မျက်ခုံးပါးသူတွေအတွက် မျက်ခုံးထူထူလေးရစေဖို့ အိမ်မှာတင် ပြုလုပ်နိုင်မယ့်နည်းလမ်း (၃) ခု

မျက်နှာမှာ မျက်ခုံးမွေးကလည်း ဆွဲဆောင်မှုရှိတဲ့ အစိတ်အပိုင်းပါပဲ။ Mask တပ်ထားရင်တောင် မျက်ခုံးလှသူဆိုရင် ထင်းကနဲ ပေါ်လွင်နေတတ်ပါတယ်။ မျက်ခုံးပါးသူတွေအတွက် အိမ်မှာတင် ငွေကုန် သက်သက်သာသာသာနဲ့ ပြုလုပ်နိုင်မယ့် နည်းလမ်းလေးတွေကို love media ကနေ ဖော်ပြပေးလိုက် ပါတယ်နော်။

နည်းလမ်း (၁)

လိုအပ်သော ပစ္စည်းများ

- ကြက်ဆူဆီ ၂ စက်

- Hair modeling wax လက်ဖက်ရည်ဇွန်း တစ်ဇွန်း

- ပလက်စတစ် အပျော့သား

- Mascara အကြည် ၅စက်

- မျက်ခုံးဆွဲတံ

- မိတ်ကပ်ဖော့

- ကြက်ဆူဆီ၊ Mascara အကြည်၊ hair modeling wax တို့ကို ပန်းကန်လုံး တစ်လုံးထဲမှာ သမအောင်မွှေပါ။

- မွှေထားတာကို မျက်ခုံးဆွဲတံနဲ့ မျက်ခုံးပေါ်မှာ ဆွဲပါ။

- ပြီးရင် ပလက်စတစ် အပျော့ကို မျက်ခုံးပေါ်မှာ ပိပြားနေအောင် ၅ မိနစ်ခန့် ဖိထားပေးပါ။

- မိတ်ကပ်ဖော့ကို ရေနွေးထဲမှာ နှစ်လိုက်ပါ။

- အဲဒီနောက်မှာတော့ အုပ်ထားတဲ့ ပလက်စတစ် အပျော့သားကို ဖယ်လိုက်ပြီး မိတ်ကပ်ဖော့နဲ့ မျက်ခုံးပေါ်ကို သာသာလေး ဖျက်လိုက်ပါ။

နည်းလမ်း (၂)

လိုအပ်သော ပစ္စည်းများ

- Neutral ဆပ်ပြာတစ်တုံး

- မျက်ခုံးဆွဲတံ

- ပလက်စတစ် အပျော့သား

- Neutral ဆပ်ပြာကို မျက်ခုံးမွေးဆွဲတံနဲ့ ခြစ်လိုက်ပြီး မျက်ခုံးပေါ်ဆွဲလိုက်ပါ။

- ပလက်စတစ် အပျော့သားကို မျက်ခုံးပေါ်မှာ ၅ မိနစ်ကြာ ကပ်ထားပါ။

- ပြီးရင်တော့ ပလက်စတစ်စကို ခွာလိုက်လို့ရပါပြီ။

နည်းလမ်း (၃)

လိုအပ်သောပစ္စည်းများ

- ဇာဂနာ

- နှစ်သက်ရာ မျက်ခုံးလိမ်းဂျယ်

- ပလက်စတစ်အပျော့သား

- မျက်နှာကို မိတ်ကပ်တွေ ပြောင်သွားအောင် မျက်နှာသစ်ပါ။

- ပြီးရင် နှစ်သက်ရာ မျက်ခုံးလိမ်းဂျယ်ကို ဆွဲတံနဲ့ လိမ်းပြီး ပလက်စတစ်အပျော့သားနဲ့ ၁၅ မိနစ်ကြာ အုပ်ထားပါ။

- ၁၅ မိနစ်ကြာပြီးရင် ပလက်စတစ်အပျော့သားကို ဖယ်လိုက်ပြီး မိတ်ကပ်ဖော့အစိုနဲ့ မျက်ခုံးလိမ်းဂျယ်တွေကို ဖယ်လိုက်ပါ။

- အဲဒီနောက်မှာတော့ ဇာဂနာနဲ့ မျက်ခုံးကို လိုသလို ပုံဖော်လို့ ရပါပြီ။

ဒီနည်းတွေနဲ့ မျက်ခုံးထူထူလှလှလေးကို ပိုင်ဆိုင်နိုင်ပါပြီနော်။

Zombie (Lovemedia)

for zawgyi



နည်းလမ်း (၁)


- ကြက်ဆူဆီ ၂ စက်


- ပလက်စတစ် အပျော့သား

- Mascara အကြည် ၅စက်

- မျက်ခုံးဆွဲတံ

- မိတ်ကပ်ဖော့






နည်းလမ်း (၂)



- မျက်ခုံးဆွဲတံ

- ပလက်စတစ် အပျော့သား




နည်းလမ်း (၃)


- ဇာဂနာ


- ပလက်စတစ်အပျော့သား






Zombie (Lovemedia)

Post a Comment

0 Comments