မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်ကောင်းမှုတွေကို Fb ပေါ် တင်သင့်ပါသလား ဖတ်ကြည့်နော်

Fb ပေါ် မှတ်တမ်းအဖြစ် တင်သင့်ပါတယ် လို့ပဲ ပြောချင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့..

ဟိုးအရင်ကဆို ကုသိုလ်ပြုပြီးတိုင်း ကြေးစည်တီးကြပါတယ်။ ကြေးစည်သံကို ကြားရရင် အိမ်နီးနားချင်းတွေက အမျှပေးဝေတာပဲ ဆိုတာ သိရှိပြီး သာဓုခေါ်ကြတယ်။

အခုခေတ်မှာတော့ မိမိကုသိုလ်ပြုပြီးတိုင်း Fb ပေါ် တင်ကြတာဟာ.. မိမိကုသိုလ်ကို အမျှပေးဝေကြခြင်းပါပဲ။ သာဓုခေါ်လိုက်ပါ။ မိမိလဲ ကုသိုလ်ရပါတယ်။

ကြွားဝါတာပါ ဆိုပြီး နှလုံးသွင်း မမှားပါစေနဲ့။ သူတစ်ပါး ကုသိုလ်က သင့်အတွက် အကုသိုလ်ဖြစ်သွားနိုင်လို့ပါ။ မိမိရဲ့ ကုသိုလ်တွေကို facebook ပေါ် တင်ရခြင်းရဲ့ အကျိုးကတော့..

၁။ မလှူခင်က စိတ်ထဲကြံစည်ဖြစ်နေတဲ့ ပုဗ္ဗ စေတနာ၊

၂။ လှူနေဆဲ အခိုက်အတန့်မှာ ကြည်နူးနေမိတဲ့ မုဉ္စ စေတနာ၊

၃။ လှူပြီး မိမိကုသိုလ်ကို ပြန်လည်အောက်မေ့တဲ့ အပရ စေတနာဆိုပြီး

စေတနာသုံးတန်ရှိတဲ့အထဲက fb ပေါ် တင်ထားတာကို ခဏခဏ ပြန်ကြည့်လို့လဲ ရတယ်။ fb ကလဲ တစ်နှစ်ပြည့်ရင် ပြန်ပေါ်လာတယ်။ အဲဒီအချိန်မှာ မိမိပြုခဲ့တဲ့ ကုသိုလ်ကို လူတိုင်းက သတိရကြမှာပါပဲ။ အဲဒီလို ပြန်သတိရခြင်းဟာ အပရ စတေနာကို ပိုပြီး အားကောင်းစေပါတယ် ။

ဒါနထက် သီလက မြတ်တယ်။ သီလထက် ဘာဝနာက မြတ်တယ်ဆိုတာ လူတိုင်း သိကြပြီးသားပါပဲ။ အနုဿတိ ( ၁ဝ ) ပါးထဲမှာ စာဂါ နုဿတိဘာဝနာ ( မိမိပြုခဲ့ဘူးတဲ့ ကုသိုလ်ကို ပြန်လည်အောက်မေ့ခြင်း ဘာဝနာပေါ့)

သေချာပြန်ကြည့်လိုက်ပါ။ လှူခဲ့စဉ်က ရိုးရိုးဒါန အဆင့်ပဲနော်။ အပရ စေတနာ မိမိပြုခဲ့တဲ့ ကုသိုလ်ကို ပြန်အမှတ်ရတာက စာဂါ နုဿတိဘာဝနာ ဆိုတော့ ဘာဝနာအဆင့်ထိ ရောက်သွားတယ်။ ပိုပြီး အကျိုးကြီးတယ်ပေါ့။

ပြီးတော့ နေ့စဉ်ပုံမှန်ပြုလုပ်ကြ ကုသိုလ်ကို အာစိဏ္ဏကံ ကုသိုလ်လို့ ခေါ်တယ်။ တစ်ကြိမ်တစ်ခါပဲ ပြုခဲ့ဖူးတဲ့ ကုသိုလ်ကို အကြိမ်ကြိမ် အခါခါ ပြန်သတိရနေပါကလည်း အာစိဏ္ဏကံ ကုသိုလ်ဖြစ်သွားတာပါပဲ။

