သင် လုံးဝမသိသေးတဲ့ ကမ္ဘာကြီးရဲ့ ထူးထူးဆန်းဆန်း အဖြစ်အပျက်များ

သမိုင်းတလျှောက်မှာ လူသားတွေက ကမ္ဘာကြီးပေါ်က အရာအားလုံးကို မလေ့လာနိုင်ခဲ့ပါဘူး။ ဒါပေမယ့် လေ့လာလိုက်တဲ့အခါ ရလာတဲ့ အချက်အလက်တွေက စိတ်ဝင်စားစရာ ကောင်းပြီး ဆက်လက်လေ့လာစေဖို့ တွန်းအား ဖြစ်စေပါတယ်။

1. အိုဇုန်းလွှာက ပိုပြီးသေးလာတယ်။

2015 ခုနှစ်နဲ့ 2000 ခုနှစ်ကို နှိုင်းယှဉ်ကြည့်တဲ့ အခါ အန္တာတိကတိုက်ပေါ်က အိုဇုန်းလွှာ အပေါက်က 4 သန်း စတုရန်းကီလိုမီတာ အထိ ကျုံ့သွားပါတယ်။ အိုဇုန်းလွှာက ဆက်ပြီးတော့လည်း သေးနေဆဲပါပဲ။ သိပ္ပံပညာရှင်တွေ ကတော့ အိုဇုန်းလွှာကို အရင်ကထက် ပိုပြီး ထိန်းသိမ်းနိုင်ပြီလို့ ပြောပါတယ်။

2. အနှုတ် - 129 ဒီဂရီဖာရင်ဟိုက်က ကမ္ဘာပေါ်က အအေးဆုံး အပူချိန်ပါ။

ကမ္ဘာပေါ်မှာ အအေးဆုံးအပူချိန်က အနှုတ် - 129 ဒီဂရီဖာရင်ဟိုက် ဖြစ်တယ်လို့ သတ်မှတ်ထားပါတယ်။ ဒီအပူချိန်က အန္တာတိကတိုက် Vostok စခန်းမှာ 1993 ခုနှစ်၊ ဇူလိုင်လ 23 ရက်နေ့ရဲ့ နွေရာသီ အပူချိန် ဖြစ်ပါတယ်။

3. နွေဦးရာသီက တစ်နာရီကို 2 မိုင်နှုန်းခန့် သွားနေပါတယ်။

နွေဦးရာသီက တစ်နာရီကို 2 မိုင်နှုန်းခန့် သွားနေတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ နွေဦးရာသီရဲ့ အမြန်နှုန်းကို နယ်မြေအသီးသီးက အပင်တွေရဲ့ပန်းပွင့်နှုန်းနဲ့ တိုင်းတာတာပါ။

4. သင့်ရဲ့သွေးဖိအား မမြင့်လာမယ့် တစ်ခုတည်းသော နေရာက Tain Shan တောင်ပါ။

လူတွေက တောင်တက်ရင် သွေးဖိအား တက်လာတတ်ပါတယ်။ ဒါပေမယ့် တောင်တက်ရင် သွေးဖိအားမတက်တဲ့ တစ်နေရာတော့ ရှိပါတယ်။ အဲဒီနေရာက Tian Shan တောင်ပါ။ သွေးတိုးတတ်သူတွေအတွက်တော့ နိဗ္ဗာန်ဘုံ လိုပါပဲ။ အဲဒီကဒေသခံတွေက ကုန်းပြင်မြင့်မှာ နေတဲ့သူတွေထက် သွေးဖိအား ပိုနည်းပါတယ် ။

5. Kimolos ကျွန်းက မြေကြီးထဲမှာ ပါဝင်နေတဲ့ ဆပ်ပြာရည်

Kimolos ကျွန်းဆိုတာ ဂရိနိုင်ငံက ကျွန်းတစ်ကျွန်းဖြစ်ပြီး 20.6 စတုရန်းမိုင်သာ ကျယ်ဝန်းတဲ့ Aegean ပင်လယ်ထဲမှာ တည်ရှိပါတယ်။ မိုးရွာပြီ ဆိုရင် ကျွန်းက ဆပ်ပြာမြုပ်တွေနဲ့ ဖုံးလွှမ်းသွားပါတယ်။ Kimolos ကျွန်းရဲ့မြေထဲမှာ ရွှံ့ဆပ်ပြာဓာတ် ရှိနေပြီး ဒေသခံတွေက ဒီရွှံ့ဆပ်ပြာကိုပဲ သုံးပါတယ်။

