မျက်မမြင် ဇနီးသည်ကို ပန်းရနံ့ရှူရှိုက်နိုင်ဖို့ ပန်းခင်းကြီး စိုက်ပျိုးပေးခဲ့တဲ့ အမျိုးသား

ဇနီးဖြစ်သူက အမြင်အာရုံ ဆုံးရှုံးသွားတဲ့အခါ ခင်ပွန်းသည် လယ်သမားကြီးက အိမ်နီးနားတစ်ဝိုက်မှာ ရနံ့မွှေးကြိုင်နေတဲ့ ပန်းခင်းကြီးကို စိုက်ပျိုးပေး ခဲ့ပါတယ်။ အဲဒါကြောင့် ဇနီးဖြစ်သူက ဝမ်းနည်းမှုတွေ နည်းပါးပြီး ပျော်ရွှင်ခဲ့ရပါတယ်။

Toshiyuki နဲ့ Yasuko Kuroki တို့ လက်ထပ်ခဲ့တာ နှစ်ပေါင်း 30 ကျော်ကြာခဲ့ပြီး ဂျပန်နိုင်ငံမှာ နေထိုင်ကြပါတယ်။ သူတို့မှာ နို့စားနွားအကောင် 60 ရှိပါတယ်။ လက်ထပ်ပြီး နှစ်ပေါင်း 30 အကြာမှာ Yasuko က ဆီးချိုရောဂါနဲ့ မျက်စိကွယ်ခဲ့ ပါတယ်။

မျက်စိကွယ် သွားတဲ့အခါ Yasuko က လူတွေနဲ့ ကြာကြာ စကားမပြောတော့ဘဲ အိမ်ထဲမှာ တံခါးပိတ်ပြီးနေပါတယ်။ တနေ့မှာတော Toshiyukiက လယ်ထဲမှာ Shibazakura ဆိုတဲ့ တောက်ပပြီး ရနံ့မွှေးတဲ့ ပန်းလေးပေါက်နေတာကို တွေ့သွားပါတယ်၊ Yasuko က ပန်းတွေကို မမြင်ရမှန်း Toshiyuki သိပါတယ်။

ဒါပေမယ့် ပန်းရဲ့မွှေးရနံ့လေးတွေနဲ့ ဇနီးသည်ကို ပျော်ရွှင်အောင် လုပ်ပေးဖို့ စိတ်ကူးရသွားပါတယ်။ Toahiyuki က အိမ်အနီးနားမှာ Shinazakura ပန်းတွေကို စတင်စိုက်ပျိုးပါတယ်။ နို့စားနွားခြံကို ကြီးမားတဲ့ ပန်းခင်းကြီးအသွင် ပြောင်းလိုက်ပါတယ်။

ခရီးသွားတွေက ချယ်ရီပန်းတွေ ပွင့်တဲ့ရာသီမှာ Toshiyuki ရဲ့ ပန်းခင်းကြီးဆီကို လာရောက် လည်ပတ်ကြပါတယ်။ အခုဆိုရင် Yasuko လည်း မျက်စိပြန်မြင်လာခဲ့ပါပြီ။ ပန်းရနံ့တွေက Yasuko ကို အိမ်အပြင် ထွက်လာအောင် ဆွဲဆောင်ခဲ့ပါတယ်။

ဧည့်သည်တွေ လာလည်တဲ့အခါ Yasuko လည်း အထီးကျန်ဘဝက လွတ်မြောက်ခဲ့ ပါတယ်။ ပန်းတွေက Toshiyuki နဲ့ Yasuko ရဲ့ခြံထဲမှာ ပွင့်နေဆဲပါပဲ။ နို့စားနွားခြံကတော့ မရှိတော့ပါဘူး။ နွားထားတဲ့ရုံကို အခုအခါမှာ ပန်းပြတိုက်တစ်ခုအဖြစ် ပြောင်းလဲလိုက်ပါတယ်။

မတ်လနဲ့ ဧပြီလတိုင်းမှာ Shibazakura ပန်း ပွင့်ပါတယ်။ ခရီးသွားပေါင်း 7000 က ပန်းခင်းဆီကို လာရောက် လည်ပတ်ပြီး ပန်းရနံ့ကို ခံစားကြပါတယ်။ အသက် 70 အရွယ် Yasuko နဲ့ အသက် 80 အရွယ် Toshiyuki တို့ဟာ အချစ်တွေနဲ့ စိုက်ပျိုးထားတဲ့ ပန်းခင်းကြီးထဲမှာ ပန်းတွေကိုကြည့်ရင်း လမ်းလျှောက်နေကြဆဲ ပါပဲ ။

Zombie (Lovemedia)

for zawgyi

မ်က္မျမင္ ဇနီးသည္ကို ပန္းရနံ႔ရႉရႈိက္ႏိုင္ဖို႔ ပန္းခင္းႀကီး စိုက္ပ်ိဳးေပးခဲ့တဲ့ အမ်ိဳးသား

