သင့်မျက်လုံးအရောင်ကို ပြောင်းလဲပေးနိုင်သည့် အရာများ

လူသားတွေမှာ မျက်လုံး အညိုရောင်နဲ့ အပြာရောင် ရှိရင် မအံ့ဩကြပါဘူး။ ဒါပေမယ့် မျက်လုံး အစိမ်းရောင် ရှိရင်တော့ အံ့ဩစရာပါပဲ။ အစားအစာနဲ့ စိတ်ခံစားမှုတွေက မျက်ဝန်းရဲ့ အရောင်ကို ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

၁။ စိတ်ခံစားမှုတွေက မျက်လုံးအရောင် ပြောင်းလဲနိုင်စွမ်း ရှိပါတယ်။

စိတ်အားထက်သန်မှုတွေ ဖြစ်လာတဲ့အခါ နှလုံးခုန်သံတွေ မြန်လာပါတယ်။ အသက်ရှူနှုန်းတွေ မြန်လာပါတယ်။ နောက်ပြီး မျက်ဝန်းရဲ့ အရောင်ကလည်း ပြောင်းလဲသွားပါတယ်။ စိတ်အားလှုပ်ရှားတဲ့အခါ မျက်လုံးတွေက တစ်ခါတစ်ရံ မည်းနက်လာတတ်ပြီး တစ်ခါတစ်ရံ တောက်ပလာ တတ်ပါတယ်။ ပျော်ရွှင်နေတဲ့ အခိုက်အတန့်မှာဆိုရင် မျက်လုံးတွေက ရွှန်းလဲ့နေပါတယ်။

၂။ မယ်လနင်ဓာတ်နှင့် အသက်အရွယ်

မွေးကာစ ကလေးတွေက မိုးပြာရောင် မျက်လုံးလေးနဲ့ဆိုရင် အံ့အားသင့်မှာပါ။ မျက်လုံး မိုးပြာရောင် ဖြစ်ရခြင်းက မျက်ဝန်းမှာ မယ်လနင်ဓာတ် ပါဝင်မှု လျော့နည်းသေးလို့ ဖြစ်ပါတယ်။ အသက် ၃ လ ကနေ ၁၈ လ အထိ ရောက်လာတဲ့အခါ မျက်ဝန်းမှာ မယ်လင်နိုဆိုက် ပါဝင်မှု ကြီးမားလာပြီး အနက်ရောင်ဓာတ်ကို ကူးပြောင်းသွားပါတယ် ။

တောင်ပေါ်ဒေသမှာ မွေးဖွားတဲ့သူတွေက မွေးဖွားစမှာ မျက်လုံးအပြာရောင်ဖြစ်ပြီး နောက်ပိုင်းမှာ နီညိုရောင် ပြောင်းသွားပါတယ်။ ဒါပေမယ့် မိဘတွေရဲ့ မျက်လုံးအရောင်ပေါ်မှာလည်း မူတည်ပါတယ်။ မျက်လုံးအနက်ရောင် ရှိတဲ့သူတွေက မျက်လုံးရောဂါ ဖြစ်နိုင်ချေ နည်းပါးပေမယ့် နေကာမျက်မှန် တပ်သင့်ပါတယ်။ မျက်လုံးအရောင်ကို ပြောင်းလဲစေနိုင်တဲ့ မျိုးရိုးဗီဇ ၁၆ ခု ရှိပါတယ်။ အဲဒါကြောင့် မမွေးဖွားခင်မှာ မျက်လုံးအရောင်ကို ခန့်မှန်းဖို့ ခက်ခဲပါတယ်။

၃။ အစားအစာ

မျက်လုံးအရောင်နဲ့ အတွင်းအင်္ဂါ အစိတ်အပိုင်းတွေရဲ့ ကျန်းမာရေးက ဆက်စပ်မှု ရှိပါတယ်။ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေက မျက်လုံးအရောင်ကို ပြောင်းလဲစေပါတယ်။ မျက်ဝန်းထဲမှာ အဝါရောင် ပြောင်းလဲနေခြင်းက အဆိပ်အတောက်တွေ များပြားနေတာကို ဖော်ပြတာပါ။

