သင့်ရဲ့ အိမ်မွေးခွေးလေးတွေကို အဆိပ်အတောက် ဖြစ်စေတဲ့ အစားအစာ (၇) မျိုး

သင်ဟာ ခွေးချစ်တတ်သူ တစ်ယောက်ဆိုရင် ခွေးလေးတွေနဲ့ မတည့်တဲ့ အစားအစာတွေကို သိထားသင့် ပါတယ်နော်။

၁။ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ

ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်နဲ့ ကြက်သွန်ဖြူတို့မှာ allicin ပါတာကြောင့် ခွေးလေးတွေ စားမိတဲ့အခါ သူတို့ရဲ့သွေးနီဥဆဲလ်တွေကို ပျက်ဆီးစေပါတယ်။ ဒါပေမယ့် ကြက်သွန်ဖြူနဲ့ ကြက်သွန်နီတို့ကို ဟင်းခတ် အမွှေးအကြိုင်အဖြစ် ထည့်သွင်း ချက်ကြတာကြောင့် ခွေးလေးတွေလည်း စားမိကြပါတယ်။ တကယ်တော့ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီတို့ဟာ ခွေးလေးတွေနဲ့ တကယ်ကို မတည့်ပါဘူး။

၂။ သကြားလုံး၊ မုန့်အချို၊ xylitol ပါသော သွားတိုက်ဆေး

Xylitol ဆိုတာက ခွေးတွေအတွက် အဆိပ် ပါဝင်မှုများတဲ့ အချိုတစ်မျိုးပါ။ Xylitol ကို သကြားလုံး၊ ပီကေ၊ မြေပဲယို၊ သွားတိုက်ဆေးတွေမှာ ပါဝင်ပါတယ်။ ခွေးလေးတွေက xylitol ကို စားမိရင် သွေးတွင်း သကြားဓါတ်တွေ တိုးလာပြီး အန်တာ၊ ကျောက်ကပ် မကောင်းတာ၊ တက်တာ တွေ ဖြစ်တတ်ပါတယ်။

၃။ ကော်ဖီ၊ လက်ဖက်ရည်၊ ချောကလက်

ကော်ဖီ၊ လက်ဖက်ရည်နဲ့ ချောကလက်၊ အားဖြည့် အချိုရည်တွေမှာ ပါဝင်တဲ့ ကာဖိန်းဓါတ်၊ theophylline၊ theobromine ဓါတ်တို့က ခွေးလေးတွေအတွက် အဆိပ်အတောက် ဖြစ်စေပါတယ်။ အဲဒီလို အစားအသောက်တွေ စားမိရင် ခွေးလေးတွေ အန်တာ၊ ဝမ်းလျှာတာ၊ အိပ်ငိုက်တာ၊ တက်တာတွေ ဖြစ်လာစေပါတယ်။

၄။ မက်ကာဒေးမီးယားအစေ့

မက်ကားဒေးမီးယားအစေ့ကို လှော်တာပဲဖြစ်ဖြစ်၊ အစိမ်းပဲဖြစ်ဖြစ် ခွေးလေးတွေ စားမိရင် မတည့်ပါဘူး။ မက်ကားဒေးမီးယားအစေ့ကို ၆ စေ့လောက် စားမိရင် ၂၄ နာရီအတွင်း အန်တာ၊ ရင်ပြည့်တာတွေ ဖြစ်ပေမယ့် အသက်ကိုတော့ မထိခိုက်စေပါဘူး။

၅။ စပျစ်သီးနှင့် စပျစ်သီးခြောက်

စပျစ်သီးနဲ့ စပျစ်သီးခြောက်ကို ခွေးလေးတွေက နည်းနည်းလေးပဲ စားမိရင်တောင် အဆိပ်အတောက် ဖြစ်စေတာကြောင့် သူတို့မမီနိုင်တဲ့ နေရာမှာ ထားသင့်ပါတယ်။ အန်တာ၊ အစားစားချင်စိတ် မရှိတာ၊ ဗိုက်နာတာ၊ ရေဓါတ်ခန်းခြောက်တာနဲ့ ကျောက်ကပ် မကောင်းတော့တဲ့အထိ ဖြစ်စေတတ်လို့ပါ။

၆။ ထောပတ်သီး

ထောပတ်သီးက လူသားတွေအတွက် အကျိုးပြုပေမယ့် ခွေးနဲ့ တခြားအိမ်မွေး တိရစ္ဆာန်လေးတွေ အတွက်တော့ မတည့်ပါဘူး။ ထောပတ်သီးမှာ ပါဝင်တဲ့ persin က ခွေးလေးတွေကို အစာအိမ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်စေပါတယ်။ ထောပတ်သီးသာမက ထောပတ်ရွက်၊ ထောပတ်စေ့ကပါ ခွေးလေးတွေနဲ့ မတည့်ပါဘူး။

