အကြိမ်ကြိမ်အခါခါ တွန်းချပါ

တစ်ခါတုန်းက သိန်းငှက်မ တစ်ကောင် ရှိတယ် ။ သူမဟာ ဥ ဥ ဖို့အတွက် တောင်ပေါ် မှာ ပေါက်တဲ့ သစ်ပင်ကို ရှာတယ် ။ အဲဒီ သစ်ပင်ထဲမှာတောင် အမြင့်ဆုံး သစ်ပင်ပေါ်မှာ အသိုက်ကို ဆောက်တယ် ။

ပထမတော့ အသိုက်ကို ကြီးတဲ့ သစ်ကိုင်း သစ်ခက်တွေနဲ့ ဆောက်လုပ် ပါတယ် ။ အဲဒီ အထဲမှာ သစ်ရွက်ခြောက်တွေ ထည့်တယ် ။ နောက်တော့မှာ သူမရဲ့ အမွှေးနုတွေကို နူတ်သီးနဲ့ ဆွဲနူတ်ပြီး ထည့်တယ် ။

နောက်တော့ အဲဒီအပေါ်မှာ ဥကို ဥလိုက်ပါတယ် ။ ဥက မျာများ မဥပါဘူး ။ တစ်လုံး နှစ်လုံး ပါပဲ ။ အဲဒီ ဥပေါ်မှာ သိန်းငှက်မကြီးက ဝပ်တယ် ။ အချိန်တန်တော့လည်း ဥထဲက သိန်းငှက်ကလေးတွေ ပေါက်လာတယ် ။ သိန်းငှက်မကြီး ငယ်သေးတဲ့ သိန်းငှက် ကလေးတွေ အတွက် အစာရှာ ကျွေးပါတယ် ။

သိန်းငှက်ကလေးတွေ အမွှေးနုတွေ ထွက်လာပြီ ဆိုရင် သိန်းငှက်မကြီးက အသိုက်ထဲမှာ ရှိတဲ့ အမွှေးနုတွေကို ဖယ်ရှား ပစ်တယ် ။ နောက်မကြာခင် မှာပဲ သိန်းငှက်ကလေးတွေရဲ့ အမွှေးတွေ ရှည်လာရင် သိန်းငှက်မကြီးက သစ်ရွက်ခြောက်တွေ ဖယ်ရှားပစ် လိုက်တယ် ။ သဘောကတော့ ကြမ်းတမ်းတဲ့ သစ်ကိုင်း သစ်ခက်တွေရဲ့ အထိအတွေ့နဲ့ ကြီးပြင်းစေချင်လို့ပါ.. ။

နောက်မကြာခင်မှာပဲ သိန်းငှက်ကလေးတွေရဲ့ အတောင်ပံတွေက ရှည်သထက် ရှည်လာတယ် ။ ပျံသန်းလို့ ရနိုင်တဲ့ အချိန်ကို ရောက်ပြီးလို့ သိန်းငှက်မကြီးက ယူဆတဲ့ အချိန်မှာ သိန်းငှက်ကလေး တွေကို အသိုက်ထဲက တွန်းချ လိုက်တယ် ။

သိန်းငှက် ကလေးတွေက ယက်ကန် ၊ ယက်ကန်နဲ့ တောင်ပေါ် အသိုက်ထဲက ပြုတ်ကျ သွားတယ် ။ မပျံနိုင်သေးဘူးလို့ ထင်ရင် သိန်းငှက်မက အသိုက်ထဲကို ပြန်ချီ လာတယ် ။ သိပ်မကြာခင်မှာပဲ သိန်းငှက်မဟာ သူ့ရဲ့ သားသမီးတွေကို အသိုက်ထဲက တွန်းချပြန်တယ် ။

ဒီလိုနည်းနဲ့ပဲ အကြိမ်ကြိမ် အခါခါ တွန်းချပါတယ်.. ။ သိန်းငှက်ကလေးတွေဟာ လေထဲမှာ ဝဲပြီး ပျံသန်းနိုင်ပြီ ဆိုတာနဲ့ အစစအရာရာ ကိုယ့်တာဝန် ကိုယ်ယူပေတော့.. ။ သိန်းငှက်မကြီးရဲ့ တာဝန်ပြီးပြီ ။

