မျက်စိမမြင်တဲ့ခွေးလေးကို ကူညီဆော့ပေးတဲ့ သူငယ်ချင်းခွေးလေး

ရွှေရောင် အမွှေးပွခွေးကြီးတွေက တခြားသူတွေနဲ့ ရောရောနှောနှော နေတတ်ပါတယ်။ ပြီးတော့ တခြားခွေးတွေကိုလည်း ကယ်တင်ပေးဖို့ အဆင်သင့် ဖြစ်နေပါတယ်။ သခင်ပိုင်ဆိုင်တဲ့ တခြား တိရစ္ဆာန်တွေကိုလည်း ကူညီစောင့်ရှောက်ပေးပါတယ်။ ရွှေရောင် အမွှေးပွခွေးတွေက တစ်ခြားတိရစ္ဆာန်တွေနဲ့ သူငယ်ချင်း ဖြစ်လွယ်ပြီး ဖေးမတတ်ကြပါတယ်။

ဒီခွေးလေး နှစ်ကောင်ကတော့ သူငယ်ချင်း ဖြစ်ပြီးတဲ့နောက်မှာတော့ ခွဲလို့ မရတော့ပါဘူး။ သူတို့ ရင်းနှီးပျော်ရွှင်မှုက လူတွေဆီကိုပါ အပျော်ကူးဆက် စေပါတယ်။ Charlie ဆိုတဲ့ ရွှေအိုရောင်ခွေးလေးက မျက်လုံးနှစ်ဖက်လုံး ရေတိမ်ဆွဲပြီး မမြင်ရတော့ပါဘူး။

Mr Stipe နဲ့ Mrs Stipe က Charlie အတွက် စိတ်မကောင်းဖြစ်ပြီး Charlie ပျော်သွားအောင် နှစ်သစ်ကူးလက်ဆောင်ပေးဖို့ စိတ်ကူးရသွားပါတယ်။ Charlie မှာ သူငယ်ချင်းလေး ရပြီးနောက် သူ့ရဲ့ဘဝဟာ ပျော်ရွှင်လာပါတယ်။ သူတို့နှစ်ကောင်ဟာ အခင်ဆုံး သူငယ်ချင်းတွေ ဖြစ်လာကြပါတယ်။

Maverick ဆိုတဲ့ ခွေးလေးက Stripe မိသားစုရဲ့ အိမ်ကိုရောက်လာတဲ့ Charli ရဲ့သူငယ်ချင်းလေးပါ။ Charlie နဲ့ Maverick က အသက် အတူတူပါပဲ။ ဒါပေမယ့် Maverick က ချစ်စရာကောင်းတဲ့ခွေးလေး မဟုတ်ပါဘူး။ သူက Charlie ကိုသာမက Stripe မိသားစုတစ်ခုလုံးကိုပါ ပျော်ရွှင်စေတဲ့ ကောင်လေးပါ။

Maverick က Charlie ရဲ့ ဘဝကို သိသွားပြီး ကစားတဲ့နေရာမှာ ကူညီပေးပါတယ်။ Charlie က အရုပ်ရှာမတွေ့ရင် Maverick က ယူလာပေးပြီး ပျော်ပျော်ရွှင်ရွှင် ဆက်ဆော့ကစားကြ ပါတယ်။ နောက်တော့ Maverick က Charlie ရဲ့ မျက်လုံးလေးတွေလို ဖြစ်လာပါတယ်။

Maverick က Charlie ကို အရှေ့ကနေ လမ်းပြပေးပါတယ်။ ချစ်စရာကောင်းတဲ့ သူတို့လေးတွေဟာ အတူသွား၊ အတူစား၊ အတူအိပ်၊ အတူဆော့ကြပါတယ်။ Charlie ကလည်း Maverick ကို လိမ်လိမ်မာမာ နေဖို့သင်ပေးပါတယ်။ အခုဆိုရင် Maverick ရဲ့ ကျေးဇူးကြောင့် Charlie ဟာ ဝေဒနာတွေ သက်သာသွားပြီး ပျော်ရွှင်လာပါပြီ။

