ဂျပန်လူမျိုး ဓာတ်ပုံဆရာမ Masayo Ishizuki aka ISSY-RIDER ဟာ Ibaraki စီရင်စုနယ် Tdukuba မြို့က Hitachi Seaside ပန်းခြံကြီးထဲမှာ ဂျပန် Shiba ခွေးအမျိုးအစားဖြစ်တဲ့ ခွေးလေး Hachi ကို ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။ ISSR-RIDER က ပန်းတွေများစွာကို နောက်ခံထားပြီး ခွေးလေး Hachi ကို ဓာတ်ပုံ ရိုက်ခဲ့ပါတယ်။
ဂျပန်နိုင်ငံရဲ့သင်္ကေတဖြစ်တဲ့ Shiba အမျိုးအစား ခွေးလေးက ပန်းခင်းထဲမှာ မြူးထူးဆော့ကစား နေတဲ့ပုံပါ။ ဂျပန်နိုင်ငံမှာ Anita, Shikoku, Kishu, Hokkaido, Lal Ken, Shiba ဆိုပြီး ခွေးအမျိုးအစား ခြောက်မျိုးရှိတဲ့ အထဲမှာ Shiba က အသေးဆုံး ခွေးအမျိုးအစား ဖြစ်ပါတယ်။ အဲဒီခွေးအမျိုးအစားခြောက်မျိုးလုံးကို ဂျပန်နိုင်ငံမှာ 19 ရာစု မတိုင်ခင်ကတည်းက မွေးမြူလာခဲ့တာပါ။
Hachi က ပန်းတွေကြားမှာ ပေါ်လွင်ထင်ရှားပြီး ချစ်စရာ ကောင်းတာကြောင့် Hachi ရဲ့ Instagram page မှာ ဓာတ်ပုံလေးတွေ တင်ခဲ့တယ်လို့ Ishizuki က ပြောပြပါတယ်။ Hachi ရဲ့ Instagram မှာ follower ပေါင်း 18.1k ရှိနေပါပြီ။
Ishizuki ဟာ Hachi လေးကို မမွေးစားခင် တစ်နှစ်အလို 2016 ခုနှစ်မှာ ဓာတ်ပုံဆရာမ ဖြစ်လာခဲ့ပါတယ်။ အရင်တုန်းက Hachi လေးက တခြားခွေးတွေကို အလွန်ကြောက်ခဲ့ကြောင်း၊ အခုတော့ သူက လူတိုင်းနဲ့ ရင်းနှီးနေပြီဖြစ်ကြောင်း Ishuzuki က ပြောပြပါတယ်။
American Kenne Club ရဲ့ အဆိုအရ Shiba ခွေးတွေက လူတွေကို အဖော်ပြုပေးနိုင်တဲ့ နံပါတ်တစ် ခွေးတွေပါပဲ။ Shiba ခွေးတွေက လူစိမ်းတွေနဲ့ ခပ်ခွာခွာနေတတ်ပြီး ပိုင်ရှင်အပေါ်လည်း အလွန်သစ္စာရှိပါတယ်။ Ishizuki မှာ Hachi လေး မရှိခင်က Ron လို့ခေါ်တံ့ Shiba ခွေးအမျိုးအစား တစ်ကောင် ရှိခဲ့ပါတယ်။ ဒါပေမယ့် 2015 ခုနှစ် ဒီဇင်ဘာလမှာ ခွေးလေး Ron သေသွားခဲ့ပါတယ်။
ဂျပန်ယဉ်ကျေးမှုမှာ Shiba ခွေးတွေကို ဖော်ပြတဲ့ စကားလုံးသုံးလုံး ရှိပါတယ်။ Kan-i က Shiba ခွေးတွေရဲ့ နိုးကြားမှုနဲ့ သတ္တိရှိမှုကို ဖော်ပြပါတယ်။ Ryosei က သစ္စာရှိမှု၊ နာခံမှုကို ဖော်ပြပြီး Soboku က ချစ်စရာကောင်းပုံကို ဖော်ပြပါတယ်။
Shiba ခွေးတွေက လူတွေနဲ့ ရင်းရင်းနှီးနှီး နေတတ်ပေမယ့် တစ်ခါတလေမှာ ဝမ်းနည်းတတ်ပါတယ်။ Shiba ခွေးလေးတွေက ဝမ်းနည်းရင် လူတွေငိုသလို ဆွဲဆွဲငင်ငင် အူနေတတ်ပါတယ်။ ရေချိုးကန်မှာ ရေချိုးရရင်၊ ခြေသည်းလေးတွေ ကျိုးရင် Shiba ခွေးလေးတွေက ဝမ်းနည်းပါတယ်။