အမေရိကန် နိုင်ငံသားတွေဟာ သိန်းငှက် ပုံပြင်လိုပဲ သူတို့ သားသမီးတွေကို ငယ်ငယ်ကထဲက ကိုယ့်အားကိုယ် ကိုးတတ်အောင် လေ့ကျင့်ပေးတယ်။ မွေးကင်းစမှာပဲ ကိုယ်ပိုင် အိပ်ခန်းမှာ ကိုယ့်ဘာသာကိုယ် အိပ် ၊ လမ်းလျှောက်တတ် ကာစမှာပဲ အမှိုက်ပုံးမှာ ကိုယ့်အမှိုက်ကို ကိုယ် ပစ်တတ်အောင် သင်ပေးတယ်။

အရွယ်နဲ့ အမျှ တတ်နိုင်တဲ့ဝန်ကို ထမ်းဆောင်ဖို့ လေ့ကျင့်ပေးတယ် ။ အသက် ( ၁၈ ) နှစ် ပြည့်ရင်တော့ သိန်းငှက်မက အသိုက်ထဲက တွန်းချလိုက် သလိုမျိုး တွန်းချလိုက် တာပါပဲ ။ ကိုယ့်စရိတ် ကိုယ်ရှာပြီး ကောလိပ် ၊ တက္ကသိုလ် တက်ပေတော့.. ။ ဘွဲ့ မရခင်မှာပဲ လုပ်ငန်းအတွေ့အကြုံက အမျိုးမျိုး ရနေပြီ ။

ယောကျာ်းရော ၊ မိန်းမပါ အရွယ် ရောက်တာနဲ့ ကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မောင်းတတ်နေပြီ။ သေနတ်တိုင်း ကိုလည်း ကျွမ်းကျွမ်း ကျင်ကျင် ပစ်တတ်နေပြီ ။ ရေကူးခြင်း အတတ်ပညာကိုလည်း ကောင်းကောင်း ကျွမ်းကျင် နေပြီ ။

အခြား အားကစားကို ဝါသနာ ပါရင် ဝါသနာပါတဲ့ အလျှောက် ကောင်းကောင်း ကျွမ်းကျင်နေပြီ ။ အမေရိကန် အင်္ဂလိပ် ဘာသာစကား အပြင် အခြား ဘာသာစကားတွေ ကိုလည်း အနည်းဆုံး တမျိုးထက် ပို တတ်မြောက်နေပြီ ။

အဓိက ဦးတည်ပြီး လေ့ကျင့် ပျိုးထောင်တာက ကိုယ့်အား ကိုယ်ကိုးတတ်တဲ့ စိတ်ဓာတ်ကို ပြုစု ပျိုးထောင်တာပါ.. ။ ဒီအပြင် အားမနာတတ်ခြင်း အတတ်ပညာ ကိုလည်း ဒီအရွယ်မှာ တော်တော် ကျွမ်းကျင်နေပြီ ။ သူတို့တွေဟာ အားမနာတတ် ပေမယ့် တခြားသူတွေ ဖက်က စာနာစိတ်နဲ့ ကြည့်တတ် ၊ ခံစားတတ် အောင်လည်း တလက်စထဲ သင်ပေးတဲ့ အတွက် တတ်မြောက်နေပြီ ။

ကျနော် အကြိုက်ဆုံး လေ့ကျင့် ပျိုးထောင်မှု တခုကတော့ စာဖတ် ဝါသနာ ပါအောင် ငယ်ငယ် ကထဲက မိဘရော ၊ ဆရာသမားတွေ ကပါ လေ့ကျင့်ပြုစု ပျိုးထောင်ပေးတာ ပါပဲ ။ အရွယ်ရောက်ချိန်မှာ စာအုပ် အမြောက်အများ ကို ဖတ်ပြီး နှင့်ပြီ ။ ဘက်ပေါင်းစုံ အပေါ် တော်တော်လေးနှံ့စပ်နေပြီ ။

ဒီအပြင် ခရီးသွားခြင်း ကိုလည်း ငယ်ငယ်လေး ထဲက ဝါသနာ အလျှောက် မိဘနဲ့ အတူ လျှောက်လည်ခဲ့ပေါင်း များပြီ ။ နိုင်ငံပေါင်း မြောက်များစွာကိုလည်း ရောက်ဖူးနေပြီ ။

