အဖွားတွေဟာ သားသမီးတွေထက် မြေးတွေကို ပိုချစ်ကြောင်း ဖော်ပြနေတဲ့အချက်တွေ

အဘွားတွေနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးရှိတဲ့ မြေးတွေက စိတ်ပိုပျော်ရွှင် ရတယ်လို့ ဆိုပါတယ်။ အဘွားတွေက မြေးတွေကို တစ်ခါတရံမှာ သူတို့ရဲ့ သားသမီးတွေထက် ပိုချစ်ကြပါတယ်။

အသက်ကြီးလာတဲ့ အဘိုးအဘွားတွေက စိတ်ထားက ပိုပိုပြီး နူးညံ့လာကြပါတယ် ။ အဘွားတွေက ဘဝမှာ ဖြတ်သန်းလာတဲ့ အတွေ့အကြုံတွေက များနေပြီ ဆိုတော့ လူ့လောကထဲကို စတင်ဝင်လာတဲ့ မြေးတွေကို တခြားသူတွေ ပိုချစ်၊ ပိုနားလည်ပေးနိုင်ကြပါတယ် ။

သင့်မှာ မြေးတစ်ယောက် ရှိလာပြီဆိုရင် ဒီလို ပျော်ရွှင်မှုမျိုးကို ခံစားရမှာပါ။ မြေးတွေကလည်း အဘိုးအဘွားတွေကို ပျော်ရွှင်စေပြီး အသက်ရှည်အောင် လုပ်ပေးနိုင်ကြပါတယ်။ အလုပ်ကနေ အနားယူလိုက်တဲ့အခါ အဘွားတွေက မြေးတွေနဲ့ ပိုပြီး နီးနီးကပ်ကပ် ရှိလာကြပါတယ်။

မိဘနဲ့ ကလေးကြားမှာ တစ်ခါတရံ နားလည်မှုလွဲတာတွေ ရှိတတ်ကြပါတယ်။ အဘွားတွေကြတော့ သူတို့ဖြတ်သန်းလာရတဲ့ အတွေ့အကြုံအရ မြေးတွေကို နားလည်ပေးနိုင်ပြီး မကောင်းတဲ့ အရာတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပေးတတ်ကြပါတယ်။

အဘွားတွေက သူတို့သားသမီးတွေတုန်းက မလုပ်ပေးလိုက်ရတဲ့ အရာတွေကို မြေးတွေ လက်ထက်မှာ လုပ်ပေးလိုကြပါတယ်။ သူတို့ရဲ့မျိုးဆက် အသစ်တွေကို ပိုပြီး အောင်မြင်စေဖို့ မျှော်လင့်ချက်တွေလည်း ထားကြပါတယ်။ အဘွားတွေက မြေးတွေအတွက် သူတို့ရဲ့မေတ္တာ၊ တာဝန်ယူမှု၊ ဂရုစိုက်မှုတွေကို ဖော်ပြဖို့ အမြဲအဆင်သင့် ရှိနေကြပါတယ်။

မိဘတွေက ကလေးတွေရဲ့ အခြေခံလိုအပ်ချက်တွေ၊ ပညာရေးအတွက် တွေးပူရပါသေးတယ်။ အဘွားတွေကတော့ မိဘတွေလောက် မပူရပါဘူး။ အဘွားတွေက မြေးတွေကို မိဘတွေလောက် လုပ်မပေးရပေမယ့် အဘွားတွေက မြေးတွေအတွက် အလွန်ကို အရေးပါပါတယ်။ ဘာ့ကြောင့်လဲ ဆိုတော့ အဘွားတွေက မြေးတွေအတွက် စိတ်ခွန်အားပေးပြီး လမ်းပြပေးနိုင်တဲ့သူတွေ ဖြစ်နေလို့ပါပဲ။

Zombie (Lovemedia)

Post a Comment

0 Comments