အစာခြေစနစ် ကောင်းမွန်လာပြီးနောက်မှာတော့ မျက်ဝန်းက စိမ်းညှို့ရောင်ပြောင်းပြီး တောက်ပလာပါတယ်။ ပင်လယ်စာတွေက မျက်လုံးကိုပိုပြီး ရွှန်းလဲ့စေပါတယ်။ သံလွင်ဆီ၊ ကြက်သွန်နီနဲ့ အစေ့အဆံတွေ ကလည်း မျက်လုံးအရောင်တွေအပေါ် သက်ရောက်မှု ရှိပါတယ်။

၄။ မိတ်ကပ်နဲ့ အဝတ်အစားကလည်း မျက်လုံးအရောင်ကို ပြောင်းလဲစေတယ်။

အမျိုးသမီးတွေမှာ မျက်လုံးအရောင်တွေကို မှော်ဆန်ဆန် ပြောင်းလဲပေးနိုင်မယ့် ကိရိယာတွေ ရှိပါတယ်။ အဲဒါတွေကတော့ မိတ်ကပ်၊ အဝတ်အစား၊ ဆံပင်အရောင်နဲ့ လက်ဝတ်လက်စားတွေ ဖြစ်ပါတယ်။ မျက်လုံး အညိုရောင်ရှိတဲ့ အမျိူးသမီးတွေက ရွှေရောင်၊ ပန်းရောင်နဲ့ အစိမ်းတောက်ရောင် ဝတ်စုံတွေဝတ်တဲ့အခါ မျက်ဝန်းက ပိုတောက်မှာပါ။

၅။ နေရောင်ခြည်နဲ့ နေထိုင်ရာဒေသ

ကမ္ဘာ့လူဦးရေရဲ့ ၇၀ % က အညိုရောင် မျက်ဝန်းပိုင်ရှင်များ ဖြစ်ကြပါတယ်။ အညိုရောင် မျက်ဝန်းပိုင်ရှင်တွေကို ဩစတေးလျတိုက်ကနေ မြောက်အမေရိကတိုက်အထိ တွေ့နိုင်ပါတယ်။ အာရှ၊ အရှေ့အလယ်ပိုင်း၊ တောင်အမေရိက၊ ဥရောပတောင်ပိုင်းမှာ နေသူတွေရဲ့ ၉၅ % က မျက်လုံးအညိုရောင်များ ဖြစ်ကြပါတယ်။ အမေရိကန်နိုင်ငံရဲ့ ၅၀ % က မျက်လုံးအညိုရောင်များ ဖြစ်ကြပါတယ်။

ဥရောပတိုက်မြောက်ပိုင်းမှာ နေတဲ့သူတွေက အများစုမှာ မျက်လုံးက အပြာရောင် ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၂ % ကပဲ အစိမ်းရောင်မျက်လုံး ရှိတာပါ။ အစိမ်းရောင် မျက်လုံးပိုင်ရှင်တွေကို စပိန်၊ အိုင်ယာလန်၊ ရုရှား၊ ဘရာဇီး၊ အိုက်စ်လန်နှင့် ပါကစ္စတန်နိုင်ငံတွေမှာ တွေ့နိုင်ပါတယ်။ အတွေ့ရ အနည်းဆုံး မျက်လုံးအရောင်ကတော့ အဝါရောင် ဖြစ်ပါတယ်။

၆။ လေဆာရောင်မျက်ဝန်း။

လေဆာနဲ့ ကုသတဲ့အခါ မယ်လနင်ဓာတ်တွေကို ပျက်စီးသွားစေပြီး မျက်ဝန်းတွေ ပိုတောက်လာပါတယ်။ လေဆာနဲ့ကုသတဲ့အခါ မျက်လုံးအညိုရောင်က အပြာရောင် (သို့) ခဲရောင်ကို ပြောင်းသွားပါတယ်။ ကုသတဲ့အချိန်က ၂ စက္ကန့်သာ ကြာမြင့်ပြီး ရလဒ်ကိုတော့ ၂ ပတ်ကနေ ၄ ပတ်အတွင်း မြင်ရမှာပါ။

၇။ ပုတ်သင်ညိုရောင် မျက်ဝန်း။

တချို့လူတွေက မျက်လုံးအရောင်တွေကို ပြောင်းနိုင်ပါတယ်။ သိပ္ပံပညာ အားလုံးကတော့ ပုတ်သင်ညိုလို မျက်ဝန်းအရောင် ပြောင်းတတ်ခြင်းက ရောဂါမဟုတ်ဘူးလို့ ပြောကြပါတယ်။ ဒီလို မျက်ဝန်းပိုင်ရှင်တွေကလည်း မျက်လုံးနဲ့ ပတ်သက်တဲ့ရောဂါ မဖြစ်ကြောင်း ကိုလည်း တွေ့ရပါတယ်။ မျက်လုံးအရောင် ပြောင်းလဲတတ်ခြင်းက မျိုးရိုးနဲ့ မသက်ဆိုင်ပါဘူး။

