စွန့်လွှတ်ခဲ့လိုက်ပါ

မင်းချစ်သလောက် မင်းကို တန်ဖိုးမထားတဲ့ လူတစ်ယောက်ကို စွန့်လွှတ်ခဲ့လိုက်ပါ ။ မင်းဘက်က ဘာမဆို သူ့အတွက် အဆင်သင့် ရှိပေးနေတာတောင် မင်းအတွက်ဆို အချိန်လေး နည်းနည်းတောင် မပေးနိုင်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်ခဲ့လိုက်ပါ ။

မင်းရဲ့ ယုံကြည်မှုတွေကို အလွဲသုံးစားလုပ်ပြီး မင်းကွယ်ရာမှာ လိမ်လည်တတ်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်ခဲ့လိုက်ပါ ။

မင်း သူ့အပေါ် ကောင်းသလောက် မင်းအနစ်နာခံ ခဲ့ရသလောက် အကောင်း မမြင်ပေးတဲ့ လူတစ်ယောက်ကို စွန့်လွှတ်ခဲ့လိုက်ပါ ။

မိဘတွေကို ပုန်ကန်ပြီး သူ့ကိုချစ်တဲ့ စိတ်တွေကြောင့် အရာရာ စိုးရိမ်ပေးနေတာတောင် စိုးရိမ်မှုက ချုပ်ချယ်ပါတယ် ဆိုပြီး ရုန်းထွက်သွားတဲ့ လူတစ်ယောက်ကို စွန့်လွှတ်ခဲ့လိုက်ပါ ။

မင်း အပေါင်းအသင်းတွေက တားတာတောင် မင်း သူ့ကို ရူးသွပ်ပြီး သူလုပ်သမျှ အကောင်းဆုံး နားလည်ပေးခဲ့တာတောင် လူရှေ့သူရှေ့ မင်းလက်ကို မတွဲရဲတဲ့ လူတစ်ယောက်ကို စွန့်လွှတ်ခဲ့လိုက်ပါ ။

မင်းဘက်က ချစ်လွန်းလို့ သဝန်တိုမိတာတောင် စွတ်စွဲတယ် စိတ်ရှုပ်တယ် ဆိုပြီး အပြစ်ပြောတတ်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်ခဲ့လိုက်ပါ ။

မင်းဘက်က သတိရလို့ ဖုန်းစခေါ်တာတောင် မအားသေးလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းချတတ်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်ခဲ့လိုက်ပါ ။

မင်းနဲ့ ချစ်သူဖြစ်နေတာတောင် အများတကာရှေ့မှာ အောင်နိုင်သူကြီးလို နိုင်တဲ့ အထာမျိုး ချိုးတတ်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်ခဲ့လိုက်ပါ ။

မင်းက သူနဲ့ပတ်သတ်လာရင် ဦးစားပေးခဲ့သလောက် မင်းအပေါ် အလေးမထားပဲ ဆက်ဆံတတ်တဲ့ လူတစ်ယောက်ကို စွန့်လွှတ်ခဲ့လိုက်ပါ ။

နောက်ဆုံး သူ့ကို သတိရတဲ့စိတ် ချစ်တဲ့စိတ် ဂရုစိုက်တတ်တဲ့စိတ် သူနဲ့ပတ်သတ်လာရင် အစိုးရိမ်လွန်တဲ့ စိတ်ကိုပါ တစ်ခါတည်း စွန့်လွှတ်ခဲ့လိုက်ပါ ။

မေတ္တာဖြင့်..

crd

Post a Comment

0 Comments