းမာပြီး မစားပါဘူး။ အဲဒီအခါမှာပဲ အဘိုးနဲ့ အဘွားကြားက မေတ္တာစစ်က ပေါ်လွင်လာပါတယ်။

အဘိုးက အဘွားရဲ့ ကုတင်ဘေးမှာ ထိုင်ပြီး အစားကို ချော့ကျွေးပါတယ်။ နောက်တော့ အဘွားလည်း ဆက်ခေါင်း မမာနိုင်တော့ဘဲ အဘိုးကျွေးတာကို စားလိုက်ရပါတော့တယ်။

ဒီ video လေးက တရုတ်ရဲ့ social media တွေ အကြားမှာ အတော်ကို ပျံ့နှံ့သွားခဲ့ပြီး အဘိုးနဲ့အဘွား နေပြန်ကောင်းလာဖို့ ဆုတောင်းပေးနေကြပါတယ်။

ရုပ်သံ

Zombie (Lovemedia)

Ref - Worldofbuzz

Post a Comment

0 Comments