ဒသာကောက်ကိန်းအရ တနင်္ဂနွေသားသမီးများရဲ့ တစ်သက်တာ ကံကောင်းချိန် ကံညံ့ချိန် အသက်အပိုင်းအခြားများ

ဗေဒင်ပညာမှာ ဒသာကောက်ကိန်း ဆိုတာမျိုး ရှိပါတယ်။ ဒါက လက်ဆန်းမှာရော လက်ရိုးမှာရော ရှိနေတာပါ။ ကျွန်တော် ဗေဒင်ပညာကို စတင်လေ့လာတဲ့ အချိန်မှာ လက်ဆန်းကို အထူးပြု လေ့လာခဲ့သူပါ။ ဆရာနဲ့ အချိန်ပြည့် လက်ထက်သင်ခွင့် မရနိုင်တော့ လက်ဆန်း ပညာက ကိုယ်တိုင် self-study လုပ်ဖို့ အထိုက်အလျောက် လက်လှမ်းမီတယ်လို့ ဆိုရမှာပါ။

တစ်ရက်တော့ မှတ်မှတ်ရရ လက်ရိုးဆရာ တစ်ယောက်နဲ့ ဆုံပါတယ်။ ထိုဆရာက ကောဇာအစီးအနင်း ထက် ဒသာနဲ့ ဟောတာကို အားသန်တဲ့သူပါ။ သူ ကျွန်တော်ကို ဒသာအပိုင်းအခြား တွေနဲ့ဟောတာ အလွန်မှန်ကန်တာတွေ့ရတယ်။

ဒါကြောင့် ဒသာအပိုင်းအခြားတွေ ဘယ်လောက်များများထိ ရှိနေလဲ။ ဘယ်လောက် မှန်ကန်မှုရှိလဲ လေ့လာခဲ့ပါတယ်။ လက်ဆန်းမှာလဲ ဒဿကောက်ကိန်းတွေ အများအပြားတွေ့ရပါတယ်။ အတော်လဲ မှန်ကန်တာကို တွေ့ရပါတယ်။

ဒသာဟောကိန်းတွေကို လက်တွေ့မှာ ချိန်ထိုးကြည့်တာ အတော့်ကို မှန်ကန်ပါတယ်။ အခုပြောပြချင်တာက နေ့နံအလိုက် ကံကောင်းချိန်၊ ကံညံ့ချိန်တွေကို ပြောပြချင်တာပါ။ လူတစ်ယောက်ချင်းစီရဲ့ ဖွားဇာတာအရ၊ နာမည်အရ၊ ပစ္စပ္ပုန်ကြိုးစားမှုတွေအရ အခုရေးပေးမယ့် အချိန်ကာလတွေထဲက ကံကောင်းချိန်ကာလ၊ ကံညံ့ချိန် ကာလ တွေက မိတ်ဆွေတို့အတွက် ၁၀၀% မမှန်ကန်နိုင်ပါ။

ဒါပေမယ့် ၇၀% လောက်သော သူတွေအတွက်မှန်ကန် နိုင်ပြီးတော့ ၃၀% သောသူတွေအတွက် လွဲချော်မှုတွေ ရှိနေပါလိမ့်မယ်။

ဒီနေ့မှာတော့ တနင်္ဂနွေသားသမီးတွေအတွက် တစ်သက်တာ ကံကောင်းချိန်နဲ့ ကံညံ့ချိန်တွေကို ပြောပြလိုက်ပါတယ်။

တနင်္ဂနွေ သားသမီးများဟာ အသက် ၂ နှစ်နဲ့ ၃ လ မှ အသက် ၃ နှစ် တင်းတင်း ပြည့်ချိန်အတွင်းကာလ

