လူတစ်ယောက်ကို ကျရှုံးစေနိုင်တဲ့ အဓိကအရာများ

ဟားဗတ် တက္ကသိုလ်က သုတေသနတခု ပြုလုပ်ခဲ့ ပါတယ် ။ share ပြီး သိမ်းထားသင့်တဲ့ သိပ်ကိုတန်ဖိုးရှိလွန်းတဲ့ သတိပေး စာသားလေးတွေပါ။ လူတယောက် ကို အဓိက ကျရူံးစေတဲ့ အကြောင်းတရား များဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁ ။ အချိန်ဆွဲခြင်း ( ၉%)

ငါလုပ်မယ် ၊ လုပ်မယ် ၊ မနက်ဖြန် စမယ် ဆိုပြီး မပြီးဆုံးနိုင်တဲ့ မနက်ဖြန် ဖြစ်နေရင် အလုပ် မဖြစ်တော့ပါဘူး ။ ခဏနေမှ လုပ်မယ်။ နက်ဖန်မှ လုပ်မယ်။ နောက်တစ်ပတ်မှ စလိုက်မယ် ဆိုတဲ့ အကျင့်မျိုးဟာ လူတစ်ယောက် ကျရူံးစေတဲ့ အဓိက အကြောင်းအရာထဲမှာ ပါဝင်ပါတယ် ။

၂ ။ ဆင်ခြေ များလွန်းခြင်း ( ၂၂ % )

ဆင်ခြေ များလွန်းခြင်း၊ အကြောင်းပြချက် များလွန်းခြင်းဟာ ဘဝကို ဆုံးရူံးစေတဲ့ အကြောင်းရင်းထဲမှာ ၂၂% တောင် ပါဝင်ပါတယ်။ သူတို့ဟာ အလုပ်ကို စိတ်နှစ်ကိုယ်နှစ် မလုပ်ကိုင်တတ်ပါ။ ဘာပဲ အားနည်းချက်တွေ့တွေ့ သူတို့မှာ အကြောင်းပြချက် အပြည့်အစုံ အမြဲ ရှိနေတတ်တယ်။

လုပ်ဖေါ် ကိုင်ဘက်ကြောင့် ၊ အလုပ်ရှင်ကြောင့်၊ ခေတ်စနစ်ကြေင့်၊ မိဘများကြောင့်၊ သူငယ်ချင်းကြောင့်၊ အစိုးရကြောင့်၊ သူတို့ဆုံးရူံးရတယ် လို့ပဲ သူတို့ ယူဆကြ ပါတယ် ။ သူတို့ကိုသူတို့တော့ ဘယ်သောအခါမှ မစမ်း စစ်ပါ ။

၃ ။ ကောက်ရိုးမီး အကျင့် ( ၈%)

ဘာပဲလုပ်လုပ် အစပဲ ကောင်းပြီး အဆုံး မရှိတာမျိုး၊ စာတစ်အုပ် ဖတ်တော့မယ်လို့ သေသေချာချာ ဆုံးဖြတ်ပြီး ပထမပိုင်း ၁၀ မျက်နှာတောင် ပြီးအောင် မဖတ်ရှု နိုင်တဲ့ အကျင့်မျိုး ဖြစ်ပါတယ် ။ သိပ်ဝနေပြီ ၊ ဝိတ်ချတော့မယ် ။ အစတုန်းကတော့ ဟုတ်မလိုလိုပဲ၊ နောက်တော့ အဖျားရှူး သွားတယ် ။ ချလေ ဝလေ ဖြစ်သွားတယ် ။

လုပ်ငန်းတခု စလုပ်တယ် ။ အစကတော့ အားတက် တရော၊ စိတ်ရော ကိုယ်ပါ ကြိုးစား ပါတယ် ။ အလုပ်တောင် ကောင်းကောင်း မဖြစ်သေးဘူး ၊ အဖျားရှူး သွားတာမျိုးကို ဆိုလိုပါတယ် ။

၄ ။ ချီတုံချတုံ ဖြစ်ခြင်း ( ၁၃ % )

ဘာကိုမှ ပြတ်ပြတ်သားသားနဲ့ မဆုံးဖြတ်ရဲ ၊ ဟိုယောင်ယောင်၊ ဒီယောင်ယောင်၊ ဟိုဟာ လုပ်ရင် ကောင်းနိူးနိူး ၊ ဒီဟာလုပ်ရင် ကောင်းနိူးနိူး နဲ့ အချိန်ကုန် အသက်ကြီးသွားတဲ့ လူတွေ တပုံကြီးပါ ။ မှားမှာကြောက်လို့ ၊ ဆုံးရူံးမှာ ကြောက်လို့ ဆိုတဲ့စိတ်မျိုးဟာ ချီတုံချတုံကို ဖြစ်ပေါ် စေပါတယ်။ ဘယ်အရာမဆို ၁၀၀% သေချာမှ လုပ်မယ်ဆိုရင် အခွင့်အရေး အဲဒီနေရာမှာ မရှိတော့ပါဘူး ။