မျက်လုံးမှာ ပါဝင်တဲ့ အရောင်တွေက အာရုံကြောလုပ်ဆောင်မှု၊ မယ်လနင်ဓာတ် ပါဝင်မှုနဲ့ ဆက်သွယ်နေပါတယ်။ စိတ်ဖိစီးခြင်း၊ ပျော်ရွှင်ခြင်း၊ စိုးရိမ်ခြင်းတွေဖြစ်တဲ့အခါ ပုတ်သင်ညိုရောင် မျက်ဝန်းပိုင်ရှင်တွေက မျက်ဝန်းအရောင် ပြောင်းပါတယ်။

ပုတ်သင်ညိုရောင် မျက်ဝန်းပိုင်ရှင်တွေဟာ တစ်ခါတစ်ရံမှာ သူတို့ရဲ့စိတ်ကို ခန့်မှန်းရ ခက်ပါတယ်။ ဒါပေမယ့် သူတို့က ကျီစယ်စနောက်တတ်သူတွေ ဖြစ်တယ်လို့ စိတ်ပညာရှင်တွေက ပြောကြပါတယ်။

Zombie (Lovemedia)

for zawgyi

သင့္မ်က္လုံးအေရာင္ကို ေျပာင္းလဲေပးႏိုင္သည့္ အရာမ်ား

လူသားေတြမွာ မ်က္လုံးအညိဳေရာင္နဲ႔ အျပာေရာင္ ရွိရင္ မအံ့ဩၾကပါဘူး။ ဒါေပမယ့္ မ်က္လုံး အစိမ္းေရာင္ ရွိရင္ေတာ့ အံ့ဩစရာပါပဲ။ အစားအစာနဲ႔ စိတ္ခံစားမႈေတြက မ်က္ဝန္းရဲ႕ အေရာင္ကို ေျပာင္းလဲႏိုင္စြမ္း ရွိပါတယ္။

၁။ စိတ္ခံစားမႈေတြက မ်က္လုံးအေရာင္ ေျပာင္းလဲႏိုင္စြမ္း ရွိပါတယ္။

စိတ္အားထက္သန္မႈေတြ ျဖစ္လာတဲ့အခါ ႏွလုံးခုန္သံေတြ ျမန္လာပါတယ္။ အသက္ရႉႏႈန္းေတြ ျမန္လာပါတယ္။ ေနာက္ၿပီး မ်က္ဝန္းရဲ႕ အေရာင္ကလည္း ေျပာင္းလဲသြားပါတယ္။ စိတ္အားလႈပ္ရွားတဲ့အခါ မ်က္လုံးေတြက တစ္ခါတစ္ရံ မည္းနက္လာတတ္ၿပီး တစ္ခါတစ္ရံ ေတာက္ပလာ တတ္ပါတယ္။ ေပ်ာ္႐ႊင္ေနတဲ့ အခိုက္အတန႔္မွာဆိုရင္ မ်က္လုံးေတြက ႐ႊန္းလဲ့ေနပါတယ္။

၂။ မယ္လနင္ဓာတ္ႏွင့္ အသက္အ႐ြယ္

ေမြးကာစ ကေလးေတြက မိုးျပာေရာင္ မ်က္လုံးေလးနဲ႔ဆိုရင္ အံ့အားသင့္မွာပါ။ မ်က္လုံး မိုးျပာေရာင္ ျဖစ္ရျခင္းက မ်က္ဝန္းမွာ မယ္လနင္ဓာတ္ ပါဝင္မႈ ေလ်ာ့နည္းေသးလို႔ ျဖစ္ပါတယ္။ အသက္ ၃ လ ကေန ၁၈ လ အထိ ေရာက္လာတဲ့အခါ မ်က္ဝန္းမွာ မယ္လင္ႏိုဆိုက္ ပါဝင္မႈ ႀကီးမားလာၿပီး အနက္ေရာင္ဓာတ္ကို ကူးေျပာင္းသြားပါတယ္ ။