အသက် ၉ နှစ် ၉ လမှ အသက် ၁၁ နှစ် ၇ လ၊ ၁၅ ရက် အတွင်းကာလ

အသက် ၂၂ နှစ်ပြည့်ချိန်မှ အသက်၂၃ နှစ်တင်းတင်း ပြည့်ချိန်အတွင်းကာလ

အသက် ၃၁ နှစ် ၁လ ၁၅ ရက်မှ အသက် ၃၃ နှစ် ၃လအတွင်း ကာလ

အသက် ၄၃ နှစ် ၊ ၁၀ လ၊ ၁၅ ရက်မှ အသက် ၄၆ နှစ် တင်းတင်းပြည့်ချိန်အတွင်းကာလ

အသက် ၅၄ နှစ်၊ ၉ လ မှ အသက် ၅၆ နှစ်တင်းတင်း ပြည့်ချိန်အတွင်းကာလ

အသက် ၇၀ နှစ်၊ ၃ လ မှ အသက် အသက် ၇၂ နှစ်၊ ၇ လ၊ ၁၅ ရက်အတွင်း ကာလများသည်

အဘက်ဘက်က ကံအထောက်အပံ့ ရလွယ်တယ်လို့ ယေဘုယျ မှတ်ယူရပါလိမ့်မယ်။ ဒီကာလအတွင်း အလုပ်မှန်၊ လမ်းကြောင်းမှန်ပေါ် ရောက်တတ်သလို၊ လုပ်တိုင်းဖြစ်မယ့် အချိန်အခါလဲ ဖြစ်ပါတယ်။ ကံပေးချိန်မို့ ဉာဏ်ဝီရိယသာ ကူလိုက်မယ် ဆိုရင် အောင်ပန်းကို ဆွတ်ခူးယူနိုင်မယ့် ကာလတွေပါ။ တနင်္ဂနွေသားသမီးများအတွက် ယေဘုယျအားဖြင့် အိုအေစစ်ကာလ တွေလို့ ဆိုချင်ပါတယ်။ တစ်ဦးချင်းစီရဲ့ မွေးဇာတာ၊ နာမည်တွေအရ အပြောင်းအလဲ ရှိပေမယ့် ယေဘုယျအားဖြင့် တော့ ကံကောင်းချိန်တွေလို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ဒါဆို တနင်္ဂနွေသားသမီးတွေအတွက် တစ်သက်တာ ကံအားနည်းချိန်တွေကရောလို့ မေးလာရင် အောက်ပါစာကို ထပ်ဖတ်ကြည့်ပါဗျ။

အသက် ၅ နှစ် ၃ လ မှ အသက် ၆ နှစ်တင်းတင်း ပြည့်ချိန် အတွင်း

အသက် ၁၇ နှစ် ၃လ မှ ၁၉ နှစ် ၁ လ ၁၅ ရက်အတွင်း

အသက်၂၆ နှစ် တင်းတင်းပြည့်ချိန်မှ အသက် ၂၇ နှစ်အတွင်း

အသက် ၃၇ နှစ် ၆ လ မှ အသက် ၃၉ နှစ် ၇ လ ၁၅ ရက် အတွင်း

အသက် ၄၉ နှစ် ၉ လ မှ အသက် ၅၁နှစ် တင်းတင်းပြည့်ချိန်အတွင်း

အသက် ၆၀ နှစ် ၉ လ မှ အသက် အသက် ၆၃ နှစ် ၁ လ ၁၅ရက် အတွင်း

အသက် ၇၆ နှစ် ၆ လမှ အသက် ၇၈ နှစ်တင်းတင်း ပြည့်ချိန် အတွင်း ကာလအပိုင်းအခြားတွေက

အဘက်ဘက်က အခက်အခဲတွေပိုစေနိုင်တဲ့ ကာလအပိုင်းအခြားပဲ ဖြစ်ပါတယ်။ ဒီအသက်အပိုင်းအခြားအတွင်းမှာ အရာရာသတိနဲ့ယှဉ်ပြီး ဆောင်ရွက်ရပါလိမ့်မယ်။ စိတ်လိုက်မာန်ပါ လုပ်တာတွေ ဒေါသရှေ့ထားတာမျိုးတွေကို ဒီအသက်အပိုင်းအခြားတွေ မှာ လျှော့ချနိုင်ဖို့ လိုအပ်ပါတယ်။ တစ်ခုခုလုပ်မယ်ကြံစည်တိုင်း တက်နိုင်သမျှ နားလည်တက်ကျွမ်းသူတွေနဲ့တိုင်ပင် စေချင်ပါတယ်။

၇ ရက်သားသမီးများအားလုံး တွေးဆ ဆင်ခြင်နိုင်ကြပါစေ။

ငြိမ်းအေးလူ

for zawgyi

ဒသာေကာက္ကိန္းအရ တနဂၤေႏြသားသမီးမ်ားရဲ႕ တစ္သက္တာ ကံေကာင္းခ်ိန္ ကံညံ့ခ်ိန္ အသက္အပိုင္းအျခားမ်ား

