သင့်ကို မလိုအပ်တော့ဘူးဆိုရင် ထွက်လာခဲ့လိုက်ပါ

သင့်ကို မလိုအပ်တော့ဘူး ဆိုတာ သေချာနေပြီလား.. ထွက်ခဲ့လိုက်ပါ။

သင့်ကို အလိုမရှိတဲ့သူ အလိုမရှိတဲ့ ပတ်ဝန်းကျင်မှာ ပေကပ်နေဖို့ မစဉ်းစားပါနဲ့။ တချို့လူတွေအတွက် သင့်ကို မလိုအပ်ဘူး။ တချို့ပတ်ဝန်းကျင်တွေမှာ သင်မရှိလည်း ရတယ်။ တချို့နေရာတွေဟာ သင့်အတွက် ဆက်နေရင် အန္တရာယ်တောင် ရှိနိုင်တယ်။ ဒီအတွက် ဝမ်းမနည်းပါနဲ့..

ဖျံတွေဟာ သဲကန္တာရထဲမှာ နေထိုင်လို့ မရဘူး။ ငါးတွေဟာ လေထဲမှာ နေလို့မရဘူး ။ ဒီလိုပါပဲ လူတိုင်းဟာ ပတ်ဝန်းကျင်တိုင်းမှာနေဖို့ တော်ရုံနဲ့ မလွယ်ပါဘူး။ လူတိုင်းအတွက် နေရမယ့်နေရာ နေသင့်တဲ့နေရာ နေကိုနေရမယ့် အသိုင်းအဝိုင်း နေပေးရမယ့်သူ ဆိုတာ ရှိပါတယ်။

ပတ်ဝန်းကျင်တိုင်းအတွက် အဆင်ပြေအောင် အတင်းကြိုးစားနေရခြင်းဟာ ဘာနဲ့တူသလဲ ဆိုရင် အနွေးထည်ထူထူ တစ်ထည်ဝတ်ပြီး နွေမိုးဆောင်း သုံးခုစလုံး အဆင်ပြေမယ်လို့ မျော်လင့်နေတာနဲ့ တူပါတယ်။ ဒါဟာ ရေရှည်မှာ သိပ်လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

လူတချို့က သင့်ကို မနေစေချင်တော့ဘူး မရှိစေချင်တော့ဘူး ဆိုတာ သေချာပြီဆိုရင် သူတို့ကို ဖက်တွယ်မထားပါနဲ့.. လွှတ်ချခဲ့ပါ။ သင်ထွက်ခွာခဲ့ခြင်းအတွက် သူတို့လည်း ကျေနပ်သလို သင်လည်း တဖြည်းဖြည်းချင်း ကျေနပ်လာမှာပါ ( သင်ခဏတော့ ခံစားရနိုင်ပါတယ်) ။

တချို့လူတွေအတွက် သင်အမှတ်တမဲ့ ရောက်လာခြင်းဟာ အံ့ဩဝမ်းသာစရာ ဖြစ်နိုင်ပေမယ့် တချို့အတွက်တော့ သင်ထွက်သွားခြင်းကသာ သူတို့အတွက်ပျော်ရွှင်စရာ ဖြစ်သွားနိုင်ပါတယ်။

မိဘကို မလိုအပ်တော့တဲ့ သားသမီးတွေ..

ဆရာကို မလိုအပ်တော့တဲ့ တပည့်တွေ..

ချစ်သူကို မတွေ့ချင်တော့တဲ့လူတွေ..

ဆက်တွဲဖို့ စိတ်မပါတော့တဲ့သူတွေ..

မိတ်ဆွေ သူငယ်ချင်းကောင်းအဖြစ် ဆက်နေပေးဖို့ မလိုအပ်တော့တဲ့သူတွေ..

သူတို့တွေ အားလုံးအတွက် သင်နောက်ဆုံးပေးနိုင်တဲ့ အကောင်းဆုံး လက်ဆောင်ကတော့ အလိုက်တသိ ကျောခိုင်းခဲ့ခြင်းသာ ဖြစ်ပါတယ်။ သူတို့ကို ပျော်ရွှင်စေခြင်းသာ ဖြစ်ပါတယ်။ သူတို့ကို ဝန်ပေါ့စေခြင်းသာ ဖြစ်ပါတယ်။

