FA လေးတွေ ရည်းစားရဖို့ သူငယ်ချင်းတွေမှာ ဘာကြောင့် တာဝန်ရှိတာလဲ

သူငယ်ချင်း fa လေး ရည်းစား မရှိတာကို ဟားတိုက်ပီး ရယ်နေမဲ့အစား.. ဘယ်သူကတော့ ငါ့သူငယ်ချင်းနဲ့ ဖြစ်လောက်ပါရဲ့ ၊ ဒီတျောက်ဆို ငါ့သူငယ်ချင်း တော့ ကြိုက်လောက်ပါရဲ့ ။ ဘာဟဲ့ ညာဟဲ့ ဆိုပြီး စုံစမ်း ရှာဖွေ စနည်းနာ ပေးမှုတွေ လုပ်ပေးနေ ရပါမည်။

လှပတဲ့သူလေးများ တွေ့ရင် ကိုယ့်ကောင်ကြီး အကြိုက်ဟ ဆိုပြီး လှော်ပေးသင့်တာကို လှော်ပေး. . အောင်သွယ်ပေး သင့်တာကို အောင်သွယ်ပေးနဲ့ ဘေးက အထောက်အပံ့တွေ ပေးနေရမည်လေ။

ရည်းစားရဖို့ ဘယ်လိုလေးတော့ လုပ်လိုက်ကွာ ၊ ဘာလေးတော့ ဘယ်လိုလုပ်နဲ့ နည်းနာ နိဿရတွေ ဖြန့်ဝေပေးပြီး ရည်းစား ရအောင် ကြိုးပမ်းပေး သင့်ကြသည်။

ဖြစ်နိုင်ရင် ကိုယ့်ရဲ့ သူငယ်ချင်း ရည်းစား ရဖို့ ငွေကုန်ကြေးကျ ဘယ်လောက်ရှိပါစေ.. support လုပ်ပေးနေရမည် ဖြစ်သည်။

အခုတော့ ရည်းစား မရှိတာကိုပဲ ဖဲ့တဲ့တဲ့ ရွဲ့တဲ့တဲ့ လုပ်နေကြခြင်းပင်။ လောကမှာ ဘေးကောင်းလို့ အတွဲကောင်း သွားတာတွေ ရှိပါသည် ။

ထို့ကြောင့် Fa များ ရည်းစားရရန် သူငယ်ချင်းများတွင် တာဝန် ရှိပါသည်။

ခဲတံ

Post a Comment

0 Comments