Shiba ခွေးတွေက သန့်သန့်ရှင်းရှင်း နေတတ်ပါတယ်။ Shiba ခွေးလေးတွေက ကြောင်လေးတွေလိုပဲ သူတို့ရဲ့ ခြေဖဝါးလေးတွေကို လျှာနဲ့လျက်ပါတယ်။ ပြီးတော့ ရွှံ့ဗွက်ထဲမှာ လမ်းလျှောက်ရတာလည်း မကြိုက်ပါဘူး။ သူတို့အရောင်က ညစ်ပေတဲ့ အရောင်လိုဖြစ်နေတာကြောင့် သန့်ရှင်းရေး သိပ်လိုပေးစရာ မလိုပါဘူး။
Hachi လေးကို ဓာတ်ပုံရိုက်ခဲ့တ့ Hitachi Seaside ပန်းခြံထဲမှာ ရောင်စုံပန်းတွေနဲ့ မြက်ခင်းစိမ်းတွေက တစ်နှစ်ပတ်လုံး ပေါက်ပါတယ်။ ပန်းခြံထဲမှာ မျက်လုံးပြာပန်းပင်ပေါင်း 4.5 သန်းကို စိုက်ထားပြီး ပန်းတွေပွင့်ချိန်ဆိုရင် ကောင်းကင်ပြာကြီးလိုပဲ လှပပါတယ်။
ကျူလစ်ပန်း၊ နေကြာပန်း၊ ဘိန်းပန်းတွေကိုလည်း တွေ့နိုင်ပါတယ်။ ဆောင်းရာသီမှာဆိုရင် ပန်းခင်းကြီးက အနီရောင်ပန်းတွေနဲ့ လှနေပါတယ် ။ Hitachi ပန်းခြံက 350 ဟက်တာကျော် ကျယ်ဝန်းပြီး 20 ဟက်တာကို လူအများ ဝင်ရောက်နိုင်အောင် ဖွင့်လှစ်ပေးထားပါတယ်။
Zombie (Lovemedia)
Ref - boredpanda
for zawgyi
ေရာင္စုံပန္းခင္းႀကီးထဲမွာ ေပ်ာ္႐ႊင္စြာ ေဆာ့ကစားေနတဲ့ ေခြးေလး
ဂ်ပန္လူမ်ိဳး ဓာတ္ပုံဆရာမ Masayo Ishizuki aka ISSY-RIDER ဟာ Ibaraki စီရင္စုနယ္ Tdukuba ၿမိဳ႕က Hitachi Seaside ပန္းၿခံႀကီးထဲမွာ ဂ်ပန္ Shiba ေခြးအမ်ိဳးအစားျဖစ္တဲ့ ေခြးေလး Hachi ကို ဓာတ္ပုံ ႐ိုက္ခဲ့ပါတယ္။ ISSR-RIDER က ပန္းေတြမ်ားစြာကို ေနာက္ခံထားၿပီး ေခြးေလး Hachi ကို ဓာတ္ပုံ႐ိုက္ခဲ့ပါတယ္။
ဂ်ပန္ႏိုင္ငံရဲ႕သေကၤတျဖစ္တဲ့ Shiba အမ်ိဳးအစား ေခြးေလးက ပန္းခင္းထဲမွာ ျမဴးထူးေဆာ့ကစား ေနတဲ့ပုံပါ။ ဂ်ပန္ႏိုင္ငံမွာ Anita, Shikoku, Kishu, Hokkaido, Lal Ken, Shiba ဆိုၿပီး ေခြးအမ်ိဳးအစား ေျခာက္မ်ိဳးရွိတဲ့ အထဲမွာ Shiba က အေသးဆုံး ေခြးအမ်ိဳးအစား ျဖစ္ပါတယ္။ အဲဒီေခြးအမ်ိဳးအစားေျခာက္မ်ိဳးလုံးကို ဂ်ပန္ႏိုင္ငံမွာ 19 ရာစု မတိုင္ခင္ကတည္းက ေမြးျမဴလာခဲ့တာပါ။
Hachi က ပန္းေတြၾကားမွာ ေပၚလြင္ထင္ရွားၿပီး ခ်စ္စရာ ေကာင္းတာေၾကာင့္ Hachi ရဲ႕ Instagram page မွာ ဓာတ္ပုံေလးေတြ တင္ခဲ့တယ္လို႔ Ishizuki က ေျပာျပပါတယ္။ Hachi ရဲ႕ Instagram မွာ follower ေပါင္း 18.1k ရွိေနပါၿပီ။