ေဗဒင္ပညာမွာ ဒသာေကာက္ကိန္း ဆိုတာမ်ိဳး ရွိပါတယ္။ ဒါက လက္ဆန္းမွာေရာ လက္႐ိုးမွာေရာ ရွိေနတာပါ။ ကြၽန္ေတာ္ ေဗဒင္ပညာကို စတင္ေလ့လာတဲ့ အခ်ိန္မွာ လက္ဆန္းကို အထူးျပဳ ေလ့လာခဲ့သူပါ။ ဆရာနဲ႔ အခ်ိန္ျပည့္ လက္ထက္သင္ခြင့္ မရႏိုင္ေတာ့ လက္ဆန္း ပညာက ကိုယ္တိုင္ self-study လုပ္ဖို႔ အထိုက္အေလ်ာက္ လက္လွမ္းမီတယ္လို႔ ဆိုရမွာပါ။

တစ္ရက္ေတာ့ မွတ္မွတ္ရရ လက္႐ိုးဆရာ တစ္ေယာက္နဲ႔ ဆုံပါတယ္။ ထိုဆရာက ေကာဇာအစီးအနင္း ထက္ ဒသာနဲ႔ ေဟာတာကို အားသန္တဲ့သူပါ။ သူ ကြၽန္ေတာ္ကို ဒသာအပိုင္းအျခား ေတြနဲ႔ေဟာတာ အလြန္မွန္ကန္တာေတြ႕ရတယ္။

ဒါေၾကာင့္ ဒသာအပိုင္းအျခားေတြ ဘယ္ေလာက္မ်ားမ်ားထိ ရွိေနလဲ။ ဘယ္ေလာက္ မွန္ကန္မႈရွိလဲ ေလ့လာခဲ့ပါတယ္။ လက္ဆန္းမွာလဲ ဒႆေကာက္ကိန္းေတြ အမ်ားအျပားေတြ႕ရပါတယ္။ အေတာ္လဲ မွန္ကန္တာကို ေတြ႕ရပါတယ္။

ဒသာေဟာကိန္းေတြကို လက္ေတြ႕မွာ ခ်ိန္ထိုးၾကည့္တာ အေတာ့္ကို မွန္ကန္ပါတယ္။ အခုေျပာျပခ်င္တာက ေန႔နံအလိုက္ ကံေကာင္းခ်ိန္၊ ကံညံ့ခ်ိန္ေတြကို ေျပာျပခ်င္တာပါ။ လူတစ္ေယာက္ခ်င္းစီရဲ႕ ဖြားဇာတာအရ၊ နာမည္အရ၊ ပစၥပၸဳန္ႀကိဳးစားမႈေတြအရ အခုေရးေပးမယ့္ အခ်ိန္ကာလေတြထဲက ကံေကာင္းခ်ိန္ကာလ၊ ကံညံ့ခ်ိန္ ကာလ ေတြက မိတ္ေဆြတို႔အတြက္ ၁၀၀% မမွန္ကန္ႏိုင္ပါ။

ဒါေပမယ့္ ၇၀%ေလာက္ေသာ သူေတြအတြက္မွန္ကန္ ႏိုင္ၿပီးေတာ့ ၃၀% ေသာသူေတြအတြက္ လြဲေခ်ာ္မႈေတြ ရွိေနပါလိမ့္မယ္။

ဒီေန႔မွာေတာ့ တနဂၤေႏြသားသမီးေတြအတြက္ တစ္သက္တာ ကံေကာင္းခ်ိန္နဲ႔ ကံညံ့ခ်ိန္ေတြကို ေျပာျပလိုက္ပါတယ္။

တနဂၤေႏြ သားသမီးမ်ားဟာ အသက္ ၂ ႏွစ္နဲ႔ ၃ လ မွ အသက္ ၃ ႏွစ္ တင္းတင္း ျပည့္ခ်ိန္အတြင္းကာလ