6. မြေထုလွှာတွေက ကမ္ဘာကြီးကို အကူလွန်ကဲခြင်းကနေ ကာကွယ်ပေးပါတယ်။

ကမ္ဘာကြီးရဲ့ မြေထုလွှာကြီးတွေက 7 လွှာရှိပြီး တစ်နှစ်ကို 3.9 လက်မစီ အသီးသီးရွေ့နေပါတယ်။ ကာဗွန်လည်ပတ်ခြင်းက ကမ္ဘာကြီးကို အပူလွန်ကဲခြင်းကနေ ကာကွယ်ပေးပါတယ်။ ကာဗွန်က ကမ္ဘာကြီးကို သက်တမ်းရှည်စေတဲ့ အရေးကြီးဆုံး အရာတွေထဲက တစ်ခုဖြစ်ပါတယ်။

7. အမေဇုန်မြစ်အောက်က မြေအောက်မြစ်

Hamza မြစ် ဆိုတ အမေဇုန်မြစ်နဲ့အပြိုင် အမေဇုန်မြစ်ရဲ့မြေအောက် 13000 ပေအကွာကနေ စီးဆင်းနေတဲ့ မြစ်ဖြစ်ပါတယ်။

Hamza မြစ်က 3700 မိုင်ရှည်လျားပြီး 248 မိုင် ကျယ်ဝန်းပါတယ်။ Hamza မြစ်ရဲ့ စီးဆင်းပုံက အလွန်နှေးပြီး ရေခဲမြစ်တွေ စီးဆင်းပုံထက် ပိုနှေးပါတယ်။ Hamza မြစ်က အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ စီးဆင်းမှု ရပ်သွားပါတယ်။

8. ပြန်လည်ဖြစ်ပေါ်လာမယ့် Pengaea ကုန်းမြေထုကြီး

လွန်ခဲ့တဲ့ နှစ်သန်းပေါင်း 300 မီလီယံတုန်းက ကမ္ဘာကြီးတစ်ခုလုံးမှာ Pangaea ဆိုတဲ့ ကုန်းမြေထုကြီး တစ်ခုပဲ ရှိခဲ့တာပါ။ ဂျူရာဆစ်ကာလမှာ Pangaea ကုန်းမြေထုက ကုန်းမြေထုနှစ်ခုအဖြစ် ကွဲထွက်သွားပါတယ်။ နှစ်ပေါင်း 250 မီလီယံအတွင်း ကုန်းမြေထုတွေက Pangaea ကုန်းမြေအသစ် အဖြစ် ပြန်လည် ပေါင်းစည်းသွားမယ်လို့ သိပ္ပံပညာရှင်တွေက မှန်းဆပါတယ်။

9. 25 နှစ်အတွင်း အန္တာတိကတိုက်မှာ ရေခဲတန်ချိန်ပေါင်း 3 ထရီလီယံ ဆုံးရှုံးသွားခဲ့ပါတယ်။

2017 ခုနှစ်အတွင်းမှာပဲ Larsen S ရေခဲပြင်ကြီးက အန္တာတိကတိုက်ကနေ ကွဲထွက်သွားပါတယ်။ သူ့ရဲ့အလေးချိန်က တစ်ထရီလီယံ တန်ချိန်ရှိပြီး ဂျမေကာနိုင်ငံရဲ့ တစ်ဝက်လောက် ကျယ်ဝန်းပါတယ်။

10. ကမ္ဘာကြီးပေါ်ကို လွှမ်းမိုးလာမယ့် အရိပ်အကြီးကြီးကို 2034 ခုနှစ်မှာ တစ်ဖန်ပြန် တွေ့ရပါဦးမယ်။

Hlmawari 8 ဆိုတဲ့ ဂျပန် မိုးလေဝသဂြိုဟ်တုက 2016 ခုနှစ်မှာ ထူးခြားတဲ့ Video တစ်ခုကို ရိုက်ယူနိုင်ခဲ့ပါတယ်။ အစကတော့ ကမ္ဘာကြီးပေါ်မှာ နေရောင်ရှိနေပြီး နောက်တော့ ကမ္ဘာကြီးတစ်ခုလုံးကို အရိပ်မည်းကြီးက ဖုံးလွှမ်းသွားပါတယ်။ ဒီ video ကို မတ်လ 9 ရက်နေ့ နေကြတ်နေတဲ့အချိန်မှာ ကမ္ဘာနဲ့ 2000 မိုင်အကွာကနေ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ဒီလို ထူးခြားတဲ့ ဖြစ်စဉ်ကို 2034 ခုနှစ် နွေဦးရာသီမှာ ထပ်မံမြင်တွေ့ရမှာ ဖြစ်ပါတယ်။

Zombie (Lovemedia)

for Zawgyi

သင္ လုံးဝမသိေသးတဲ့ ကမာၻႀကီးရဲ႕ ထူးထူးဆန္းဆန္း အျဖစ္အပ်က္မ်ား

သမိုင္းတေလွ်ာက္မွာ လူသားေတြက ကမာၻႀကီးေပၚက အရာအားလုံးကို မေလ့လာႏိုင္ခဲ့ပါဘူး။ ဒါေပမယ့္ ေလ့လာလိုက္တဲ့အခါ ရလာတဲ့ အခ်က္အလက္ေတြက စိတ္ဝင္စားစရာ ေကာင္းၿပီး ဆက္လက္ေလ့လာေစဖို႔ တြန္းအား ျဖစ္ေစပါတယ္။

1. အိုဇုန္းလႊာက ပိုၿပီးေသးလာတယ္။

2015 ခုႏွစ္နဲ႔ 2000 ခုႏွစ္ကို ႏႈိင္းယွဥ္ၾကည့္တဲ့ အခါ အႏၲာတိကတိုက္ေပၚက အိုဇုန္းလႊာ အေပါက္က 4 သန္း စတုရန္းကီလိုမီတာ အထိ က်ဳံ႕သြားပါတယ္။ အိုဇုန္းလႊာက ဆက္ၿပီးေတာ့လည္း ေသးေနဆဲပါပဲ။ သိပၸံပညာရွင္ေတြ ကေတာ့ အိုဇုန္းလႊာကို အရင္ကထက္ ပိုၿပီး ထိန္းသိမ္းႏိုင္ၿပီလို႔ ေျပာပါတယ္။

2. အႏႈတ္ - 129 ဒီဂရီဖာရင္ဟိုက္က ကမာၻေပၚက အေအးဆုံး အပူခ်ိန္ပါ။

ကမာၻေပၚမွာ အေအးဆုံးအပူခ်ိန္က အႏႈတ္ - 129 ဒီဂရီဖာရင္ဟိုက္ ျဖစ္တယ္လို႔ သတ္မွတ္ထားပါတယ္။ ဒီအပူခ်ိန္က အႏၲာတိကတိုက္ Vostok စခန္းမွာ 1993 ခုႏွစ္၊ ဇူလိုင္လ 23 ရက္ေန႔ရဲ႕ ေႏြရာသီ အပူခ်ိန္ ျဖစ္ပါတယ္။

3. ေႏြဦးရာသီက တစ္နာရီကို 2 မိုင္ႏႈန္းခန႔္ သြားေနပါတယ္။

ေႏြဦးရာသီက တစ္နာရီကို 2 မိုင္ႏႈန္းခန႔္ သြားေနတယ္လို႔ သိပၸံပညာရွင္ေတြက ေျပာပါတယ္။ ေႏြဦးရာသီရဲ႕ အျမန္ႏႈန္းကို နယ္ေျမအသီးသီးက အပင္ေတြရဲ႕ပန္းပြင့္ႏႈန္းနဲ႔ တိုင္းတာတာပါ။

4. သင့္ရဲ႕ေသြးဖိအား မျမင့္လာမယ့္ တစ္ခုတည္းေသာ ေနရာက Tain Shan ေတာင္ပါ။

လူေတြက ေတာင္တက္ရင္ ေသြးဖိအား တက္လာတတ္ပါတယ္။ ဒါေပမယ့္ ေတာင္တက္ရင္ ေသြးဖိအားမတက္တဲ့ တစ္ေနရာေတာ့ ရွိပါတယ္။ အဲဒီေနရာက Tian Shan ေတာင္ပါ။ ေသြးတိုးတတ္သူေတြအတြက္ေတာ့ နိဗၺာန္ဘုံ လိုပါပဲ။ အဲဒီကေဒသခံေတြက ကုန္းျပင္ျမင့္မွာ ေနတဲ့သူေတြထက္ ေသြးဖိအား ပိုနည္းပါတယ္ ။

5. Kimolos ကြၽန္းက ေျမႀကီးထဲမွာ ပါဝင္ေနတဲ့ ဆပ္ျပာရည္

Kimolos ကြၽန္းဆိုတာ ဂရိႏိုင္ငံက ကြၽန္းတစ္ကြၽန္းျဖစ္ၿပီး 20.6 စတုရန္းမိုင္သာ က်ယ္ဝန္းတဲ့ Aegean ပင္လယ္ထဲမွာ တည္ရွိပါတယ္။ မိုး႐ြာၿပီ ဆိုရင္ ကြၽန္းက ဆပ္ျပာျမဳပ္ေတြနဲ႔ ဖုံးလႊမ္းသြားပါတယ္။ Kimolos ကြၽန္းရဲ႕ေျမထဲမွာ ႐ႊံ႕ဆပ္ျပာဓာတ္ရွိေနၿပီး ေဒသခံေတြက ဒီ႐ႊံ႕ဆပ္ျပာကိုပဲ သုံးပါတယ္။