၅ ။ သူများငြင်းဆိုမူကို ကြောက်ရွှံ့ ခြင်း ( ၇%)

ကိုယ်ချစ်မိတဲ့သူ ငြင်းဆိုမှာ ကြောက်လို့ ရည်းစားစကား မပြောရဲတဲ့ လူဟာ ကိုယ်ချစ်တဲ့လူ အခြားလူနဲ့ ညားသွားတဲ့ အခါကျမှ အကြီးအကျယ် အသဲကွဲရတတ် ပါတယ် ။ အလုပ်အကိုင်၊ အခွင့်အရေးတွေလည်း ဒီလိုပါပဲ ။ ကိုယ်စတောင် မစရသေးဘူး ၊ သူများ ငြင်းဆိုမယ် ဆိုတာကို စိုးရိမ်နေရင် ဘယ်တော့မှ မစဖြစ်တော့ပါဘူး ။

၆ ။ အဖြစ်မှန်ကို ရင်မဆိုင်လိုခြင်း ( ၇%)

လက်တွေ့မကျတဲ့ လူကို ဆိုလိုတာပါ ။ စိတ်ကူးယဉ် ဆန်လွန်းပြီး ကိုယ့်စိတ်ကူးယဉ် ထဲမှာပဲ ကျေနပ်နေတတ်တဲ့ လူစားမျိုးကို ဆိုလိုတာပါ ။ ဘာမဆို အလကားလိုချင်တယ် ။ အလုပ်ကောင်းအောင်ထက် ကံကောင်းအောင်ပဲ အားထုတ်နေတတ်တယ် ။ အချိန်ရှိတိုင်း ထီပဲပေါက်နေချင်တယ် ။ နေ့ချင်းညချင်း ချမ်းသာချင်တယ်။

၇ ။ မိမိကိုယ်မိမိ ဘောင်ခတ်ခြင်း ( ၆% )

ဆိုပါစို့ ၊ ဒီအလုပ်ဟာ အလုပ်ဖြစ်နိုင်တယ် ။ လုပ်ကိုင်ဖို့ အခွင့်အရေး လည်းရှိတယ်။ ဒါပေမဲ့ ကိုယ့်မိသားစုရဲ့ ဂုဏ်ကို ငဲ့နေလို့ မလုပ်ဖြစ်တဲ့လူတွေ အများကြီး တွေ့ဖူးပါတယ် ။ ဒါ ဂုဏ်ငယ်မှာကြောက်လို့ ကိုယ့်ဘောင်ကို ကိုယ်ပြန်ခတ်မိတာ ဖြစ်တယ် ။ ဟိုအလုပ် မလုပ်နိုင်ဘူး၊ ဘာကြောင့်၊ ဒီအလုပ် မလုပ်ချင်ဘူး၊ ဘာကြောင့်ဆိုပြီး ကိုယ့်ကိုယ်ကို ဘောင်ခတ်တာ အများကြီး ရှိပါသေးတယ် ။

၈ ။ သင်ယူရန် ငြင်းဆန်ခြင်း ( ၁၁ % )

သင်ယူတယ် ဆိုတာ ပင်ပန်းရပါတယ်။ အားထုတ်ရပါတယ်။ ဦးနှောက် သုံးရပါတယ် ။ သူတို့ဟာ ဘာပဲလုပ်လုပ်၊ ဘယ်မှာပဲလုပ်လုပ်၊ အလုပ်ကို ပြီးအောင်သာ လုပ်ပါတယ်။ ဝတ်ကျေတန်းကျေ လုပ်ပါတယ်။ အပြစ်တင် လွတ်အောင်သာ လုပ်ပါတယ်။

ဘယ်အလုပ်မဆို သင်ယူနိုင်တဲ့ အခွင့်အရေး ရှိတယ် ဆိုတာ သူတို့ မသိကြပါ ။ သိရင်လည်း မလုပ်လိုကြပါ။ အလုပ်အားရင် သက်တောင့် သက်သာနဲ့ လက်ကိုင်ဖုန်းဆော့နေကြပါတယ် ။ လ္ဘက်ရည်ဆိုင် ထိုင်ကြပါတယ်။ စကားပြောနေ ကြပါတယ်။

ကိုယ့်ကိုယ်ကို စမ်းစစ်နိုင်ဖို့ ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်။ ကျနော်လည်း အချို့ အချက်တွေနဲ့ မလွတ်ပါ ။ ကြိုးစားရပါအုန်းမယ် ။

Sir Aung Ko Latt

Post a Comment

0 Comments