အသက္ ၉ ႏွစ္ ၉ လမွ အသက္ ၁၁ ႏွစ္ ၇ လ၊ ၁၅ ရက္ အတြင္းကာလ

အသက္ ၂၂ ႏွစ္ျပည့္ခ်ိန္မွ အသက္၂၃ ႏွစ္တင္းတင္း ျပည့္ခ်ိန္အတြင္းကာလ

အသက္ ၃၁ ႏွစ္ ၁လ ၁၅ ရက္မွ အသက္ ၃၃ ႏွစ္ ၃လအတြင္း ကာလ

အသက္ ၄၃ ႏွစ္ ၊ ၁၀ လ၊ ၁၅ ရက္မွ အသက္ ၄၆ ႏွစ္ တင္းတင္းျပည့္ခ်ိန္အတြင္းကာလ

အသက္ ၅၄ ႏွစ္၊ ၉ လ မွ အသက္ ၅၆ ႏွစ္တင္းတင္း ျပည့္ခ်ိန္အတြင္းကာလ

အသက္ ၇၀ ႏွစ္၊ ၃ လ မွ အသက္ အသက္ ၇၂ ႏွစ္၊ ၇ လ၊ ၁၅ ရက္အတြင္း ကာလမ်ားသည္

အဘက္ဘက္က ကံအေထာက္အပံ့ ရလြယ္တယ္လို႔ ေယဘုယ် မွတ္ယူရပါလိမ့္မယ္။ ဒီကာလအတြင္း အလုပ္မွန္၊ လမ္းေၾကာင္းမွန္ေပၚ ေရာက္တတ္သလို၊ လုပ္တိုင္းျဖစ္မယ့္ အခ်ိန္အခါလဲ ျဖစ္ပါတယ္။ ကံေပးခ်ိန္မို႔ ဉာဏ္ဝီရိယသာ ကူလိုက္မယ္ ဆိုရင္ ေအာင္ပန္းကို ဆြတ္ခူးယူႏိုင္မယ့္ ကာလေတြပါ။ တနဂၤေႏြသားသမီးမ်ားအတြက္ ေယဘုယ်အားျဖင့္ အိုေအစစ္ကာလ ေတြလို႔ ဆိုခ်င္ပါတယ္။ တစ္ဦးခ်င္းစီရဲ႕ ေမြးဇာတာ၊ နာမည္ေတြအရ အေျပာင္းအလဲ ရွိေပမယ့္ ေယဘုယ်အားျဖင့္ ေတာ့ ကံေကာင္းခ်ိန္ေတြလို႔ သတ္မွတ္ရမွာ ျဖစ္ပါတယ္။

ဒါဆို တနဂၤေႏြသားသမီးေတြအတြက္ တစ္သက္တာ ကံအားနည္းခ်ိန္ေတြကေရာလို႔ ေမးလာရင္ ေအာက္ပါစာကို ထပ္ဖတ္ၾကည့္ပါဗ်။

အသက္ ၅ ႏွစ္ ၃ လ မွ အသက္ ၆ ႏွစ္တင္းတင္း ျပည့္ခ်ိန္ အတြင္း

အသက္ ၁၇ ႏွစ္ ၃လ မွ ၁၉ ႏွစ္ ၁ လ ၁၅ ရက္အတြင္း

အသက္၂၆ ႏွစ္ တင္းတင္းျပည့္ခ်ိန္မွ အသက္ ၂၇ ႏွစ္အတြင္း

အသက္ ၃၇ ႏွစ္ ၆ လ မွ အသက္ ၃၉ ႏွစ္ ၇ လ ၁၅ ရက္ အတြင္း

အသက္ ၄၉ ႏွစ္ ၉ လ မွ အသက္ ၅၁ႏွစ္ တင္းတင္းျပည့္ခ်ိန္အတြင္း

အသက္ ၆၀ ႏွစ္ ၉ လ မွ အသက္ အသက္ ၆၃ ႏွစ္ ၁ လ ၁၅ရက္ အတြင္း

အသက္ ၇၆ ႏွစ္ ၆ လမွ အသက္ ၇၈ ႏွစ္တင္းတင္း ျပည့္ခ်ိန္ အတြင္း ကာလအပိုင္းအျခားေတြက

အဘက္ဘက္က အခက္အခဲေတြပိုေစႏိုင္တဲ့ ကာလအပိုင္းအျခားပဲ ျဖစ္ပါတယ္။ ဒီအသက္အပိုင္းအျခားအတြင္းမွာ အရာရာသတိနဲ႔ယွဥ္ၿပီး ေဆာင္႐ြက္ရပါလိမ့္မယ္။ စိတ္လိုက္မာန္ပါ လုပ္တာေတြ ေဒါသေရွ႕ထားတာမ်ိဳးေတြကို ဒီအသက္အပိုင္းအျခားေတြ မွာ ေလွ်ာ့ခ်ႏိုင္ဖို႔ လိုအပ္ပါတယ္။ တစ္ခုခုလုပ္မယ္ႀကံစည္တိုင္း တက္ႏိုင္သမွ် နားလည္တက္ကြၽမ္းသူေတြနဲ႔တိုင္ပင္ ေစခ်င္ပါတယ္။

၇ ရက္သားသမီးမ်ားအားလုံး ေတြးဆ ဆင္ျခင္ႏိုင္ၾကပါေစ။

ၿငိမ္းေအးလူ

Post a Comment

0 Comments