ေတာင္ေပၚေဒသမွာ ေမြးဖြားတဲ့သူေတြက ေမြးဖြားစမွာ မ်က္လုံးအျပာေရာင္ျဖစ္ၿပီး ေနာက္ပိုင္းမွာ နီညိဳေရာင္ ေျပာင္းသြားပါတယ္။ ဒါေပမယ့္ မိဘေတြရဲ႕ မ်က္လုံးအေရာင္ေပၚမွာလည္း မူတည္ပါတယ္။ မ်က္လုံးအနက္ေရာင္ ရွိတဲ့သူေတြက မ်က္လုံးေရာဂါ ျဖစ္ႏိုင္ေခ် နည္းပါးေပမယ့္ ေနကာမ်က္မွန္ တပ္သင့္ပါတယ္။ မ်က္လုံးအေရာင္ကို ေျပာင္းလဲေစႏိုင္တဲ့ မ်ိဳး႐ိုးဗီဇ ၁၆ ခု ရွိပါတယ္။ အဲဒါေၾကာင့္ မေမြးဖြားခင္မွာ မ်က္လုံးအေရာင္ကို ခန႔္မွန္းဖို႔ ခက္ခဲပါတယ္။

၃။ အစားအစာ

မ်က္လုံးအေရာင္နဲ႔ အတြင္းအဂၤါ အစိတ္အပိုင္းေတြရဲ႕ က်န္းမာေရးက ဆက္စပ္မႈ ရွိပါတယ္။ အသီးအႏွံနဲ႔ ဟင္းသီးဟင္း႐ြက္ေတြက မ်က္လုံးအေရာင္ကို ေျပာင္းလဲေစပါတယ္။ မ်က္ဝန္းထဲမွာ အဝါေရာင္ ေျပာင္းလဲေနျခင္းက အဆိပ္အေတာက္ေတြ မ်ားျပားေနတာကို ေဖာ္ျပတာပါ။

အစာေျခစနစ္ ေကာင္းမြန္လာၿပီးေနာက္မွာေတာ့ မ်က္ဝန္းက စိမ္းညႇိဳ႕ေရာင္ေျပာင္းၿပီး ေတာက္ပလာပါတယ္။ ပင္လယ္စာေတြက မ်က္လုံးကိုပိုၿပီး ႐ႊန္းလဲ့ေစပါတယ္။ သံလြင္ဆီ၊ ၾကက္သြန္နီနဲ႔ အေစ့အဆံေတြ ကလည္း မ်က္လုံးအေရာင္ေတြအေပၚ သက္ေရာက္မႈ ရွိပါတယ္။

၄။ မိတ္ကပ္နဲ႔ အဝတ္အစားကလည္း မ်က္လုံးအေရာင္ကို ေျပာင္းလဲေစတယ္။

အမ်ိဳးသမီးေတြမွာ မ်က္လုံးအေရာင္ေတြကို ေမွာ္ဆန္ဆန္ ေျပာင္းလဲေပးႏိုင္မယ့္ ကိရိယာေတြ ရွိပါတယ္။ အဲဒါေတြကေတာ့ မိတ္ကပ္၊ အဝတ္အစား၊ ဆံပင္အေရာင္နဲ႔ လက္ဝတ္လက္စားေတြ ျဖစ္ပါတယ္။ မ်က္လုံး အညိဳေရာင္ရွိတဲ့ အမ်ိဴးသမီးေတြက ေ႐ႊေရာင္၊ ပန္းေရာင္နဲ႔ အစိမ္းေတာက္ေရာင္ ဝတ္စုံေတြဝတ္တဲ့အခါ မ်က္ဝန္းက ပိုေတာက္မွာပါ။

၅။ ေနေရာင္ျခည္နဲ႔ ေနထိုင္ရာေဒသ

ကမာၻ႔လူဦးေရရဲ႕ ၇၀ % က အညိဳေရာင္ မ်က္ဝန္းပိုင္ရွင္မ်ား ျဖစ္ၾကပါတယ္။ အညိဳေရာင္ မ်က္ဝန္းပိုင္ရွင္ေတြကို ဩစေတးလ်တိုက္ကေန ေျမာက္အေမရိကတိုက္အထိ ေတြ႕ႏိုင္ပါတယ္။ အာရွ၊ အေရွ႕အလယ္ပိုင္း၊ ေတာင္အေမရိက၊ ဥေရာပေတာင္ပိုင္းမွာ ေနသူေတြရဲ႕ ၉၅ % က မ်က္လုံးအညိဳေရာင္မ်ား ျဖစ္ၾကပါတယ္။ အေမရိကန္ႏိုင္ငံရဲ႕ ၅၀ % က မ်က္လုံးအညိဳေရာင္မ်ား ျဖစ္ၾကပါတယ္။