၇။ အဆီနဲ့အရိုး

ခွေးလေးတွေ အရမ်းကြိုက်တဲ့ ပရိုတိန်းပါတဲ့အဆီက မုန့်ချိုအိတ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် ချက်ပြုတ်ထားတဲ့ အရိုးကလည်း ခွေးလေးတွေနဲ့ မတည့်ပါဘူး။ အရိုးက ခွေးလေးတွေရဲ့ သွားကိုလည်း ထိခိုက်စေသလို သူတို့ရဲ့လေပြွန်မှာလည်း သွားပိတ်မိ နေတတ်ပါတယ်။ ဒါပေမယ့် အရိုးအစိမ်းကို သေးသေးလေးလုပ်ပြီး ကျွေးရင်တော့ ရပါတယ်။

Bonus

ခွေးလေးတွေအတွက် အန္တရာယ် နည်းပေမယ့် ရှောင်သင်တဲ့ အစားအစာလေးများ..

- ခရမ်းချဉ်သီးအစိမ်း

- ငရုတ်သီး

- ခရမ်းသီး

- ကွမ်းသီးဂေါ်ဖီထုပ်

- လိမ္မော်သီး

- လီမွန်သီး

- တလည်းသီး

- ဗာဒံသီး

- သကြား

- နို့နဲ့ပြုလုပ်ထားတဲ့ ခရင်မ်နဲ့ ဖျော်ရည်များ

ဒီအစားအစာတွေက အန္တရာယ်နည်းပေမယ့် အစာအိမ်ထဲမှာ သက်တောင့်သက်သာဖြစ်စေမှာ မဟုတ်ပါဘူး။

Zombie (Lovemedia)

for zawgyi

သင့္ရဲ႕ အိမ္ေမြးေခြးေလးေတြကို အဆိပ္အေတာက္ ျဖစ္ေစတဲ့ အစားအစာ (၇) မ်ိဳး

သင္ဟာ ေခြးခ်စ္တတ္သူ တစ္ေယာက္ဆိုရင္ ေခြးေလးေတြနဲ႔ မတည့္တဲ့ အစားအစာေတြကို သိထားသင့္ ပါတယ္ေနာ္။

၁။ ၾကက္သြန္နီ၊ ၾကက္သြန္ၿမိတ္၊ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴ၊ ၾကက္သြန္ၿမိတ္နဲ႔ ၾကက္သြန္ျဖဴတို႔မွာ allicin ပါတာေၾကာင့္ ေခြးေလးေတြ စားမိတဲ့အခါ သူတို႔ရဲ႕ေသြးနီဥဆဲလ္ေတြကို ပ်က္ဆီးေစပါတယ္။ ဒါေပမယ့္ ၾကက္သြန္ျဖဴနဲ႔ ၾကက္သြန္နီတို႔ကို ဟင္းခတ္ အေမႊးအႀကိဳင္အျဖစ္ ထည့္သြင္း ခ်က္ၾကတာေၾကာင့္ ေခြးေလးေတြလည္း စားမိၾကပါတယ္။ တကယ္ေတာ့ ၾကက္သြန္ျဖဴ၊ ၾကက္သြန္ၿမိတ္၊ ၾကက္သြန္နီတို႔ဟာ ေခြးေလးေတြနဲ႔ တကယ္ကို မတည့္ပါဘူ း။

၂။ သၾကားလုံး၊ မုန႔္အခ်ိဳ၊ xylitol ပါေသာ သြားတိုက္ေဆး

Xylitol ဆိုတာက ေခြးေတြအတြက္ အဆိပ္ ပါဝင္မႈမ်ားတဲ့ အခ်ိဳတစ္မ်ိဳးပါ။ Xylitol ကို သၾကားလုံး၊ ပီေက၊ ေျမပဲယို၊ သြားတိုက္ေဆးေတြမွာ ပါဝင္ပါတယ္။ ေခြးေလးေတြက xylitol ကို စားမိရင္ ေသြးတြင္း သၾကားဓါတ္ေတြ တိုးလာၿပီး အန္တာ၊ ေက်ာက္ကပ္ မေကာင္းတာ၊ တက္တာ ေတြ ျဖစ္တတ္ပါတယ္။

