အမှီအခိုကင်းပီး ထက်မြတ်တဲ့ မိန်းခလေးတွေရဲ့ အချစ်ကို ရယူနိုင်ဖို့ နည်းလမ်း (၁၀) ခု

အမှီအခိုကင်းတဲ့ မိန်းကလေးတွေဟာ စိတ်မာတယ်။ တက်ကြွတယ်။ အကျိုးအကြောင်းကို ဆက်စပ်တွေးခေါ်တယ်။ သူ့အတွက်သူ အမြဲ စဉ်းစားတယ်။ အမှီအခို ကင်းပြီး ထက်မြတ်လှတဲ့ မိန်းကလေးဘေးမှာ နေဖို့ ဆိုရင် သူနဲ့ အမှီလိုက်နိုင်ဖို့ လိုပါတယ်။ အဲဒီလို မိန်းကလေးမျိုးကိုမှ ချစ်မိပြီ ဆိုရင်တော့ အတော်လေး ကြိုးစားရပါလိမ့်မယ်။

၁ ။ စိတ်ရှည်တတ်အောင် လေ့ကျင့်ပါ

သူမဟာ ခက်ထန်ပြီး ရန်လိုတတ်တဲ့ အကျင့်လေး ရှိပါတယ်။ သူမ ဘဝမှာ သူမသာ ဘုရင်မ ဖြစ်ခဲ့တာ မဟုတ်လား။ အဲဒီတော့ တစ်ခုခုကို သူမ မထိန်းချုပ်နိုင်တော့ဘူးဆိုရင် ပေါက်ကွဲပါလိမ့်မယ်။ နားလည်မှုနဲ့ စိတ်ရှည်လက်ရှည် သူမကို ကူညီပေးပါ။

၂ ။ အမှီအခို ကင်းကင်းနဲ့ ရှိနေပါစေ

သူမဟာ သူမအပေါ် လာမှီခိုမယ့်သူ၊ အရာရာ သူမရဲ့ ခွင့်ပြုမှုကို တောင်းဆိုတဲ့သူမျိုးကို မလိုချင်ပါဘူး။ ကိုယ့်လမ်းကိုယ် လျှောက်ပြီး ကိုယ့်ရဲ့ ရည်မှန်းချက်တွေကို ကိုယ့်ဘာသာ အကောင်အထည် ဖော်ပါ။ သင်ဟာ အမှီအခိုကင်းတယ် ဆိုတာ သူမမြင်အောင် ပြပါ။

၃ ။ ဆုံးဖြတ်ချက်ချရာမှာ သူမကို ပါဝင်ပါစေ

အမှီအခို ကင်းတဲ့ မိန်းမတစ်ယောက်အတွက် ဆုံးဖြတ်ချက်တွေကို ကိုယ်က ချပေးတာမျိုး ဘယ်တော့မှ မလုပ်မိပါစေနဲ့။ ဘယ်လို ကိစ္စမျိုးမှာပဲဖြစ်ဖြစ် သင်က အတူတကွ လုပ်ဆောင်ပေးရာမှာ အဖော်ကောင်း တစ်ယောက် ဖြစ်တယ်ဆိုတာ သူမ ခံစားရအောင် လုပ်ပါ။ သူမရဲ့ စိတ်ကူးတွေကို မေးပြီး သူမပြောသမျှကို သင် အလေးထားတယ်လို့ သူမ ခံစားရအောင် လုပ်ပါ။

၄ ။ ဦးဆောင်ပါ

ဆုံးဖြတ်ချက်တွေ ချတော့မယ် ဆိုရင် အမှီအခိုကင်းတဲ့ အမျိုးသမီးက သူ့ရဲ့ သဘာဝအတိုင်း သူတို့က အရင် ဦးအောင် လုပ်တတ်ကြတယ်။ သူတို့ကို အမြဲ ဦးဆောင် အနိုင်ယူဖို့ မဟုတ်ပါဘူး။ သင် ဦးဆောင်ရမယ့် အချိန်မှာ ခက်ခဲတဲ့ ပြဿနာတွေကို လွယ်လွယ်ကူကူနဲ့ သင်ဘယ်လို ရှင်းသွားနိုင်တယ်ဆိုတာ သူ့ကို ပြလိုက်ပါ။ သူမ လုံးဝ မျှော်လင့်မထားတဲ့ အစီအစဉ်တွေနဲ့ သူမကို အံ့သြသွားပါစေ။

၅ ။ စိန်ခေါ်မှုတွေကို လက်ခံ အနိုင်ယူပါ

သူမရဲ့ ပါးစပ်ကတော့ ထုတ်ပြောချင်မှ ပြောမှာ ဖြစ်ပေမဲ့ သူမရဲ့ လက်တွဲဖော်အတွက် သူမရဲ့ မျှော်လင့်ချက်တွေ မြင့်မားပါတယ်။ အဲဒါကြောင့် သင့်ရဲ့ လုပ်ဆောင်ချက်တွေက ဘယ်လောက် ကောင်းတယ် ဆိုတာ သူမသိအောင် ပြပါ။

၆ ။ တာဝန် ယူတတ်ပါ

သင်တို့နှစ်ဦးရဲ့ ဆက်ဆံရေးနဲ့ မဆိုင်ပါဘူး။ ကိုယ့်ရဲ့ တာဝန်တွေကို ယောက်ျားကောင်း တစ်ယောက်အနေနဲ့ လျစ်လျူမရှုတတ်ကြောင်း ပြသပါ။

၇ ။ သူမ မတတ်တာ သင်ပေးပါ

သူမဟာ အမြဲ သင်ယူလိုစိတ် ရှိသူပါ။ သူမ စိတ်ဝင်စားမယ့် အရာတစ်ခုခုမှာ သင်ကျွမ်းကျင်နေတယ် ဆိုရင် သင်ပေးလိုက်ပါ။

၈ ။ သူမကို အားပေးပါ

အမှီအခို ကင်းတဲ့ အမျိုးသမီး တစ်ယောက်အတွက် အလုပ်က ပထမ ဦးစားပေး ပါပဲ။ သူမရဲ့ အတတ်ပညာနဲ့ ပတ်သက်လာတဲ့အခါ သူမကို အားပေးပြီး လိုအပ်ချိန်မှာ သူမဘေးကနေ တိုက်တွန်းပေးပါ။

၉ ။ သတ္တိရှိပါ

သင်က အရွယ်ရောက်နေတဲ့ အမျိုးသား တစ်ယောက်ပါ။ ကလေး မဟုတ်ပါဘူး။ သင့်ဘဝကို ကောင်းကောင်း ဦးဆောင်ပါ။ သင့် အိပ်မက်တွေကို သိပြီး အကောင်အထည် ဖော်ဖို့ ကြိုးစားပါ။

၁၀ ။ စွန့်စားမှုတွေ လုပ်ဆောင်ပါ

သူမ တယောက်ထဲနဲ့ အရာရာကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့တာ မမေ့ပါနဲ့။ သင့်ရဲ့ ထူးခြားမှုတွေကို သူမ သိအောင် လုပ်ပါ။ စားသောက်ဆိုင်မှာ သာမန် ဒိတ်တစ်ခု လုပ်မယ့်အစား သူမကို စွန့်စားမှု တစ်ခုဆီ ခေါ်ဆောင်သွားပါ။

The Bolde

Post a Comment

0 Comments