6. ေျမထုလႊာေတြက ကမာၻႀကီးကို အကူလြန္ကဲျခင္းကေန ကာကြယ္ေပးပါတယ္။

ကမာၻႀကီးရဲ႕ ေျမထုလႊာႀကီးေတြက 7 လႊာရွိၿပီး တစ္ႏွစ္ကို 3.9 လက္မစီ အသီးသီးေ႐ြ႕ေနပါတယ္။ ကာဗြန္လည္ပတ္ျခင္းက ကမာၻႀကီးကို အပူလြန္ကဲျခင္းကေန ကာကြယ္ေပးပါတယ္။ ကာဗြန္က ကမာၻႀကီးကို သက္တမ္းရွည္ေစတဲ့ အေရးႀကီးဆုံး အရာေတြထဲက တစ္ခုျဖစ္ပါတယ္။

7. အေမဇုန္ျမစ္ေအာက္က ေျမေအာက္ျမစ္

Hamza ျမစ္ ဆိုတ အေမဇုန္ျမစ္နဲ႔အၿပိဳင္ အေမဇုန္ျမစ္ရဲ႕ေျမေအာက္ 13000 ေပအကြာကေန စီးဆင္းေနတဲ့ ျမစ္ျဖစ္ပါတယ္။

Hamza ျမစ္က 3700 မိုင္ရွည္လ်ားၿပီး 248 မိုင္ က်ယ္ဝန္းပါတယ္။ Hamza ျမစ္ရဲ႕ စီးဆင္းပုံက အလြန္ေႏွးၿပီး ေရခဲျမစ္ေတြ စီးဆင္းပုံထက္ ပိုေႏွးပါတယ္။ Hamza ျမစ္က အတၱလႏၲိတ္သမုဒၵရာထဲမွာ စီးဆင္းမႈ ရပ္သြားပါတယ္။

8. ျပန္လည္ျဖစ္ေပၚလာမယ့္ Pengaea ကုန္းေျမထုႀကီး

လြန္ခဲ့တဲ့ ႏွစ္သန္းေပါင္း 300 မီလီယံတုန္းက ကမာၻႀကီးတစ္ခုလုံးမွာ Pangaea ဆိုတဲ့ ကုန္းေျမထုႀကီး တစ္ခုပဲ ရွိခဲ့တာပါ။ ဂ်ဴရာဆစ္ကာလမွာ Pangaea ကုန္းေျမထုက ကုန္းေျမထုႏွစ္ခုအျဖစ္ ကြဲထြက္သြားပါတယ္။ ႏွစ္ေပါင္း 250 မီလီယံအတြင္း ကုန္းေျမထုေတြက Pangaea ကုန္းေျမအသစ္ အျဖစ္ ျပန္လည္ ေပါင္းစည္းသြားမယ္လို႔ သိပၸံပညာရွင္ေတြက မွန္းဆပါတယ္။

9. 25 ႏွစ္အတြင္း အႏၲာတိကတိုက္မွာ ေရခဲတန္ခ်ိန္ေပါင္း 3 ထရီလီယံ ဆုံးရႈံးသြားခဲ့ပါတယ္။

2017 ခုႏွစ္အတြင္းမွာပဲ Larsen S ေရခဲျပင္ႀကီးက အႏၲာတိကတိုက္ကေန ကြဲထြက္သြားပါတယ္။ သူ႔ရဲ႕အေလးခ်ိန္က တစ္ထရီလီယံ တန္ခ်ိန္ရွိၿပီး ဂ်ေမကာႏိုင္ငံရဲ႕ တစ္ဝက္ေလာက္ က်ယ္ဝန္းပါတယ္။

10. ကမာၻႀကီးေပၚကို လႊမ္းမိုးလာမယ့္ အရိပ္အႀကီးႀကီးကို 2034 ခုႏွစ္မွာ တစ္ဖန္ျပန္ ေတြ႕ရပါဦးမယ္။

Hlmawari 8 ဆိုတဲ့ ဂ်ပန္ မိုးေလဝသၿဂိဳဟ္တုက 2016 ခုႏွစ္မွာ ထူးျခားတဲ့ Video တစ္ခုကို ႐ိုက္ယူႏိုင္ခဲ့ပါတယ္။ အစကေတာ့ ကမာၻႀကီးေပၚမွာ ေနေရာင္ရွိေနၿပီး ေနာက္ေတာ့ ကမာၻႀကီးတစ္ခုလုံးကို အရိပ္မည္းႀကီးက ဖုံးလႊမ္းသြားပါတယ္။ ဒီ video ကို မတ္လ 9 ရက္ေန႔ ေနၾကတ္ေနတဲ့အခ်ိန္မွာ ကမာၻနဲ႔ 2000 မိုင္အကြာကေန ႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္။ ဒီလို ထူးျခားတဲ့ ျဖစ္စဥ္ကို 2034 ခုႏွစ္ ေႏြဦးရာသီမွာ ထပ္မံျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments