လယ်သမားကြီးရဲ့ ပြောင်း

တခါတုန်းက လယ်သမား တယောက်ဟာ နှစ်စဉ် သီးနှံပြိုင်ပွဲကို ဝင်ပြိုင်တာ သူဝင်ပြိုင်တိုင်း ပထမ ဆုချည်းပဲ ရသတဲ့ ။ တစ်နှစ်တော့ သတင်းသမား တယောက်က လယ်သမားကြီးကို ဒီလို ပြောင်းဖူး အရည်အသွေး ကောင်းအောင် ဘယ်လို စိုက်သလဲ ဆိုပြီး အင်တာဗျူး လာမေးသပေါ့ ။

ဒီလို အင်တာဗျူးရင်းနဲ့ စိတ်ဝင်စားစရာ အချက် တခုကို သိလာခဲ့ မိတယ် ။ လယ်သမားကြီးဟာ သူ့ပြောင်းမျိုးစေ့တွေကို ဘေးပတ်ဝန်းကျင်က လူတွေကိုပါ အမြဲလိုလို ဝေမျှ ပစ်နေတယ် ဆိုတာပဲ ။

အင်တာဗျူး လုပ်သူဟာ တအံ့တသြနဲ့ လယ်သမားကြီး ကိုမေးခဲ့တယ် ။

" ဘာလို့ ဒီလောက် ပြောင်းမျိုးကောင်း မျိုးသန့်တွေကို ကိုယ့်စိုက်ခင်း မဟုတ်တဲ့ ဘေးက စိုက်ခင်းတွေဆီ လျှောက်ဝေရသလဲ ခင်ဗျ.. ခင်ဗျား ဆုံးရှုံးတာပေါ့.. "

" မဟုတ်တာဗျာ "

လယ်သမားကြီးက ရယ်ပီး ပြန်ဖြေတယ် ။

" ပြောင်းမှည့်ပြီ ဆိုတာနဲ့ ထွက်လာတဲ့ ဝတ်မှုန်တွေကို လေတိုက်တဲ့ အခါ လေက သယ်ဆောင်သွားတယ် မဟုတ်လား.. ဒီတော့ ခင်ဗျား စဉ်းစားကြည့်..

ကျုပ်ပတ်ဝန်းကျင် မှာသာ မျိုးမသန့်တဲ့ ပြောင်းတွေ စိုက်နေခဲ့ရင် ကျုပ်အနေနဲ့ မျိုးကောင်း ဘယ်လောက်ပဲ စိုက်စိုက် ဝတ်မှုန်ကူးတာ များလာတာနဲ့ အမျှ ကျုပ်ပြောင်း အရည်အသွေးပါ မကျပေဘူးလား.. ဒီတော့ ကျုပ် ပြောင်းအရည်အသွေး ကောင်းဖို့ ပတ်ဝန်းကျင် မျိုးကောင်း ဖို့လဲ လိုပြီလား မိတ်ဆွေရယ်.. "

ဒီအဖြစ်ကနေ ရတဲ့ သင်ခန်းစာ ကတော့.. ကိုယ်ကောင်းဖို့ အတွက် ကိုယ်တိုင်ပြုပြင် အားထုတ် ရသလို ပတ်ဝန်းကျင်ကိုလဲ မျိုးကောင်းတွေ ကြဲပေးဖို့ လိုပါလိမ့်မယ် ။

ပတ်ဝန်းကျင် မျိုးညံ့နေတဲ့ အခါမှာတော့.. ကိုယ် ဘယ်လောက်ပဲ ကောင်းအောင် လုပ်နေ လုပ်နေ ပတ်ဝန်းကျင် သတ်လို့ သေတဲ့ အထိကို ဖြစ်နိုင်ပါတယ် ။

ပြောချင်တာကတော့ သင်ကောင်းအောင် လုပ်ပါ ။ နောက်ပြီး သင့်ပတ်ဝန်းကျင် ကိုလည်း ကောင်းအောင် လုပ်ပေးပါ ။

