အိပ်ယာမဝင်ခင် လေ့ကျင့်ခန်းလုပ်ရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ
အိပ်ယာမဝင်ခင် လေ့ကျင့်ခန်း လုပ်တာက သင့်ကျန်းမာရေးကို ထိခိုက်စေတယ်လို့ တွေးရင်တော့ သင်အမှားကြီး မှားနေပါပြီ။ ဒီလို လေ့ကျင့်ခန်း လုပ်တာဟာ မနက်လုပ်တာထက်တောင် ပိုအကျိုးဖြစ် နေပါသေးတယ်။ အိပ်ယာမဝင်ခင် လေ့ကျင့်ခန်း ပြုလုပ်ကြည့်ပါ။ မနက် လေ့ကျင့်ခန်းထက် ပိုထိရောက်တာကို တွေ့ရပါလိမ့်မယ်။ ဒါဆို ညဘက်လုပ်တာက နေ့ဘက်လုပ်တာထက် ဘာတွေ ပိုထူးခြားသွားမလဲ။
၁။ လေ့ကျင့်ခန်းတွေကို ပိုလုပ်လာနိုင်တယ်
မွန်းလွဲပိုင်း ကျော်တဲ့အချိန် လေ့ကျင့်ခန်း လုပ်လိုက်တာနဲ့ သင့်ကိုယ်ထဲမှာ ရုတ်တရက် စွမ်းအင်တွေ ပေါက်ကွဲတာကို ကြုံဖူးပါသလား။ အဲ့လို ပေါက်ကွဲထွက်ခြင်းမှာ အကြောင်းပြချက် ရှိပါတယ်။ ငယ်ငယ်တုန်းက အိပ်ယာမဝင်ခင် သင်ဘယ်လောက်ထိ ဆော့ခဲ့လဲ ဆိုတာကို မှတ်မိမယ် ထင်ပါတယ်။
အကြောင်းကတော့ မွန်းလွဲ (၂) နာရီကနေ (၆) နာရီအတွင်း ခန္ဓာကိုယ် အပူချိန် မြင့်တက်နေတာကြောင့်ပဲ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာခြင်းက လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ ပိုပြီးထိရောက်စေပါတယ်။
တကယ်လို့ သင်က အပြေးသမားတစ်ယောက် ဖြစ်တယ်ဆိုလည်း ညနေခင်းဘက်မှာ ပြေးကြည့်ပါ။ လေ့လာမှုတွေအရ အမှောင်ထဲမှာ ပြေးတာက သင့်ကိုမြန်မြန် ပြေးစေပြီးတော့ စိတ်အနှောင့်အယှက်လဲ မဖြစ်စေဘူး။ ဝိတ်လဲ ပိုကျတယ်လို့ ဆိုပါတယ်။
၂။ အိပ်ရေးဝဝ အိပ်နိုင်ပါတယ်
မအိပ်ခင် လေ့ကျင့်ခန်း ပြုလုပ်တာက သင့်ကို အိပ်ရေးဝဝ အိပ်စေနိုင်ပါတယ်။ ဒါ့အပြင် ကာယလေ့ကျင့်ခန်းလုပ်တာက အိပ်စက်ခြင်းကိုထိခိုက်စေတယ်ဆိုတဲ့ အကြောင်းပြချက်လည်း မရှိပါဘူး။ ဒါပေမယ့် မအိပ်ပျော်စေတဲ့ လေ့ကျင့်ခန်းမျိုး မလုပ်သင့်ပါဘူး။ မဟုတ်ရင် ပိုပြီး အိပ်ရေးပျက်သွား စေပါလိမ့်မယ်။
၃။ ကြွက်သားတွေထွက်တာ မြန်ဆန်စေတယ်
Testosterone နှင့် cortisol ဟော်မုန်းတွေက ညနေပိုင်းမှာ လေ့ကျင့်ခန်းလုပ်ရင် ပိုပြီး ထွက်တာကြောင့် ကြွက်သားတွေ ထွက်စေဖို့ မြန်စေပါတယ်။ မနက်အချိန်မှာထက် ညနေအချိန်မှာ ကြွက်သားတွေက ပိုမို လှုပ်ရှားတာကြောင့်ပါ။ အပြည့်အဝကို အလုပ်လုပ် ပါတယ်။ တစ်မနက်ခင်းလုံး လေ့ကျင့်ခန်း လုပ်တာထက် ညနေလုပ်တာက ပိုထိရောက်ပါတယ်။ ညနေပိုင်းမှာ ပြေးတာကလည်း အတူတူပါပဲ။
၄။ စိတ်ဖိအားတွေ လျော့ကျစေတယ်
တစ်ခါတစ်လေမှာ ညဘက်အတွေးတွေ များတာကြောင့် အိပ်မပျော်တာတွေ ရှိပါတယ်။ ဒီလိုအချိန်မှာ ယောဂ (ဒါမှမဟုတ်) လေ့ကျင့်ခန်း တစ်ခုခု လုပ်တာက သင့်စိတ်ကို ဖြေလျှော့ပေးနိုင်ပါတယ်။ အိပ်ယာမဝင်ခင် ယောဂလေ့ကျင့်ခန်း လုပ်တာက သင့်ကို ကောင်းကောင်းမွန်မွန်ကို အိပ်ပျော်စေတယ်လို့ စာတမ်းတစ်ခုမှာ ရေးထားပါတယ်။ စိတ်ဖိစီးမှုတွေကို လျော့ကျစေတဲ့ အပြင် အသက်ရှူရတာ ပိုမိုကောင်းမွန်လာတာကြောင့် အဆုတ်နှင့် နှလုံးရောဂါကိုလည်း ကာကွယ်ပေးပါတယ်။
Zombie (Lovemedia)
for zawgyi
Zombie (Lovemedia)
Post a Comment
0 Comments