သားသမီးတွေကို မိဘများ အနေနဲ့ ဘဝမှာ အကောင်းဆုံး လက်ဆောင်ဟာ တသက်လုံး သုံးလို့ မကုန်တဲ့ ငွေ မဟုတ်ပါဘူး ။ ရင်ခွင်ထဲမှာ အမြဲတမ်း ထည့်ထားဖို့လည်း မဟုတ်ဘူး ။ ဘွဲ့လက်မှတ်လည်း မဟုတ်ပါဘူး ။ အိမ်ထောင်ဖက် ကောင်းကောင်းကို ရွေးပေးတာလည်း မဟုတ်ပါဘူး ။

မိဘများ အနေနဲ့ သားသမီးတွေကို ပေးသင့်တဲ့ အကောင်းဆုံး လက်ဆောင် ကတော့ " ကိုယ့်ကိုယ်ကို ယုံကြည် အားကိုးတဲ့ စိတ်ဓာတ်.. " ပါ။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်အားကိုးစိတ်ကို ရနိုင်တဲ့ အကောင်းဆုံး နည်းလမ်း တခုကတော့ သူတို့ ကြောက်နေတဲ့ အလုပ်ကို သူတို့ကို လုပ်ခွင့် ပေးလိုက်ခြင်း ဖြစ်တယ် ။ မိဘများ အနေနဲ့ ထိန်းကြောင်းပေးဖို့ပဲ လိုပါတယ် ။

သူတို့ကို အကြိမ်ကြိမ် အခါခါ တွန်းချဖို့ လိုအပ်ပါတယ်.. ။

Crd

for zawgyi

အႀကိမ္ႀကိမ္အခါခါ တြန္းခ်ပါ

တစ္ခါတုန္းက သိန္းငွက္မ တစ္ေကာင္ ရွိတယ္ ။ သူမဟာ ဥ ဥ ဖို႔အတြက္ ေတာင္ေပၚ မွာ ေပါက္တဲ့ သစ္ပင္ကို ရွာတယ္ ။ အဲဒီ သစ္ပင္ထဲမွာေတာင္ အျမင့္ဆုံး သစ္ပင္ေပၚမွာ အသိုက္ကို ေဆာက္တယ္ ။

ပထမေတာ့ အသိုက္ကို ႀကီးတဲ့ သစ္ကိုင္း သစ္ခက္ေတြနဲ႔ ေဆာက္လုပ္ ပါတယ္ ။ အဲဒီ အထဲမွာ သစ္႐ြက္ေျခာက္ေတြ ထည့္တယ္ ။ ေနာက္ေတာ့မွာ သူမရဲ႕ အေမႊးႏုေတြကို ႏူတ္သီးနဲ႔ ဆြဲႏူတ္ၿပီး ထည့္တယ္ ။

ေနာက္ေတာ့ အဲဒီအေပၚမွာ ဥကို ဥလိုက္ပါတယ္ ။ ဥက မ်ာမ်ား မဥပါဘူး ။ တစ္လုံး ႏွစ္လုံး ပါပဲ ။ အဲဒီ ဥေပၚမွာ သိန္းငွက္မႀကီးက ဝပ္တယ္ ။ အခ်ိန္တန္ေတာ့လည္း ဥထဲက သိန္းငွက္ကေလးေတြ ေပါက္လာတယ္ ။ သိန္းငွက္မႀကီး ငယ္ေသးတဲ့ သိန္းငွက္ ကေလးေတြ အတြက္ အစာရွာ ေကြၽးပါတယ္ ။

သိန္းငွက္ကေလးေတြ အေမႊးႏုေတြ ထြက္လာၿပီ ဆိုရင္ သိန္းငွက္မႀကီးက အသိုက္ထဲမွာ ရွိတဲ့ အေမႊးႏုေတြကို ဖယ္ရွား ပစ္တယ္ ။ ေနာက္မၾကာခင္ မွာပဲ သိန္းငွက္ကေလးေတြရဲ႕ အေမႊးေတြ ရွည္လာရင္ သိန္းငွက္မႀကီးက သစ္႐ြက္ေျခာက္ေတြ ဖယ္ရွားပစ္ လိုက္တယ္ ။ သေဘာကေတာ့ ၾကမ္းတမ္းတဲ့ သစ္ကိုင္း သစ္ခက္ေတြရဲ႕ အထိအေတြ႕နဲ႔ ႀကီးျပင္းေစခ်င္လို႔ပါ.. ။

ေနာက္မၾကာခင္မွာပဲ သိန္းငွက္ကေလးေတြရဲ႕ အေတာင္ပံေတြက ရွည္သထက္ ရွည္လာတယ္ ။ ပ်ံသန္းလို႔ ရႏိုင္တဲ့ အခ်ိန္ကို ေရာက္ၿပီးလို႔ သိန္းငွက္မႀကီးက ယူဆတဲ့ အခ်ိန္မွာ သိန္းငွက္ကေလး ေတြကို အသိုက္ထဲက တြန္းခ် လိုက္တယ္ ။

သိန္းငွက္ ကေလးေတြက ယက္ကန္ ၊ ယက္ကန္နဲ႔ ေတာင္ေပၚ အသိုက္ထဲက ျပဳတ္က် သြားတယ္ ။ မပ်ံႏိုင္ေသးဘူးလို႔ ထင္ရင္ သိန္းငွက္မက အသိုက္ထဲကို ျပန္ခ်ီ လာတယ္ ။ သိပ္မၾကာခင္မွာပဲ သိန္းငွက္မဟာ သူ႔ရဲ႕ သားသမီးေတြကို အသိုက္ထဲက တြန္းခ်ျပန္တယ္ ။

ဒီလိုနည္းနဲ႔ပဲ အႀကိမ္ႀကိမ္ အခါခါ တြန္းခ်ပါတယ္.. ။ သိန္းငွက္ကေလးေတြဟာ ေလထဲမွာ ဝဲၿပီး ပ်ံသန္းႏိုင္ၿပီ ဆိုတာနဲ႔ အစစအရာရာ ကိုယ့္တာဝန္ ကိုယ္ယူေပေတာ့.. ။ သိန္းငွက္မႀကီးရဲ႕ တာဝန္ၿပီးၿပီ ။

အေမရိကန္ ႏိုင္ငံသားေတြဟာ သိန္းငွက္ ပုံျပင္လိုပဲ သူတို႔ သားသမီးေတြကို ငယ္ငယ္ကထဲက ကိုယ့္အားကိုယ္ ကိုးတတ္ေအာင္ ေလ့က်င့္ေပးတယ္။ ေမြးကင္းစမွာပဲ ကိုယ္ပိုင္ အိပ္ခန္းမွာ ကိုယ့္ဘာသာကိုယ္ အိပ္ ၊ လမ္းေလွ်ာက္တတ္ ကာစမွာပဲ အမႈိက္ပုံးမွာ ကိုယ့္အမႈိက္ကို ကိုယ္ ပစ္တတ္ေအာင္ သင္ေပးတယ္။

အ႐ြယ္နဲ႔ အမွ် တတ္ႏိုင္တဲ့ဝန္ကို ထမ္းေဆာင္ဖို႔ ေလ့က်င့္ေပးတယ္ ။ အသက္ ( ၁၈ ) ႏွစ္ ျပည့္ရင္ေတာ့ သိန္းငွက္မက အသိုက္ထဲက တြန္းခ်လိုက္ သလိုမ်ိဳး တြန္းခ်လိုက္ တာပါပဲ ။ ကိုယ့္စရိတ္ ကိုယ္ရွာၿပီး ေကာလိပ္ ၊ တကၠသိုလ္ တက္ေပေတာ့.. ။ ဘြဲ႕ မရခင္မွာပဲ လုပ္ငန္းအေတြ႕အႀကဳံက အမ်ိဳးမ်ိဳး ရေနၿပီ ။

ေယာက်ာ္းေရာ ၊ မိန္းမပါ အ႐ြယ္ ေရာက္တာနဲ႔ ကားကိုလည္း ကြၽမ္းကြၽမ္းက်င္က်င္ ေမာင္းတတ္ေနၿပီ။ ေသနတ္တိုင္း ကိုလည္း ကြၽမ္းကြၽမ္း က်င္က်င္ ပစ္တတ္ေနၿပီ ။ ေရကူးျခင္း အတတ္ပညာကိုလည္း ေကာင္းေကာင္း ကြၽမ္းက်င္ ေနၿပီ ။

အျခား အားကစားကို ဝါသနာ ပါရင္ ဝါသနာပါတဲ့ အေလွ်ာက္ ေကာင္းေကာင္း ကြၽမ္းက်င္ေနၿပီ ။ အေမရိကန္ အဂၤလိပ္ ဘာသာစကား အျပင္ အျခား ဘာသာစကားေတြ ကိုလည္း အနည္းဆုံး တမ်ိဳးထက္ ပို တတ္ေျမာက္ေနၿပီ ။

အဓိက ဦးတည္ၿပီး ေလ့က်င့္ ပ်ိဳးေထာင္တာက ကိုယ့္အား ကိုယ္ကိုးတတ္တဲ့ စိတ္ဓာတ္ကို ျပဳစု ပ်ိဳးေထာင္တာပါ.. ။ ဒီအျပင္ အားမနာတတ္ျခင္း အတတ္ပညာ ကိုလည္း ဒီအ႐ြယ္မွာ ေတာ္ေတာ္ ကြၽမ္းက်င္ေနၿပီ ။ သူတို႔ေတြဟာ အားမနာတတ္ ေပမယ့္ တျခားသူေတြ ဖက္က စာနာစိတ္နဲ႔ ၾကည့္တတ္ ၊ ခံစားတတ္ ေအာင္လည္း တလက္စထဲ သင္ေပးတဲ့ အတြက္ တတ္ေျမာက္ေနၿပီ ။

က်ေနာ္ အႀကိဳက္ဆုံး ေလ့က်င့္ ပ်ိဳးေထာင္မႈ တခုကေတာ့ စာဖတ္ ဝါသနာ ပါေအာင္ ငယ္ငယ္ ကထဲက မိဘေရာ ၊ ဆရာသမားေတြ ကပါ ေလ့က်င့္ျပဳစု ပ်ိဳးေထာင္ေပးတာ ပါပဲ ။ အ႐ြယ္ေရာက္ခ်ိန္မွာ စာအုပ္ အေျမာက္အမ်ား ကို ဖတ္ၿပီး ႏွင့္ၿပီ ။ ဘက္ေပါင္းစုံ အေပၚ ေတာ္ေတာ္ေလးႏွံ႔စပ္ေနၿပီ ။

ဒီအျပင္ ခရီးသြားျခင္း ကိုလည္း ငယ္ငယ္ေလး ထဲက ဝါသနာ အေလွ်ာက္ မိဘနဲ႔ အတူ ေလွ်ာက္လည္ခဲ့ေပါင္း မ်ားၿပီ ။ ႏိုင္ငံေပါင္း ေျမာက္မ်ားစြ ာကိုလည္း ေရာက္ဖူးေနၿပီ ။

သားသမီးေတြကို မိဘမ်ား အေနနဲ႔ ဘဝမွာ အေကာင္းဆုံး လက္ေဆာင္ဟာ တသက္လုံး သုံးလို႔ မကုန္တဲ့ ေငြ မဟုတ္ပါဘူး ။ ရင္ခြင္ထဲမွာ အၿမဲတမ္း ထည့္ထားဖို႔လည္း မဟုတ္ဘူး ။ ဘြဲ႕လက္မွတ္လည္း မဟုတ္ပါဘူး ။ အိမ္ေထာင္ဖက္ ေကာင္းေကာင္းကို ေ႐ြးေပးတာလည္း မဟုတ္ပါဘူး ။

မိဘမ်ား အေနနဲ႔ သားသမီးေတြကို ေပးသင့္တဲ့ အေကာင္းဆုံး လက္ေဆာင္ ကေတာ့ " ကိုယ့္ကိုယ္ကို ယုံၾကည္ အားကိုးတဲ့ စိတ္ဓာတ္.. " ပါ။

ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္အားကိုးစိတ္ကို ရႏိုင္တဲ့ အေကာင္းဆုံး နည္းလမ္း တခုကေတာ့ သူတို႔ ေၾကာက္ေနတဲ့ အလုပ္ကို သူတို႔ကို လုပ္ခြင့္ ေပးလိုက္ျခင္း ျဖစ္တယ္ ။ မိဘမ်ား အေနနဲ႔ ထိန္းေၾကာင္းေပးဖို႔ပဲ လိုပါတယ္ ။

သူတို႔ကို အႀကိမ္ႀကိမ္ အခါခါ တြန္းခ်ဖို႔ လိုအပ္ပါတယ္.. ။

Crd

Post a Comment

0 Comments