ဥေရာပတိုက္ေျမာက္ပိုင္းမွာ ေနတဲ့သူေတြက အမ်ားစုမွာ မ်က္လုံးကအျပာေရာင္ ျဖစ္ပါတယ္။ ကမာၻ႔လူဦးေရရဲ႕ ၂ % ကပဲ အစိမ္းေရာင္မ်က္လုံး ရွိတာပါ။ အစိမ္းေရာင္ မ်က္လုံးပိုင္ရွင္ေတြကို စပိန္၊ အိုင္ယာလန္၊ ႐ုရွား၊ ဘရာဇီး၊ အိုက္စ္လန္ႏွင့္ ပါကစၥတန္ႏိုင္ငံေတြမွာ ေတြ႕ႏိုင္ပါတယ္။ အေတြ႕ရ အနည္းဆုံး မ်က္လုံးအေရာင္ကေတာ့ အဝါေရာင္ ျဖစ္ပါတယ္။

၆။ ေလဆာေရာင္မ်က္ဝန္း။

ေလဆာနဲ႔ ကုသတဲ့အခါ မယ္လနင္ဓာတ္ေတြကို ပ်က္စီးသြားေစၿပီး မ်က္ဝန္းေတြ ပိုေတာက္လာပါတယ္။ ေလဆာနဲ႔ကုသတဲ့အခါ မ်က္လုံးအညိဳေရာင္က အျပာေရာင္ (သို႔) ခဲေရာင္ကို ေျပာင္းသြားပါတယ္။ ကုသတဲ့အခ်ိန္က ၂ စကၠန႔္သာ ၾကာျမင့္ၿပီး ရလဒ္ကိုေတာ့ ၂ ပတ္ကေန ၄ ပတ္အတြင္း ျမင္ရမွာပါ။

၇။ ပုတ္သင္ညိဳေရာင္ မ်က္ဝန္း။

တခ်ိဳ႕လူေတြက မ်က္လုံးအေရာင္ေတြကို ေျပာင္းႏိုင္ပါတယ္။ သိပၸံပညာ အားလုံးကေတာ့ ပုတ္သင္ညိဳလို မ်က္ဝန္းအေရာင္ ေျပာင္းတတ္ျခင္းက ေရာဂါမဟုတ္ဘူးလို႔ ေျပာၾကပါတယ္။ ဒီလို မ်က္ဝန္းပိုင္ရွင္ေတြကလည္း မ်က္လုံးနဲ႔ ပတ္သက္တဲ့ေရာဂါ မျဖစ္ေၾကာင္း ကိုလည္း ေတြ႕ရပါတယ္။ မ်က္လုံးအေရာင္ေျပာင္းလဲတတ္ျခင္းက မ်ိဳး႐ိုးနဲ႔ မသက္ဆိုင္ပါဘူး။

မ်က္လုံးမွာ ပါဝင္တဲ့ အေရာင္ေတြက အာ႐ုံေၾကာလုပ္ေဆာင္မႈ၊ မယ္လနင္ဓာတ္ ပါဝင္မႈနဲ႔ ဆက္သြယ္ေနပါတယ္။ စိတ္ဖိစီးျခင္း၊ ေပ်ာ္႐ႊင္ျခင္း၊ စိုးရိမ္ျခင္းေတြျဖစ္တဲ့အခါ ပုတ္သင္ညိဳေရာင္ မ်က္ဝန္းပိုင္ရွင္ေတြက မ်က္ဝန္းအေရာင္ ေျပာင္းပါတယ္။

ပုတ္သင္ညိဳေရာင္ မ်က္ဝန္းပိုင္ရွင္ေတြဟာ တစ္ခါတစ္ရံမွာ သူတို႔ရဲ႕စိတ္ကို ခန႔္မွန္းရခက္ပါတယ္။ ဒါေပမယ့္ သူတို႔က က်ီစယ္စေနာက္တတ္သူေတြျဖစ္တယ္လို႔ စိတ္ပညာရွင္ေတြက ေျပာၾကပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments