ဖုန်း ကွန်ပြူတာ အကြည့်များသူတွေအတွက် မျက်လုံးအမြင်အာရုံ ကောင်းလာစေမယ့် လေ့ကျင့်ခန်း (၁၁) ခု

နေ့တိုင်းနေ့တိုင်း စာတွေဖတ်တဲ့အခါ၊ ဖုန်းတွေ၊ ကွန်ပြူတာတွေကို အသုံးများတဲ့အခါ မျက်လုံးညောင်းလာ ပါတယ်။ မျက်လုံး နီရဲလာတာ၊ အမြင်မှုန် ဝါးလာတာ၊ မျက်ရိုး ကိုက်လာတာက မျက်လုံးအားစိုက်မှု လွန်တဲ့အခါ ဖြစ်လာတဲ့ ပြဿနာတွေ ပါပဲ။ တခါတရံမှာ မျက်လုံးကို အနားပေးပြီး မျက်လုံးလေ့ကျင့်ခန်း လုပ်ဖို့ လိုအပ်ပါတယ်။

1. 2 မိနစ်ခန့်ကြာ မျက်တောင်ကို မြန်မြန်ခတ်ပေးပါ။ ဒီလေ့ကျင့်ခန်းက မျက်လုံးရဲ့ သွေးလည်ပတ်မှုကို တိုးတက်စေ ပါတယ်။

2. ပြူတင်းပေါက်မှန်ပေါ်မှာ အစက်တစ်စက်ကို ဆွဲထားပါ။ ပြူတင်းပေါက် အပြင်က အရာဝတ္ထု တစ်ခုကို စက္ကန့်အနည်းငယ် ကြာအောင်ကြည့်ပါ။ ပြီးရင် ပြူတင်းပေါက်ပေါ်က အစက်ကို ပြန်ကြည့်ပါ။ ဒီလေ့ကျင့်ခန်းကို တစ်နေ့ ငါးကြိမ် ပြုလုပ်ပေးတဲ့အခါ အမြင်အာရုံ တိုးတက်လာပါတယ်။

3. ခါးမတ်မတ်ထိုင်ပြီး မျက်လုံးကို 5 စက္ကန့်လောက် မှိတ်ထားပါ။ ပြီးရင် မျက်လုံးကို အကျယ်ကြီး ပြူးလိုက်ပါ။ ဒီလေ့ကျင့်ခန်းကို 8 ကြိမ်ကနေ 10 ကြိမ် အထိ ပြုလုပ်ပေးပါ။ အဲဒီအခါ မျက်လုံးကြွက်သားတွေက သန်မာလာပြီး သွေးလည်ပတ်မှု ကောင်းလာပါတယ်။ မျက်လုံးကိုလည်း အနားပေးပြီးသား ဖြစ်သွားစေ ပါတယ်။

4. မျက်လုံးကို မိနစ် အနည်းငယ် ကြာအောင် မှိတ်ထားပြီး သာယာတဲ့ ရှုခင်းတွေကို စိတ်ထဲမှာ ပုံဖော်ကြည့်ပါ။ လက်နှစ်ဖက်လုံးကို နွေးလာအောင် ပွတ်ပြီး မျက်လုံးကို အုပ်လိုက်ပါ။ တစ်မိနစ်လောက်ကြာမှ မျက်လုံးကို ပြန်ဖွင့်ပါ။

5. လက်ချောင်းလေး တွေကို သုံးပြီး မျက်လုံးကို ညင်ညင်သာသာ နှိပ်ပေးခြင်းက မျက်လုံးရဲ့ သွေးလည်ပတ်မှုကို တိုးတက်စေ ပါတယ်။

6. မျက်လုံးကို တစ်နေ့နှစ်ခါ ရေနဲ့ ပွတ်သပ်ပေးပါ။ မနက်မှာ ရေနွေးနဲ့ အရင်သစ်ပြီး ရေအေးနဲ့ ပြန်သစ်ပါ။ ညနေဘက်မှာ ရေအေးနဲ့ အရင်သစ်ပြီး ရေနွေးနဲ့ ပြန်သစ်ပါ။

7. လက်ဝါးကို မျက်နှာရှေ့မှာ ဖြန့်ထားပြီး လက်မကို စိုက်ကြည့်ပါ။ လက်ကို မျက်နှာနဲ့ နီးအောင် လုပ်လိုက်၊ ဝေးအောင် လုပ်လိုက်နဲ့ 10 ကြိမ် ပြုလုပ်ပေးပါ။

8. မျက်လုံးကို 5 စက္ကန့် ကြာအောင် အားနဲ့ အတင်းပိတ်ထားပါ။ ပြီးရင် မျက်လုံးကို မြန်မြန် ပြန်ဖွင့်ပါ။ ဒီလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် 10 ကြိမ် ပြုလုပ်တဲ့အခါ မျက်လုံး ညောင်းသက်သာ သွားပါတယ် ။

9. မျက်လုံးကို စက်ဝိုင်းပုံသဏ္ဍာန် ဖြည်းဖြည်း လှည့်ပါ။ နာရီလက်တံ အတည့် အတိုင်း 4 ကြိမ် လှည့်ပြီး နာရီလက်တံ ပြောင်းပြန် အတိုင်း 4 ကြိမ် လှည့်ပါ ။

10. မျက်လုံးကို ဘယ်ဘက် ကနေ ညာဘက်ကို ဖြည်းဖြည်းချင်း ရွေ့ပြီး ညာဘက် ကနေ ဘယ်ဘက်ကို ဖြည်းဖြည်းချင်း ရွေ့ကြည့်ပါ ။ ဒီလေ့ကျင့်ခန်းကို တစ်နေ့ 6 ကြိမ် ပြုလုပ်ပေးတဲ့အခါ မျက်လုံး အနားရပြီးသား ဖြစ်စေပါတယ်။

11. အလယ်မှတ်ကနေ စပြီးတော့ မြားပြထားတဲ့ အတိုင်း လိုက်ပြီး ကြည့်ပါ။ ဒီလေ့ကျင့်ခန်းကို 3 ကြိမ် ပြုလုပ်ပေးပါ။

Zombie (Lovemedia)

Post a Comment

0 Comments