ဟန်ဆောင်တဲ့ယောကျ်ားနဲ့ တကယ်ချစ်မြတ်နိုးတဲ့ယောကျ်ား

မိန်းခလေး တစ်ယောက်က သူ့ချစ်သူ ကောင်လေးနဲ့ ၆ နှစ်ကြာတဲ့အထိ လက်တွဲ ခဲ့တယ် ။ ဒါပေမဲ့ ချစ်သူကောင်လေးက သူမကို လက်ထပ်ယူဖို့ စိတ်ကူး မရှိခဲ့ဘူး ။ အဲဒါကြောင့် ဒီ ၆ နှစ်ကြာ အချစ်ဇာတ်လမ်းကို သူမ ဖြတ်တောက်ပြစ်ဖို့ ရွေးချယ် လိုက်တယ် ။

သူမရဲ့ အခုလက်ရှိ လင်ယောကျ်ားကို အိမ်ထောင်ဖက်တွေ့တဲ့ အနေနဲ့ စတွေ့တဲ့ အချိန်တုန်းက သူမ အိမ်ထောင်ပြုချင်ပြီလို့ ပြောခဲ့တယ် ။ သူမရဲ့ ယောကျ်ားက တချက် ပြုံးသွားတယ် ။ အတူတူ ထမင်းစားခဲ့ကြပြီး ပျော်ရွှင်စွာ စကားတွေ ပြောခဲ့ကြတယ် ။ နောက်တနေ့ သူတို့ ၂ ယောက်လုံးက အိမ်မှာရှိတဲ့ မိဘတွေကို ပြောလိုက် ကြတယ် ။

၁ ပတ်လောက် ကြာတဲ့အခါ သူတို့ စေ့စပ်ကြတယ် ။ ၂ ပတ်လောက် ကြာပြီးနောက် သူတို့ လက်ထပ်သွားကြတယ် ။ အခု ၄ နှစ် ရှိသွားခဲ့ပြီ ။ သူတို့မှာ ၃ နှစ် အရွယ် သားလေးတယောက်နဲ့ ပျော်ရွှင်စွာ အတူတူ နေထိုင်နေကြတယ် ။ အဲဒီ မိန်းခလေးက ပြောခဲ့တယ် ။ လူတယောက်က နင့်ကိုချစ်တယ် .. မချစ်ဘူး ဆိုတာ အတူတူ တွဲခဲ့တဲ့အချိန် ဘယ်လောက် ကြာခဲ့သလဲ ဆိုတာ မဟုတ်ပဲ သူက နင်ကို ကတိတခု ပေးနိုင်တာပါပဲ ။

နောက်ပြန်လှည့်တာ ပြန် အဖက်ဆယ်တာတွေ ငါမသိဘူး ။ ငါသိတာက ငါ့ကို ချစ်တဲ့သူက ငါ့နားက ထွက်သွားမှာ မဟုတ်ဘူး ။ ဘာဖြစ်လို့လဲ ဆိုတော့ ငါဝမ်းနည်းမယ် ဆိုတာ သူသိနေလို့ပဲ ။ အိပ်ချင်ယောင် ဆောင်သူကို နိုးရခက်တယ် ။ မချစ်တတ်တဲ့သူကို ပြောရခက်တယ် ။

ဒီလောကကြီးထဲမှာ မချစ်တဲ့ အကြောင်းပြချက်တွေ အများကြီးပဲ အလုပ်မအားတာ ၊ ပင်ပန်းတာ နင့်အတွက် ကောင်းစေချင်လို့ပါ ဆိုတာတွေပေါ့ ။ ချစ်တယ် ဆိုတာကျတော့ ဖော်ပြမှု တခုပဲ ရှိတယ် ။ အဲဒါက နင်နဲ့ အတူ နေချင်တယ် ။ နင့်ကို သာယာပျော်ရွှင်တဲ့ မိသားစုလေး ပေးချင်တယ် ။

မိန်းမတွေ ဗိုက်ဆာလောင် နေတဲ့အချိန်မှာ ဟန်ဆောင်တတ်တဲ့ ယောကျ်ားက " နင်စားဖို့ တခုခု သွားဝယ်ပေးရမလား " လို့ ပြောလိမ့်မယ် ။ တကယ်ချစ်တဲ့ ယောကျ်ားက " လာ.. ထမင်းသွား စားကြမယ် " ဆိုပြီး ပြောလိမ့်မယ် ။

မိန်းမတွေရဲ့ မွေးနေ့ကို ရောက်လာတဲ့အခါ ဟန်ဆောင်တတ်တဲ့ ယောကျ်ားက " နင်ဘာကြိုက်လဲ " လို့ မေးတတ်တယ် ။ တကယ်ချစ်တဲ့ ယောက်ျားက " မိန်းမရှေ့မှာ လက်ဆောင် ချပေးပြီး ဒါ နင့်အတွက် လက်ဆောင် " လို့ ပြောတတ် ကြတယ်။

မိန်းမတွေ ခရီးသွားပီး ပြန်လာရင် ဟန်ဆောင်တတ်တဲ့ ယောက်ျားက " ကိုယ်လာကြိုရမလား " လို့ ပြောတတ်ကြတယ် ။ တကယ်ချစ်တဲ့ ယောကျ်ားက " ကားဂိတ်မှာ ကိုယ်စောင့်နေမယ် " လို့ ပြောတယ် ။ လူတယောက် အတွက် တဘဝစာ မှန်ကန်တဲ့ ရွေးခြယ်မှုက အရေးကြီးဆုံးပါပဲ ။

သင့်ကို နွေးထွေးယုယမှု မပေးနိုင်တဲ့ ယောကျ်ားတစ်ယောက်ဟာ သင့်ကို ပြသနာအရှုပ်ထုတ်တွေပဲ ဖန်တီးပေးနေပါလိမ့်မယ်။

General Knowledge

Post a Comment

0 Comments