၃။ ေကာ္ဖီ၊ လက္ဖက္ရည္၊ ေခ်ာကလက္

ေကာ္ဖီ၊ လက္ဖက္ရည္နဲ႔ ေခ်ာကလက္၊ အားျဖည့္ အခ်ိဳရည္ေတြမွာ ပါဝင္တဲ့ ကာဖိန္းဓါတ္၊ theophylline၊ theobromine ဓါတ္တို႔က ေခြးေလးေတြအတြက္ အဆိပ္အေတာက္ ျဖစ္ေစပါတယ္။ အဲဒီလို အစားအေသာက္ေတြ စားမိရင္ ေခြးေလးေတြ အန္တာ၊ ဝမ္းလွ်ာတာ၊ အိပ္ငိုက္တာ၊ တက္တာေတြ ျဖစ္လာေစပါတယ္။

၄။ မက္ကာေဒးမီးယားအေစ့

မက္ကားေဒးမီးယားအေစ့ကို ေလွာ္တာပဲျဖစ္ျဖစ္၊ အစိမ္းပဲျဖစ္ျဖစ္ ေခြးေလးေတြ စားမိရင္ မတည့္ပါဘူး။ မက္ကားေဒးမီးယားအေစ့ကို ၆ ေစ့ေလာက္ စားမိရင္ ၂၄ နာရီအတြင္း အန္တာ၊ ရင္ျပည့္တာေတြ ျဖစ္ေပမယ့္ အသက္ကိုေတာ့ မထိခိုက္ေစပါဘူး။

၅။ စပ်စ္သီးႏွင့္ စပ်စ္သီးေျခာက္

စပ်စ္သီးနဲ႔ စပ်စ္သီးေျခာက္ကို ေခြးေလးေတြက နည္းနည္းေလးပဲ စားမိရင္ေတာင္ အဆိပ္အေတာက္ ျဖစ္ေစတာေၾကာင့္ သူတို႔မမီႏိုင္တဲ့ ေနရာမွာ ထားသင့္ပါတယ္။ အန္တာ၊ အစားစားခ်င္စိတ္ မရွိတာ၊ ဗိုက္နာတာ၊ ေရဓါတ္ခန္းေျခာက္တာနဲ႔ ေက်ာက္ကပ္ မေကာင္းေတာ့တဲ့အထိ ျဖစ္ေစတတ္လို႔ပါ။

၆။ ေထာပတ္သီး

ေထာပတ္သီးက လူသားေတြအတြက္ အက်ိဳးျပဳေပမယ့္ ေခြးနဲ႔ တျခားအိမ္ေမြး တိရစာၦန္ေလးေတြ အတြက္ေတာ့ မတည့္ပါဘူး။ ေထာပတ္သီးမွာ ပါဝင္တဲ့ persin က ေခြးေလးေတြကို အစာအိမ္နဲ႔ ပတ္သက္တဲ့ ျပႆနာေတြ ျဖစ္ေစပါတယ္။ ေထာပတ္သီးသာမက ေထာပတ္႐ြက္၊ ေထာပတ္ေစ့ကပါ ေခြးေလးေတြနဲ႔ မတည့္ပါဘူး။

၇။ အဆီနဲ႔အ႐ိုး

ေခြးေလးေတြ အရမ္းႀကိဳက္တဲ့ ပ႐ိုတိန္းပါတဲ့အဆီက မုန႔္ခ်ိဳအိတ္နဲ႔ ပတ္သက္တဲ့ ေရာဂါေတြ ျဖစ္ေစပါတယ္။ ဒါ့အျပင္ ခ်က္ျပဳတ္ထားတဲ့ အ႐ိုးကလည္း ေခြးေလးေတြနဲ႔ မတည့္ပါဘူး။ အ႐ိုးက ေခြးေလးေတြရဲ႕ သြားကိုလည္း ထိခိုက္ေစသလို သူတို႔ရဲ႕ေလႁပြန္မွာလည္း သြားပိတ္မိ ေနတတ္ပါတယ္။ ဒါေပမယ့္ အ႐ိုးအစိမ္းကို ေသးေသးေလးလုပ္ၿပီး ေကြၽးရင္ေတာ့ ရပါတယ္။

Bonus

ေခြးေလးေတြအတြက္ အႏၲရာယ္ နည္းေပမယ့္ ေရွာင္သင္တဲ့ အစားအစာေလးမ်ား..

- ခရမ္းခ်ဥ္သီးအစိမ္း

- င႐ုတ္သီး

- ခရမ္းသီး

- ကြမ္းသီးေဂၚဖီထုပ္

- လိေမၼာ္သီး

- လီမြန္သီး

- တလည္းသီး

- ဗာဒံသီး

- သၾကား

- ႏို႔နဲ႔ျပဳလုပ္ထားတဲ့ ခရင္မ္နဲ႔ ေဖ်ာ္ရည္မ်ား

ဒီအစားအစာေတြက အႏၲရာယ္နည္းေပမယ့္ အစာအိမ္ထဲမွာ သက္ေတာင့္သက္သာျဖစ္ေစမွာ မဟုတ္ပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments