မျက်မမြင်နဲ့ အရူးအသင်းတို့ရဲ့ ဘောလုံးပွဲ

တခါတုန်းက မျက်မမြင် အသင်းနဲ့ အရူးအသင်း ဘောလုံး ကန်ကြ မယ်ဆိုတော့ ပရိသတ်ကလည်း ကြိတ်ကြိတ်တိုး လာပြီး အားပေး ကြတယ် ။ ဘာတွေကို ဘယ်လိုကန်ကြ လေမလဲပေါ့ ။ ပြိုင်ပွဲမစခင်မှာ မျက်မမြင် အသင်းရဲ့ နည်းပြက သူ့အသင်းသားတွေကို ဒီလိုမှာတယ် ။

" မင်းတို့က မျက်မမြင်တွေ ဆိုတော့ အကြားနဲ့ ကန်ကြရမယ် ။ မင်းတို့ ကန်သွင်းရမယ့် ဂိုးပေါက်မှာ ငါခေါင်းလောင်း ချိတ်ထားပေးမယ် အဲဒီနေရာကို ဘောလုံး သယ်လာပြီး သွင်းကွာ ။ ဘောလုံးမှာလည်း ချူတပ်ပေး ထားမယ်ကွာ ။ ပြီးတော့ မင်းတို့ အချင်းချင်း သိရအောင် မင်းတို့ ဖိနပ်တွေ မှာလည်း ချူ တပ်ပေးထားမယ်ကွာ ၊ ရပြီလား "

" ရပြီ ဆရာ ၊ ဒါဆိုရင်တော့ အဆင်ပြေပြီ ဆရာ "

မျက်မမြင် အသင်းကို သူ့နည်းပြမှာ နေတာတွေ့တဲ့ အရူးအသင်း နည်းပြကလည်း ကွင်းထဲမှာ ထင်ရာလုပ်နေကြတဲ့ သူ့ရဲ့အသင်းသားတွေကို လှမ်းခေါ် လိုက်တယ် ။

အရူးတွေက အားလုံး ကိုယ်လက် အင်္ဂါ ကောင်းကြပြီး ၊ ဗလ ကောင်းကောင်းနဲ့ ထောင်ထောင် မောင်းမောင်းတွေ ချည်းပဲ ။ ဒါပေမဲ့ ဦးနှောက် မကောင်းကြဘူး ။ သူ့အသင်းသား တွေကို မှာတာက..

" မှတ်ထားကြကွ ၊ ဘောလုံးကို ဂိုးပေါက်ထဲကို များများသွင်း ။ ဖြစ်နိုင်ရင် မင်တို့ (၁၁) ယောက်လုံး တစ်ယောက် တစ်ဂိုး သွင်းကြကွာ ။ ဒါဆိုရင် ငါတို့ နိုင်ပြီ ။ မသွင်းနိုင်ရင်တော့ ငါရိုက်မှာနော် "

" ဟာ စိတ်ချ ဆရာ ။ တယောက် တဂိုး ရအောင်သွင်း မှာ "

ဒီလိုနဲ့ စကန်ကြတာ ငါးမိနစ်ပဲရှိသေး ပွဲက ပြီးသွားတယ် ။ ပြီးမှာပေါ့ ။ အဖြေကလည်း ကြည့်လေ ။ (၁၁)ဂိုး ဂိုးမရှိ ။ နိုင်သွားတာက မျက်မမြင် အသင်း ။ နိုင်သာ သွားရတယ် မျက်မမြင်တွေက ဂိုးသွင်းဖို့ နေနေ သာသာ ဘောလုံးတောင် မထိလိုက်ကြ ရဘူး ။ အရူးတွေကဘဲ ကိုယ့်ဂိုးကိုယ် ပြန်သွင်းသွား ကြတာ ။

ဘာဖြစ်လို့လဲ ဆိုတော့ မျက်မမြင်တွေက စမ်းစမ်း စမ်းစမ်းနဲ့ ချူသံကြားရာနောက် ပြေးလိုက်နေကြလို့ ရှုပ်ထွေးနေလေတော့ အရူးတွေက ဟိုဘက်ကို မကန်တော့ဘဲ ဆရာမှာထားတဲ့ အတိုင်း နီးလည်းနီး ရှင်းလည်းရှင်းတဲ့ ကိုယ့်ဂိုးမှန်းလည်း ကိုယ်မသိကြ လေတော့ ကန်ထည့်လိုက်တာ ဂိုးတာပေါ့ ။

အဓိက က ဂိုးဝင်ဖို့ မဟုတ်လား ။

ဒီလိုနဲ့ တယောက်ပြီး တစ်ယောက် ကိုယ့်ဂိုးကိုယ် သွင်း လိုက်ကြတာ (၁၀) ဂိုး ဖြစ်သွားတယ် ။ ဂိုးသမားကလည်း မင်းတို့ အလှည့် ပြီးပြီလား ငါ့အလှည့် လာထား ဆိုပြီး ဘောလုံးလေးကို ဂိုးရှေ့ချပြီး နောက်ပေါက်လေးနဲ့ ကန်ထည့်လိုက်တာ ဂိုးတာပေါ့ ။

တသင်းလုံး ထခုန်ကြတယ် ။ ပျော်လိုက်ကြတာ။ သူတို့ တသင်းလုံး ဂိုးသွင်းကြရလို့လေ ။ ဒီလိုနဲ့ပဲ မျက်မမြင်အသင်းက အရူး အသင်းကို တစ်ဂိုးမှ မသွင်းရဘဲ (၁၁) ဂိုး ဂိုးမရှိနဲ့ နိုင်သွားတော့တယ် ။

ဒီပုံပြင်လေးက ရလိုက်တာကတော့ လောကမှာ ဘယ်အရာတွေနဲ့ ဘယ်လိုပဲ ပြည့်စုံနေပါစေ အကြောင်းအကျိုး ၊ အကောင်းအဆိုး အမှားအမှန်၊ ဓမ္မနဲ့ အဓမ္မကို ခွဲခြား သိမြင်နိုင်သော အသိဉာဏ်ပညာ မရှိလျှင် ဘယ်သူပဲဖြစ်ဖြစ် ကိုယ့်ဂိုးကိုယ် သွင်းမိပြီး ကိုယ်ကျိုးနည်း သွားနိုင်တယ် ဆိုတာပါပဲ ။

ခွဲခြားသိမြင်နိုင်သော အသိဉာဏ် ရှိကြပါစေ ။

ဆရာလူထု ဦးလှ

for zawgyi

မ်က္မျမင္အသင္းနဲ႔ အရူးအသင္းတို႔ရဲ႕ ေဘာလုံးပြဲ

တခါတုန္းက မ်က္မျမင္ အသင္းနဲ႔ အ႐ူးအသင္း ေဘာလုံး ကန္ၾက မယ္ဆိုေတာ့ ပရိသတ္ကလည္း ႀကိတ္ႀကိတ္တိုး လာၿပီး အားေပး ၾကတယ္ ။ ဘာေတြကို ဘယ္လိုကန္ၾက ေလမလဲေပါ့ ။ ၿပိဳင္ပြဲမစခင္မွာ မ်က္မျမင္အသင္းရဲ႕ နည္းျပက သူ႔အသင္းသားေတြကို ဒီလိုမွာတယ္ ။

" မင္းတို႔က မ်က္မျမင္ေတြ ဆိုေတာ့ အၾကားနဲ႔ ကန္ၾကရမယ္ ။ မင္းတို႔ ကန္သြင္းရမယ့္ ဂိုးေပါက္မွာ ငါေခါင္းေလာင္း ခ်ိတ္ထားေပးမယ္ အဲဒီေနရာကို ေဘာလုံး သယ္လာၿပီး သြင္းကြာ ။ ေဘာလုံးမွာလည္း ခ်ဴတပ္ေပး ထားမယ္ကြာ ။ ၿပီးေတာ့ မင္းတို႔ အခ်င္းခ်င္း သိရေအာင္ မင္းတို႔ ဖိနပ္ေတြ မွာလည္း ခ်ဴ တပ္ေပးထားမယ္ကြာ ၊ ရၿပီလား "

" ရၿပီ ဆရာ ၊ ဒါဆိုရင္ေတာ့ အဆင္ေျပၿပီ ဆရာ "

မ်က္မျမင္ အသင္းကို သူ႔နည္းျပမွာ ေနတာေတြ႕တဲ့ အ႐ူးအသင္း နည္းျပကလည္း ကြင္းထဲမွာ ထင္ရာလုပ္ေနၾကတဲ့ သူ႔ရဲ႕အသင္းသားေတြကို လွမ္းေခၚ လိုက္တယ္ ။

အ႐ူးေတြက အားလုံး ကိုယ္လက္ အဂၤါ ေကာင္းၾကၿပီး ၊ ဗလ ေကာင္းေကာင္းနဲ႔ ေထာင္ေထာင္ ေမာင္းေမာင္းေတြ ခ်ည္းပဲ ။ ဒါေပမဲ့ ဦးေႏွာက္ မေကာင္းၾကဘူး ။ သူ႔အသင္းသား ေတြကို မွာတာက..

" မွတ္ထားၾကကြ ၊ ေဘာလုံးကို ဂိုးေပါက္ထဲကို မ်ားမ်ားသြင္း ။ ျဖစ္ႏိုင္ရင္ မင္တို႔ (၁၁) ေယာက္လုံး တစ္ေယာက္ တစ္ဂိုး သြင္းၾကကြာ ။ ဒါဆိုရင္ ငါတို႔ ႏိုင္ၿပီ ။ မသြင္းႏိုင္ရင္ေတာ့ ငါ႐ိုက္မွာေနာ္ "

" ဟာ စိတ္ခ် ဆရာ ။ တေယာက္ တဂိုး ရေအာင္သြင္း မွာ "

ဒီလိုနဲ႔ စကန္ၾကတာ ငါးမိနစ္ပဲရွိေသး ပြဲက ၿပီးသြားတယ္ ။ ၿပီးမွာေပါ့ ။ အေျဖကလည္း ၾကည့္ေလ ။ (၁၁)ဂိုး ဂိုးမရွိ ။ ႏိုင္သြားတာက မ်က္မျမင္ အသင္း ။ ႏိုင္သာ သြားရတယ္ မ်က္မျမင္ေတြက ဂိုးသြင္းဖို႔ ေနေန သာသာ ေဘာလုံးေတာင္ မထိလိုက္ၾက ရဘူး ။ အ႐ူးေတြကဘဲ ကိုယ့္ဂိုးကိုယ္ ျပန္သြင္းသြား ၾကတာ ။

ဘာျဖစ္လို႔လဲ ဆိုေတာ့ မ်က္မျမင္ေတြက စမ္းစမ္း စမ္းစမ္းနဲ႔ ခ်ဴသံၾကားရာေနာက္ ေျပးလိုက္ေနၾကလို႔ ရႈပ္ေထြးေနေလေတာ့ အ႐ူးေတြက ဟိုဘက္ကို မကန္ေတာ့ဘဲ ဆရာမွာထားတဲ့ အတိုင္း နီးလည္းနီး ရွင္းလည္းရွင္းတဲ့ ကိုယ့္ဂိုးမွန္းလည္း ကိုယ္မသိၾက ေလေတာ့ ကန္ထည့္လိုက္တာ ဂိုးတာေပါ့ ။

အဓိက က ဂိုးဝင္ဖို႔ မဟုတ္လား ။

ဒီလိုနဲ႔ တေယာက္ၿပီး တစ္ေယာက္ ကိုယ့္ဂိုးကိုယ္ သြင္း လိုက္ၾကတာ (၁၀) ဂိုး ျဖစ္သြားတယ္ ။ ဂိုးသမားကလည္း မင္းတို႔ အလွည့္ ၿပီးၿပီလား ငါ့အလွည့္ လာထား ဆိုၿပီး ေဘာလုံးေလးကို ဂိုးေရွ႕ခ်ၿပီး ေနာက္ေပါက္ေလးနဲ႔ ကန္ထည့္လိုက္တာ ဂိုးတာေပါ့ ။

တသင္းလုံး ထခုန္ၾကတယ္ ။ ေပ်ာ္လိုက္ၾကတာ။ သူတို႔ တသင္းလုံး ဂိုးသြင္းၾကရလို႔ေလ ။ ဒီလိုနဲ႔ပဲ မ်က္မျမင္အသင္းက အ႐ူး အသင္းကို တစ္ဂိုးမွ မသြင္းရဘဲ (၁၁) ဂိုး ဂိုးမရွိနဲ႔ ႏိုင္သြားေတာ့တယ္ ။

ဒီပုံျပင္ေလးက ရလိုက္တာကေတာ့ ေလာကမွာ ဘယ္အရာေတြနဲ႔ ဘယ္လိုပဲ ျပည့္စုံေနပါေစ အေၾကာင္းအက်ိဳး ၊ အေကာင္းအဆိုး အမွားအမွန္၊ ဓမၼနဲ႔ အဓမၼကို ခြဲျခား သိျမင္ႏိုင္ေသာ အသိဉာဏ္ပညာ မရွိလွ်င္ ဘယ္သူပဲျဖစ္ျဖစ္ ကိုယ့္ဂိုးကိုယ္ သြင္းမိၿပီး ကိုယ္က်ိဳးနည္း သြားႏိုင္တယ္ ဆိုတာပါပဲ ။

ခြဲျခားသိျမင္ႏိုင္ေသာ အသိဉာဏ္ ရွိၾကပါေစ ။

ဆရာလူထု ဦးလွ

Post a Comment

0 Comments