Zombie (Lovemedia)

for zawgyi

မ်က္စိမျမင္တဲ့ေခြးေလးကို ကူညီေဆာ့ေပးတဲ့ သူငယ္ခ်င္းေခြးေလး

ေ႐ႊေရာင္ အေမႊးပြေခြးႀကီးေတြက တျခားသူေတြနဲ႔ ေရာေရာေႏွာေႏွာ ေနတတ္ပါတယ္။ ၿပီးေတာ့ တျခားေခြးေတြကိုလည္း ကယ္တင္ေပးဖို႔ အဆင္သင့္ ျဖစ္ေနပါတယ္။ သခင္ပိုင္ဆိုင္တဲ့ တျခား တိရစာၦန္ေတြကိုလည္း ကူညီေစာင့္ေရွာက္ေပးပါတယ္။ ေ႐ႊေရာင္ အေမႊးပြေခြးေတြက တစ္ျခားတိရစာၦန္ေတြနဲ႔ သူငယ္ခ်င္း ျဖစ္လြယ္ၿပီး ေဖးမတတ္ၾကပါတယ္။

ဒီေခြးေလး ႏွစ္ေကာင္ကေတာ့ သူငယ္ခ်င္း ျဖစ္ၿပီးတဲ့ေနာက္မွာေတာ့ ခြဲလို႔ မရေတာ့ပါဘူး။ သူတို႔ ရင္းႏွီးေပ်ာ္႐ႊင္မႈက လူေတြဆီကိုပါ အေပ်ာ္ကူးဆက္ေစပါတယ္။ Charlie ဆိုတဲ့ ေ႐ႊအိုေရာင္ေခြးေလးက မ်က္လုံးႏွစ္ဖက္လုံး ေရတိမ္ဆြဲၿပီး မျမင္ရေတာ့ပါဘူး။ Mr Stipe နဲ႔ Mrs Stipe က Charlie အတြက္ စိတ္မေကာင္းျဖစ္ၿပီး Charlie ေပ်ာ္သြားေအာင္ ႏွစ္သစ္ကူးလက္ေဆာင္ေပးဖို႔ စိတ္ကူးရသြားပါတယ္။

Charlie မွာ သူငယ္ခ်င္းေလး ရၿပီးေနာက္ သူ႔ရဲ႕ဘဝဟာ ေပ်ာ္႐ႊင္လာပါတယ္။ သူတို႔ႏွစ္ေကာင္ဟာ အခင္ဆုံး သူငယ္ခ်င္းေတြ ျဖစ္လာၾကပါတယ္။ Maverick ဆိုတဲ့ ေခြးေလးက Stripe မိသားစုရဲ႕ အိမ္ကိုေရာက္လာတဲ့ Charli ရဲ႕သူငယ္ခ်င္းေလးပါ။ Charlie နဲ႔ Maverick က အသက္ အတူတူပါပဲ။ ဒါေပမယ့္ Maverick က ခ်စ္စရာေကာင္းတဲ့ေခြးေလး မဟုတ္ပါဘူး။ သူက Charlie ကိုသာမက Stripe မိသားစုတစ္ခုလုံးကိုပါ ေပ်ာ္႐ႊင္ေစတဲ့ ေကာင္ေလးပါ။

Maverick က Charlie ရဲ႕ ဘဝကို သိသြားၿပီး ကစားတဲ့ေနရာမွာ ကူညီေပးပါတယ္။ Charlie က အ႐ုပ္ရွာမေတြ႕ရင္ Maverick က ယူလာေပးၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ဆက္ေဆာ့ကစားၾက ပါတယ္။ ေနာက္ေတာ့ Maverick က Charlie ရဲ႕ မ်က္လုံးေလးေတြလို ျဖစ္လာပါတယ္။

Maverick က Charlie ကို အေရွ႕ကေန လမ္းျပေပးပါတယ္။ ခ်စ္စရာေကာင္းတဲ့ သူတို႔ေလးေတြဟာ အတူသြား၊ အတူစား၊ အတူအိပ္၊ အတူေဆာ့ၾကပါတယ္။ Charlie ကလည္း Maverick ကို လိမ္လိမ္မာမာ ေနဖို႔သင္ေပးပါတယ္။ အခုဆိုရင္ Maverick ရဲ႕ ေက်းဇူးေၾကာင့္ Charlie ဟာ ေဝဒနာေတြ သက္သာသြားၿပီး ေပ်ာ္႐ႊင္လာပါၿပီ။

Zombie (Lovemedia)

Post a Comment

0 Comments