Ishizuki ဟာ Hachi ေလးကို မေမြးစားခင္ တစ္ႏွစ္အလို 2016 ခုႏွစ္မွာ ဓာတ္ပုံဆရာမ ျဖစ္လာခဲ့ပါတယ္။ အရင္တုန္းက Hachi ေလးက တျခားေခြးေတြကို အလြန္ေၾကာက္ခဲ့ေၾကာင္း၊ အခုေတာ့ သူက လူတိုင္းနဲ႔ ရင္းႏွီးေနၿပီျဖစ္ေၾကာင္း Ishuzuki က ေျပာျပပါတယ္။
American Kenne Club ရဲ႕ အဆိုအရ Shiba ေခြးေတြက လူေတြကို အေဖာ္ျပဳေပးႏိုင္တဲ့ နံပါတ္တစ္ ေခြးေတြပါပဲ။ Shiba ေခြးေတြက လူစိမ္းေတြနဲ႔ ခပ္ခြာခြာေနတတ္ၿပီး ပိုင္ရွင္အေပၚလည္း အလြန္သစၥာရွိပါတယ္။ Ishizuki မွာ Hachi ေလး မရွိခင္က Ron လို႔ေခၚတံ့ Shiba ေခြးအမ်ိဳးအစား တစ္ေကာင္ ရွိခဲ့ပါတယ္။ ဒါေပမယ့္ 2015 ခုႏွစ္ ဒီဇင္ဘာလမွာ ေခြးေလး Ron ေသသြားခဲ့ပါတယ္။
ဂ်ပန္ယဥ္ေက်းမႈမွာ Shiba ေခြးေတြကို ေဖာ္ျပတဲ့ စကားလုံးသုံးလုံး ရွိပါတယ္။ Kan-i က Shiba ေခြးေတြရဲ႕ ႏိုးၾကားမႈနဲ႔ သတၱိရွိမႈကို ေဖာ္ျပပါတယ္။ Ryosei က သစၥာရွိမႈ၊ နာခံမႈကို ေဖာ္ျပၿပီး Soboku က ခ်စ္စရာေကာင္းပုံကို ေဖာ္ျပပါတယ္။
Shiba ေခြးေတြက လူေတြနဲ႔ ရင္းရင္းႏွီးႏွီး ေနတတ္ေပမယ့္ တစ္ခါတေလမွာ ဝမ္းနည္းတတ္ပါတယ္။ Shiba ေခြးေလးေတြက ဝမ္းနည္းရင္ လူေတြငိုသလို ဆြဲဆြဲငင္ငင္ အူေနတတ္ပါတယ္။ ေရခ်ိဳးကန္မွာ ေရခ်ိဳးရရင္၊ ေျခသည္းေလးေတြ က်ိဳးရင္ Shiba ေခြးေလးေတြက ဝမ္းနည္းပါတယ္။
Shiba ေခြးေတြက သန႔္သန႔္ရွင္းရွင္း ေနတတ္ပါတယ္။ Shiba ေခြးေလးေတြက ေၾကာင္ေလးေတြလိုပဲ သူတို႔ရဲ႕ ေျခဖဝါးေလးေတြကို လွ်ာနဲ႔လ်က္ပါတယ္။ ၿပီးေတာ့ ႐ႊံ႕ဗြက္ထဲမွာ လမ္းေလွ်ာက္ရတာလည္း မႀကိဳက္ပါဘူး။ သူတို႔အေရာင္က ညစ္ေပတဲ့ အေရာင္လိုျဖစ္ေနတာေၾကာင့္ သန႔္ရွင္းေရး သိပ္လိုေပးစရာ မလိုပါဘူး။
Hachi ေလးကို ဓာတ္ပုံ႐ိုက္ခဲ့တ့ Hitachi Seaside ပန္းၿခံထဲမွာ ေရာင္စုံပန္းေတြနဲ႔ ျမက္ခင္းစိမ္းေတြက တစ္ႏွစ္ပတ္လုံး ေပါက္ပါတယ္။ ပန္းၿခံထဲမွာ မ်က္လုံးျပာပန္းပင္ေပါင္း 4.5 သန္းကို စိုက္ထားၿပီး ပန္းေတြပြင့္ခ်ိန္ဆိုရင္ ေကာင္းကင္ျပာႀကီးလိုပဲ လွပပါတယ္။
က်ဴလစ္ပန္း၊ ေနၾကာပန္း၊ ဘိန္းပန္းေတြကိုလည္း ေတြ႕ႏိုင္ပါတယ္။ ေဆာင္းရာသီမွာဆိုရင္ ပန္းခင္းႀကီးက အနီေရာင္ပန္းေတြနဲ႔ လွေနပါတယ္ ။ Hitachi ပန္းၿခံက 350 ဟက္တာေက်ာ္ က်ယ္ဝန္းၿပီး 20 ဟက္တာကို လူအမ်ား ဝင္ေရာက္ႏိုင္ေအာင္ ဖြင့္လွစ္ေပးထားပါတယ္။
Zombie (Lovemedia)
Ref - boredpanda
0 Comments