ဒါနကနေ ဘာဝနာအဆင့် တစ်ခါပဲပြုခဲ့ဖူးတဲ့ ကုသိုလ်ကနေ နေ့စဉ်ပြုလုပ်ရာရောက်တဲ့ အာစိဏ္ဏကံ ကုသိုလ်အဆင့် ဖြစ်တယ်ဆိုတာ အပရ စေတနာကြောင့် ဖြစ်တာပါပဲ။

fb မှာ ကုသိုလ်မှတ်တမ်းတွေဟာ အပရစေတနာကို ဖြစ်စေနိုင်တာမို့ fb ပေါ်တင်နေတဲ့ ကုသိုလ်မြင်ကွင်းတွေ၊ သာဓုခေါ်လိုက်ပါ။ ကိုယ်လဲ ကုသိုလ်ရတာပေါ့။၊

ကြွားဝါနေတယ်လို့ မမြင်ဘဲ သူတို့ အခုလို ကုသိုလ်ပြုနိုင်တာတွေဟာ ရှေးဘဝက ကုသိုလ်ကံတွေ ကောင်းခဲ့လို့ပါ ဆိုပြီး လူတစ်ယောက်အပေါ် ချစ်ခြင်း မုန်းခြင်းကို ဖယ်ပြီး (ကံ ကံ၏အကျိုးပေးတာကို ဆင်ခြင်လိုက်တော့ ) ယောနိသော မနသိကာရ ဖြစ်သွားတာမို့ ကိုယ့်ရဲ့ ဘဝလေးလဲ ဖြောင့်တန်းသွားတာပေါ့။

ဒါကြောင့် ကုသိုလ်တွေကို နေ့စဉ် ရအောင်ယူကြပါစို့..

ရွှင်လန်း ချမ်းမြေ့ပါစေ

မေတ္တာဖြင့်

ရွှေလေးဝဆရာတော်

for zawgyi

မိမိျပဳလုပ္ခဲ့တဲ့ ကုသိုလ္ေကာင္းမႈေတြကို Fb ေပၚ တင္သင့္ပါသလား ဖတ္ၾကည့္ေနာ္

Fb ေပၚ မွတ္တမ္းအျဖစ္ တင္သင့္ပါတယ္ လို႔ပဲ ေျပာခ်င္ပါတယ္။ ဘာေၾကာင့္လဲ ဆိုေတာ့..

ဟိုးအရင္ကဆို ကုသိုလ္ျပဳၿပီးတိုင္း ေၾကးစည္တီးၾကပါတယ္။ ေၾကးစည္သံကို ၾကားရရင္ အိမ္နီးနားခ်င္းေတြက အမွ်ေပးေဝတာပဲ ဆိုတာ သိရွိၿပီး သာဓုေခၚၾကတယ္။

အခုေခတ္မွာေတာ့ မိမိကုသိုလ္ျပဳၿပီးတိုင္း Fb ေပၚ တင္ၾကတာဟာ.. မိမိကုသိုလ္ကို အမွ်ေပးေဝၾကျခင္းပါပဲ။ သာဓုေခၚလိုက္ပါ။ မိမိလဲ ကုသိုလ္ရပါတယ္။

ႂကြားဝါတာပါ ဆိုၿပီး ႏွလုံးသြင္း မမွားပါေစနဲ႔။ သူတစ္ပါး ကုသိုလ္က သင့္အတြက္ အကုသိုလ္ျဖစ္သြားႏိုင္လို႔ပါ။ မိမိရဲ႕ ကုသိုလ္ေတြကို facebook ေပၚ တင္ရျခင္းရဲ႕ အက်ိဳးကေတာ့..

၁။ မလႉခင္က စိတ္ထဲႀကံစည္ျဖစ္ေနတဲ့ ပုဗၺ ေစတနာ၊

၂။ လႉေနဆဲ အခိုက္အတန႔္မွာ ၾကည္ႏူးေနမိတဲ့ မုၪၥ ေစတနာ၊

၃။ လႉၿပီး မိမိကုသိုလ္ကို ျပန္လည္ေအာက္ေမ့တဲ့ အပရ ေစတနာဆိုၿပီး

ေစတနာသုံးတန္ရွိတဲ့အထဲက fb ေပၚ တင္ထားတာကို ခဏခဏ ျပန္ၾကည့္လို႔လဲ ရတယ္။ fb ကလဲ တစ္ႏွစ္ျပည့္ရင္ ျပန္ေပၚလာတယ္။ အဲဒီအခ်ိန္မွာ မိမိျပဳခဲ့တဲ့ကုသိုလ္ကို လူတိုင္းက သတိရၾကမွာပါပဲ။ အဲဒီလို ျပန္သတိရျခင္းဟာ အပရ စေတနာကို ပိုၿပီး အားေကာင္းေစပါတယ္ ။

