အကောင်းမြင်စိတ်ရှိသူ

တခါတုန်းကပေါ့.. မျက်လုံးတဖက် ကန်းပြီး ခြေတချောင်း မရှိတဲ့ သူဋ္ဌေးကြီး တယောက် ရှိသတဲ့ ။ တနေ့မှာ သူဋ္ဌေးကြီးဟာ အတော်ဆုံး ပန်းချီဆရာတွေကို ခေါ်ပြီး သူ့ရဲ့ပုံတူ ပန်းချီကားကို အလှဆုံးနဲ့ အကောင်းဆုံး ဖြစ်အောင် ရေးဆွဲပေးဖို့ ပြောသတဲ့ ။

ပန်းချီဆရာတွေ ကလည်း မျက်စိတဖက်လပ် ၊ ခြေတချောင်း မရှိတဲ့ ပုံတူကို အလှဆုံးဖြစ်အောင် ရွေးဆွဲဖို့ ဆိုတော့ လက်တွန့် နှုတ်ဆိတ်နေ ကြတာပေါ့.. ။ အဲဒီမှာပဲ ပန်းချီဆရာ တစ်ယောက်ဟာ သူဋ္ဌေးကြီးရဲ့ ပုံတူ ပန်းချီကားကို အလှဆုံး ၊ အကောင်းဆုံး ဖြစ်အောင် ရွေးဆွဲဖို့ ကတိပြုလိုက် ပါသတဲ့.. ။

ပီးတော့ ပန်းချီဆရာဟာ ပုံတူ ပန်းချီကားကို စတင် ရေးဆွဲ ပါတော့တယ် ။ ပန်းချီကား ရေးဆွဲပြီးတဲ့ အခါမှာတော့ မြင်ရသူ အားလုံး တအံ့တသြနဲ့ ငေးမော ချီးကျူး ကြပါသတဲ့ ။

" တကယ်ကိုပဲ သူဋ္ဌေးကြီးရဲ့ ပုံတူ အလှဆုံးနဲ့ အကောင်းဆုံး ပန်းချီကားပဲ " လို့လည်း မှတ်ချက် ပြုလိုက်ကြ ပါသတဲ့ ။

ပန်းချီကားထဲမှာတော့.. သူဋ္ဌေးကြီးဟာ မျက်လုံးတစ်ဖက်ကို ပိတ်ထားပြီး မြင်းကို ခွစီးကာ သားကောင်ကို လေးမြားတို့ဖြင့် ချိန်ရွယ်လို့ အမဲလိုက်နေတဲ့ ပုံပဲ ဖြစ်ပါတယ် ။

...

ဒီပုံပြင်ကို ဖတ်ပြီး တွေးကြည့်မိတာကတော့..

ပန်းချီဆရာချင်း တူပါလျက် တခြား ပန်းချီဆရာတွေ ကရော သူ့လို ဘာကြောင့်များ မတွေးမိပါလိမ့်.. ။ အတတ်ပညာချင်း တူလျှင် အသိပညာချင်း ကွာခြား ပါလိမ့်မယ် ။

အသိပညာချင်း တူလျှင် အလှကို ခံစားတတ်တဲ့ နှလုံးသားချင်း ကွာခြားပါလိမ့်မယ် ။ တခြားသူတွေရဲ့ အားနည်းချက်ကို မြင်ဖို့က လွယ်ကူပြီး ၊ အကောင်းမြင်စိတ်လေး မွေးတတ်ဖို့က ခက်ခဲနေကြလို့ပဲ ဖြစ်ပါတယ်။

ဓမ္မအလင်းရောင်

for zawgyi

အေကာင္းျမင္စိတ္ရိွသူ

တခါတုန္းကေပါ့.. မ်က္လုံးတဖက္ ကန္းၿပီး ေျခတေခ်ာင္း မရွိတဲ့ သူေ႒းႀကီး တေယာက္ ရွိသတဲ့ ။ တေန႔မွာ သူေ႒းႀကီးဟာ အေတာ္ဆုံး ပန္းခ်ီဆရာေတြကို ေခၚၿပီး သူ႔ရဲ႕ပုံတူ ပန္းခ်ီကားကို အလွဆုံးနဲ႔ အေကာင္းဆုံး ျဖစ္ေအာင္ ေရးဆြဲေပးဖို႔ ေျပာသတဲ့ ။

ပန္းခ်ီဆရာေတြ ကလည္း မ်က္စိတဖက္လပ္ ၊ ေျခတေခ်ာင္း မရွိတဲ့ ပုံတူကို အလွဆုံးျဖစ္ေအာင္ ေ႐ြးဆြဲဖို႔ ဆိုေတာ့ လက္တြန႔္ ႏႈတ္ဆိတ္ေန ၾကတာေပါ့.. ။ အဲဒီမွာပဲ ပန္းခ်ီဆရာ တစ္ေယာက္ဟာ သူေ႒းႀကီးရဲ႕ ပုံတူ ပန္းခ်ီကားကို အလွဆုံး ၊ အေကာင္းဆုံး ျဖစ္ေအာင္ ေ႐ြးဆြဲဖို႔ ကတိျပဳလိုက္ ပါသတဲ့.. ။

ပီးေတာ့ ပန္းခ်ီဆရာဟာ ပုံတူ ပန္းခ်ီကားကို စတင္ ေရးဆြဲ ပါေတာ့တယ္ ။ ပန္းခ်ီကား ေရးဆြဲၿပီးတဲ့ အခါမွာေတာ့ ျမင္ရသူ အားလုံး တအံ့တၾသနဲ႔ ေငးေမာ ခ်ီးက်ဴး ၾကပါသတဲ့ ။

" တကယ္ကိုပဲ သူေ႒းႀကီးရဲ႕ ပုံတူ အလွဆုံးနဲ႔ အေကာင္းဆုံး ပန္းခ်ီကားပဲ " လို႔လည္း မွတ္ခ်က္ ျပဳလိုက္ၾက ပါသတဲ့ ။

ပန္းခ်ီကားထဲမွာေတာ့.. သူေ႒းႀကီးဟာ မ်က္လုံးတစ္ဖက္ကို ပိတ္ထားၿပီး ျမင္းကို ခြစီးကာ သားေကာင္ကို ေလးျမားတို႔ျဖင့္ ခ်ိန္႐ြယ္လို႔ အမဲလိုက္ေနတဲ့ ပုံပဲ ျဖစ္ပါတယ္ ။

...

ဒီပုံျပင္ကို ဖတ္ၿပီး ေတြးၾကည့္မိတာကေတာ့..

ပန္းခ်ီဆရာခ်င္း တူပါလ်က္ တျခား ပန္းခ်ီဆရာေတြ ကေရာ သူ႔လို ဘာေၾကာင့္မ်ား မေတြးမိပါလိမ့္.. ။ အတတ္ပညာခ်င္း တူလွ်င္ အသိပညာခ်င္း ကြာျခား ပါလိမ့္မယ္ ။

အသိပညာခ်င္း တူလွ်င္ အလွကို ခံစားတတ္တဲ့ ႏွလုံးသားခ်င္း ကြာျခားပါလိမ့္မယ္ ။ တျခားသူေတြရဲ႕ အားနည္းခ်က္ကို ျမင္ဖို႔က လြယ္ကူၿပီး ၊ အေကာင္းျမင္စိတ္ေလး ေမြးတတ္ဖို႔က ခက္ခဲေနၾကလို႔ပဲ ျဖစ္ပါတယ္။

ဓမၼအလင္းေရာင္

Post a Comment

0 Comments