ဇနီးျဖစ္သူက အျမင္အာ႐ုံ ဆုံးရႈံးသြားတဲ့အခါ ခင္ပြန္းသည္ လယ္သမားႀကီးက အိမ္နီးနားတစ္ဝိုက္မွာ ရနံ႔ေမႊးႀကိဳင္ေနတဲ့ ပန္းခင္းႀကီးကို စိုက္ပ်ိဳးေပးခဲ့ပါတယ္။ အဲဒါေၾကာင့္ ဇနီးျဖစ္သူက ဝမ္းနည္းမႈေတြ နည္းပါးၿပီး ေပ်ာ္႐ႊင္ခဲ့ရပါတယ္။

Toshiyuki နဲ႔ Yasuko Kuroki တို႔ လက္ထပ္ခဲ့တာ ႏွစ္ေပါင္း 30 ေက်ာ္ၾကာခဲ့ၿပီး ဂ်ပန္ႏိုင္ငံမွာ ေနထိုင္ၾကပါတယ္။ သူတို႔မွာ ႏို႔စားႏြားအေကာင္ 60 ရွိပါတယ္။ လက္ထပ္ၿပီး ႏွစ္ေပါင္း 30 အၾကာမွာ Yasuko က ဆီးခ်ိဳေရာဂါနဲ႔ မ်က္စိကြယ္ခဲ့ ပါတယ္။ မ်က္စိကြယ္ သြားတဲ့အခါ Yasuko က လူေတြနဲ႔ ၾကာၾကာ စကားမေျပာေတာ့ဘဲ အိမ္ထဲမွာ တံခါးပိတ္ၿပီးေနပါတယ္။

တေန႔မွာေတာ Toshiyukiက လယ္ထဲမွာ Shibazakura ဆိုတဲ့ ေတာက္ပၿပီး ရနံ႔ေမႊးတဲ့ ပန္းေလးေပါက္ေနတာကို ေတြ႕သြားပါတယ္၊ Yasuko က ပန္းေတြကို မျမင္ရမွန္း Toshiyuki သိပါတယ္။ ဒါေပမယ့္ ပန္းရဲ႕ေမႊးရနံ႔ေလးေတြနဲ႔ ဇနီးသည္ကို ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးဖို႔ စိတ္ကူးရသြားပါတယ္။

Toahiyuki က အိမ္အနီးနားမွာ Shinazakura ပန္းေတြကို စတင္စိုက္ပ်ိဳးပါတယ္။ ႏို႔စားႏြားၿခံကို ႀကီးမားတဲ့ ပန္းခင္းႀကီးအသြင္ ေျပာင္းလိုက္ပါတယ္။ ခရီးသြားေတြက ခ်ယ္ရီပန္းေတြ ပြင့္တဲ့ရာသီမွာ Toshiyuki ရဲ႕ ပန္းခင္းႀကီးဆီကို လာေရာက္ လည္ပတ္ၾကပါတယ္။

အခုဆိုရင္ Yasuko လည္း မ်က္စိျပန္ျမင္လာခဲ့ပါၿပီ။ ပန္းရနံ႔ေတြက Yasuko ကို အိမ္အျပင္ ထြက္လာေအာင္ ဆြဲေဆာင္ခဲ့ပါတယ္။ ဧည့္သည္ေတြ လာလည္တဲ့အခါ Yasuko လည္း အထီးက်န္ဘဝက လြတ္ေျမာက္ခဲ့ ပါတယ္။ ပန္းေတြက Toshiyuki နဲ႔ Yasuko ရဲ႕ၿခံထဲမွာ ပြင့္ေနဆဲပါပဲ။ ႏို႔စားႏြားၿခံကေတာ့ မရွိေတာ့ပါဘူး။ ႏြားထားတဲ့႐ုံကို အခုအခါမွာ ပန္းျပတိုက္တစ္ခုအျဖစ္ ေျပာင္းလဲလိုက္ပါတယ္။

မတ္လနဲ႔ ဧၿပီလတိုင္းမွာ Shibazakura ပန္း ပြင့္ပါတယ္။ ခရီးသြားေပါင္း 7000 က ပန္းခင္းဆီကို လာေရာက္ လည္ပတ္ၿပီး ပန္းရနံ႔ကို ခံစားၾကပါတယ္။ အသက္ 70 အ႐ြယ္ Yasuko နဲ႔ အသက္ 80 အ႐ြယ္ Toshiyuki တို႔ဟာ အခ်စ္ေတြနဲ႔ စိုက္ပ်ိဳးထားတဲ့ ပန္းခင္းႀကီးထဲမွာ ပန္းေတြကိုၾကည့္ရင္း လမ္းေလွ်ာက္ေနၾကဆဲ ပါပဲ ။

Zombie (Lovemedia)

Post a Comment

0 Comments