လွမ်း

for zawgyi

လယ္သမားႀကီးရဲ႔ ေျပာင္း

တခါတုန္းက လယ္သမား တေယာက္ဟာ ႏွစ္စဥ္ သီးႏွံၿပိဳင္ပြဲကို ဝင္ၿပိဳင္တာ သူဝင္ၿပိဳင္တိုင္း ပထမ ဆုခ်ည္းပဲ ရသတဲ့ ။ တစ္ႏွစ္ေတာ့ သတင္းသမား တေယာက္က လယ္သမားႀကီးကို ဒီလို ေျပာင္းဖူး အရည္အေသြး ေကာင္းေအာင္ ဘယ္လို စိုက္သလဲ ဆိုၿပီး အင္တာဗ်ဴး လာေမးသေပါ့ ။

ဒီလို အင္တာဗ်ဴးရင္းနဲ႔ စိတ္ဝင္စားစရာ အခ်က္ တခုကို သိလာခဲ့ မိတယ္ ။ လယ္သမားႀကီးဟာ သူ႔ေျပာင္းမ်ိဳးေစ့ေတြကို ေဘးပတ္ဝန္းက်င္က လူေတြကိုပါ အၿမဲလိုလို ေဝမွ် ပစ္ေနတယ္ ဆိုတာပဲ ။

အင္တာဗ်ဴး လုပ္သူဟာ တအံ့တၾသနဲ႔ လယ္သမားႀကီး ကိုေမးခဲ့တယ္ ။

" ဘာလို႔ ဒီေလာက္ ေျပာင္းမ်ိဳးေကာင္း မ်ိဳးသန႔္ေတြကို ကိုယ့္စိုက္ခင္း မဟုတ္တဲ့ ေဘးက စိုက္ခင္းေတြဆီ ေလွ်ာက္ေဝရသလဲ ခင္ဗ်.. ခင္ဗ်ား ဆုံးရႈံးတာေပါ့ "

" မဟုတ္တာဗ်ာ "

လယ္သမားႀကီးက ရယ္ပီး ျပန္ေျဖတယ္ ။

" ေျပာင္းမွည့္ၿပီ ဆိုတာနဲ႔ ထြက္လာတဲ့ ဝတ္မႈန္ေတြကို ေလတိုက္တဲ့ အခါ ေလက သယ္ေဆာင္သြားတယ္ မဟုတ္လား.. ဒီေတာ့ ခင္ဗ်ား စဥ္းစားၾကည့္..

က်ဳပ္ပတ္ဝန္းက်င္ မွာသာ မ်ိဳးမသန႔္တဲ့ ေျပာင္းေတြ စိုက္ေနခဲ့ရင္ က်ဳပ္အေနနဲ႔ မ်ိဳးေကာင္း ဘယ္ေလာက္ပဲ စိုက္စိုက္ ဝတ္မႈန္ကူးတာ မ်ားလာတာနဲ႔ အမွ် က်ဳပ္ေျပာင္း အရည္အေသြးပါ မက်ေပဘူးလား.. ဒီေတာ့ က်ဳပ္ ေျပာင္းအရည္အေသြး ေကာင္းဖို႔ ပတ္ဝန္းက်င္ မ်ိဳးေကာင္း ဖို႔လဲ လိုၿပီလား မိတ္ေဆြရယ္.. "

ဒီအျဖစ္ကေန ရတဲ့ သင္ခန္းစာ ကေတာ့.. ကိုယ္ေကာင္းဖို႔ အတြက္ ကိုယ္တိုင္ျပဳျပင္ အားထုတ္ ရသလို ပတ္ဝန္းက်င္ကိုလဲ မ်ိဳးေကာင္းေတြ ႀကဲေပးဖို႔ လိုပါလိမ့္မယ္ ။

ပတ္ဝန္းက်င္ မ်ိဳးညံ့ေနတဲ့ အခါမွာေတာ့.. ကိုယ္ ဘယ္ေလာက္ပဲ ေကာင္းေအာင္ လုပ္ေန လုပ္ေန ပတ္ဝန္းက်င္ သတ္လို႔ ေသတဲ့ အထိကို ျဖစ္ႏိုင္ပါတယ္ ။

ေျပာခ်င္တာကေတာ့ သင္ေကာင္းေအာင္ လုပ္ပါ ။ ေနာက္ၿပီး သင့္ပတ္ဝန္းက်င္ ကိုလည္း ေကာင္းေအာင္ လုပ္ေပးပါ ။

လြမ္း

Post a Comment

0 Comments