ဒါနထက္ သီလက ျမတ္တယ္။ သီလထက္ ဘာဝနာက ျမတ္တယ္ဆိုတာ လူတိုင္း သိၾကၿပီးသားပါပဲ။ အႏုႆတိ ( ၁ဝ ) ပါးထဲမွာ စာဂါ ႏုႆတိဘာဝနာ ( မိမိျပဳခဲ့ဘူးတဲ့ ကုသိုလ္ကို ျပန္လည္ေအာက္ေမ့ျခင္း ဘာဝနာေပါ့)

ေသခ်ာျပန္ၾကည့္လိုက္ပါ။ လႉခဲ့စဥ္က ႐ိုး႐ိုးဒါန အဆင့္ပဲေနာ္။ အပရ ေစတနာ မိမိျပဳခဲ့တဲ့ ကုသိုလ္ကို ျပန္အမွတ္ရတာက စာဂါ ႏုႆတိဘာဝနာ ဆိုေတာ့ ဘာဝနာအဆင့္ထိ ေရာက္သြားတယ္။ ပိုၿပီး အက်ိဳးႀကီးတယ္ေပါ့။

ၿပီးေတာ့ ေန႔စဥ္ပုံမွန္ျပဳလုပ္ၾက ကုသိုလ္ကို အာစိဏၰကံ ကုသိုလ္လို႔ ေခၚတယ္။ တစ္ႀကိမ္တစ္ခါပဲ ျပဳခဲ့ဖူးတဲ့ ကုသိုလ္ကို အႀကိမ္ႀကိမ္ အခါခါ ျပန္သတိရေနပါကလည္း အာစိဏၰကံ ကုသိုလ္ျဖစ္သြားတာပါပဲ။

ဒါနကေန ဘာဝနာအဆင့္ တစ္ခါပဲျပဳခဲ့ဖူးတဲ့ ကုသိုလ္ကေန ေန႔စဥ္ျပဳလုပ္ရာေရာက္တဲ့ အာစိဏၰကံ ကုသိုလ္အဆင့္ ျဖစ္တယ္ဆိုတာ အပရ ေစတနာေၾကာင့္ ျဖစ္တာပါပဲ။

fb မွာ ကုသိုလ္မွတ္တမ္းေတြဟာ အပရေစတနာကို ျဖစ္ေစႏိုင္တာမို႔ fb ေပၚတင္ေနတဲ့ ကုသိုလ္ျမင္ကြင္းေတြ၊ သာဓုေခၚလိုက္ပါ။ ကိုယ္လဲ ကုသိုလ္ရတာေပါ့။၊

ႂကြားဝါေနတယ္လို႔ မျမင္ဘဲ သူတို႔ အခုလို ကုသိုလ္ျပဳႏိုင္တာေတြဟာ ေရွးဘဝက ကုသိုလ္ကံေတြ ေကာင္းခဲ့လို႔ပါ ဆိုၿပီး လူတစ္ေယာက္အေပၚ ခ်စ္ျခင္း မုန္းျခင္းကို ဖယ္ၿပီး (ကံ ကံ၏အက်ိဳးေပးတာကို ဆင္ျခင္လိုက္ေတာ့ ) ေယာနိေသာ မနသိကာရ ျဖစ္သြားတာမို႔ ကိုယ့္ရဲ႕ ဘဝေလးလဲ ေျဖာင့္တန္းသြားတာေပါ့။

ဒါေၾကာင့္ ကုသိုလ္ေတြကို ေန႔စဥ္ ရေအာင္ယူၾကပါစို႔..

႐ႊင္လန္း ခ်မ္းေျမ့ပါေစ

ေမတၱာျဖင့္

ေ႐ႊေလးဝဆရာေတာ္

Post a Comment

0 Comments