မိမိရဲ့ ခင်ပွန်း ဖြစ်သူဟာ ဖခင်ကောင်းနဲ့ တူညီ နေခဲ့မယ် ဆိုရင် မိမိရဲ့ ဘဝအတွက် ယုံကြည် စိတ်ချရပီး အမှန် တကယ်ကို အားကိုးလို့ ရပါပြီနော် ။ ခင်ပွန်း မဖြစ်ခင် ချစ်သူ ရည်စား ဘဝမှာ ကတည်းက ဖခင်တစ်ယောက်နဲ့ တူ မတူကိုလည်း ခန့်မှန်းနိုင် ပါတယ်။
၁ ။ ချစ်ခင် မြတ်နိုးခြင်း
မိမိ ခင်ပွန်းဟာ မိမိရဲ့ အပေါ်မှာ အမှန်တကယ် မေတ္တာသက်ဝင် ချစ်ခင် မြတ်နိုးတယ် ဆိုရင် အရမ်းကို ကောင်းမွန်ပါတယ်။ ခင်ပွန်းရဲ့ ချစ်ခြင်း မေတ္တာကြောင့် ဇနီးသည် ဟာလည်း အချိန်တိုင်းမှာ ပျော်ရွှင် နေရမှာပါ။
၂ ။ မိမိကို အချိန်တိုင်း ဂရုစိုက်နေခြင်း
ဖခင်တွေ သူတို့ရဲ့ သားသမီးတွေကို ဂရုစိုက်သလို မိမိရဲ့ ခင်ပွန်းဟာလည်း အချိန်ပြည့် မိမိအပေါ်မှာ ဂရုစိုက်နေမယ် ဆိုရင် ဖခင်ကောင်း တစ်ယောက်နဲ့ တူညီပါတယ်။ အချိန်တိုင်း စိတ်ပူပြီး ဂရုစိုက်နေတဲ့ ခင်ပွန်းကို လေးစား တန်ဖိုးထားပေးပါ။
၃ ။ စိတ်ချမ်းသာအောင် ထားခြင်း
ဖခင်တွေဟာ သားသမီးတွေကို အချိန်တိုင်း စိတ်ချမ်းသာစေချင် သလို မိမိရဲ့ ခင်ပွန်းဟာလည်း မိမိကို စိတ်ချမ်းသာအောင် ထားရှိခြင်းဟာ ဖခင် တစ်ယောက်နဲ့ တူညီလှပါတယ်။
၄ ။ ပြသနာတိုင်းကို ရှေ့ဆုံးကနေ မားမားမတ်မတ် ရင်ဆိုင် ဖြေရှင်းပေးခြင်း
ပြသနာကိစ္စ တစ်ခုခု ဖြစ်ပီ ဆိုတာနဲ့ သူကနေ ရှေ့ကထွက်ပြီး မားမားမတ်မတ် ရပ်တည်ပေးပါတယ်။ ပြသနာတွေကို ရင်ဆိုင်ဖြေရှင်းပေးတဲ့ ခင်ပွန်း ယောက်ျားများဟာ ဖခင်ကောင်း တစ်ယောက်နဲ့ တူပါပေတယ်။
ပစ်တိုင်းထောင်
0 Comments