သင်သူ့ကို တကယ်ချစ်မ မချစ် ဒီ (၁၂) ချက်ကို စမ်းသပ်ကြည့်ရင် သိပါလိမ့်မယ်
၁၂။ သင် သူနဲ့ ညဘက် ရောက်တဲ့ထိတောင် စကားတွေ ပြောမယ်။ အဲဒါတောင် အိပ်ရာထဲ ရောက်တဲ့အခါ သင်ဟာ သူ့ရဲ့ အကြောင်းကို တွေးနေမိလိမ့်မယ်။
၁၁။ သင် သူနဲ့အတူ လမ်းလျှောက်တဲ့အခါ သင့်ခြေလှမ်းတွေ နှေးနေလိမ့်မယ်။
၁၀။ သင် သူနဲ့ ဝေးနေရတဲ့အခါ စိတ်ထဲမှာ ဝမ်းနည်းနေသလို ခံစားရလိမ့်မယ်။
၉။ သင် သူ့ရဲ့အသံကို ကြားတာနဲ့ ပျော်ရွှင် နေလိမ့်မယ်။
၈။ သင် သူ့ကို ကြည့်နေတဲ့အခါ သူ့တစ်ယောက်ထဲကိုပဲ မြင်လိမ့်မယ်။ သင်ဟာ ဘေးပတ်ဝန်းကျင်ကို ဂရုစိုက်မိမှာ မဟုတ်တော့ဘူး။
၆။ သင့်ရဲ့အတွေးထဲမှာ သူက အချိန်တိုင်း စိုးမိုး နေလိမ့်မယ်။ သင် စဉ်းစားတွေးတောသမျှ အရာအားလုံးဟာ သူအတွက်ပါပဲ။
၅။ သင် သူနဲ့ တွေ့တဲ့အခါတိုင်း အမြဲ ပျော်ရွှင်နေလိမ့်မယ်။ သင်မျက်နှာမှာ အပြုံးတွေ စိုးမိုးနေ ပါလိမ့်မယ်။
၄။ သင် သူနဲ့ တွေ့ရဖို့အတွက် ဘာကိစ္စမဆို လုပ်ပါလိမ့်မယ်။
၃။ သင် ဒီစာကို ဖတ်နေစဉ်အတွင်းမှာ တစ်စုံတစ်ယောက်ဟာ သင့်ရဲ့ နှလုံးသားထဲမှာ အချိန်တိုင်း ရှိနေလိမ့်မယ်။
၂။ သင်ဟာ အဲဒီ တစ်ယောက်အကြောင်း တွေးတောနေလို့ သင့်ဦးနှောက် အလုပ်ရှုပ်နေတာကြောင့် သင်ဟာ နံပါတ် ၇ ကျန်ခဲ့တာကို သတိထားမိမှာ မဟုတ်ပါဘူး။
၁။ သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလား လို့ အပေါ်မှာ ပြန်စစ်ပြီး သင့်ဟာသင် ကြိတ်ပြီး ရယ်နေလိမ့်မယ်။
ဒီစာထဲကလိုသာ သင် တကယ် ဖြစ်နေရင်တော့... သင့် နှလုံးသားထဲမှာ ရှိတဲ့လူကို ချစ်မိနေပါပြီ လို့ ရဲရဲကြီး အာမခံ လိုက်ပါတယ်နော် ။ စမ်းသပ် ကြည့်ကြပါ ။
for zawgyi
Post a Comment
0 Comments