ဟင်းတိုင်းကို ချက်တတ်စရာ မလိုပါဘူး။ သီချင်းတိုင်းကို ဆိုတတ်စရာ မလိုပါဘူး လူတိုင်းကို အတင်းဖက်တွယ်ထားစရာ မလိုပါဘူး။ လူတွေကို မိတ်ဆွေဖွဲ့နိုင်အောင် ကြိုးစားတတ်ရင် စွန့်ခွာတတ်ဖို့လည်း ကြိုးစားပါ

တစုံတယောက်ကို ချစ်တောင်မှ ချစ်တတ်သေးရင် သူကိုယ့်ကို မလိုအပ်တော့တဲ့အချိန်မှာ စွန့်ခွာနိုင်ဖို့လည်း ကြိုးစားပါ။ တစုံတစ်ယောက်ကို သူရှိမှငါဖြစ်မယ် ဆိုတာ တွေးနေရင် သူမရှိတော့ရင် ငါဘယ်လိုလုပ်မလဲ ဆိုတာလည်း ကြိုတွေးထားပါ။

သူရှိရင် ငါပျော်တယ်လို့ တွေးဖူးကြမှာပါ။ ဘယ်သူမှ မရှိလည်း ငါပျော်နိုင်ရမယ်လို့ ကြိုးစားကြည့်ပါလား။ သူ့ကို အဆင်ပြေစေချင်တယ်လို့ တွေးခဲ့ပေမယ့် ကြိုးစားခဲ့ပေမယ့် နောက်ပိုင်းမှာ ငါ့ကိုယ်ငါ သူမပါဘဲ သူမရှိတော့ဘဲ ဘယ်လိုအဆင်ပြေအောင် ရပ်တည်ရတော့မလဲ လို့ တွေးတောကြည့်ပါ။

ကိုယ့်ကို အမှိုက်လို့ ယူဆနေသူတွေအတွက် ထွက်လာခဲ့ပါ ။ ကိုယ့်ကို မြေဩဇာလို့ ယူဆနေသူတွေအတွက် သင်ဟာ အမှိုက် မဖြစ်နိုင်တော့ပါဘူး။ ဒါတွေဟာ သိပ်တော့ လွယ်ကူတဲ့ အရာတွေ မဟုတ်ပါဘူး။ ဒါပေမယ့် မလုပ်နိုင်လောက်အောင် ခက်ခဲလွန်းတဲ့ အရာတွေလည်း မဟုတ်ပြန်ဘူး။

ဒါ့ကြောင့်.. ကြိုးစားကြည့်ပါ ၊ စွန့်ခွာကြည့်ပါ ၊ ချန်ထားခဲ့ကြည့်ပါ ၊ တဖြေးဖြေးနဲ့ သင်ပျော်ရွှင်လာမှာပါ။

crd

for zawgyi

သင့္ကို မလိုအပ္ေတာ့ဘူးဆိုရင္ ထြက္လာခဲ့လိုက္ပါ

သင့္ကို မလိုအပ္ေတာ့ဘူး ဆိုတာ ေသခ်ာေနၿပီလား... ထြက္ခဲ့လိုက္ပါ။

သင့္ကို အလိုမရွိတဲ့သူ အလိုမရွိတဲ့ ပတ္ဝန္းက်င္မွာ ေပကပ္ေနဖို႔ မစဥ္းစားပါနဲ႔။ တခ်ိဳ႕လူေတြအတြက္ သင့္ကို မလိုအပ္ဘူး။ တခ်ိဳ႕ပတ္ဝန္းက်င္ေတြမွာ သင္မရွိလည္း ရတယ္။ တခ်ိဳ႕ေနရာေတြဟာ သင့္အတြက္ ဆက္ေနရင္ အႏၲရာယ္ေတာင္ ရွိႏိုင္တယ္။ ဒီအတြက္ ဝမ္းမနည္းပါနဲ႔..

ဖ်ံေတြဟာ သဲကႏၲာရထဲမွာ ေနထိုင္လို႔မရဘူး။ ငါးေတြဟာ ေလထဲမွာ ေနလို႔မရဘူး ။ ဒီလိုပါပဲ လူတိုင္းဟာ ပတ္ဝန္းက်င္တိုင္းမွာေနဖို႔ ေတာ္႐ုံနဲ႔ မလြယ္ပါဘူး။ လူတိုင္းအတြက္ ေနရမယ့္ေနရာ ေနသင့္တဲ့ေနရာ ေနကိုေနရမယ့္ အသိုင္းအဝိုင္း ေနေပးရမယ့္သူ ဆိုတာ ရွိပါတယ္။

ပတ္ဝန္းက်င္တိုင္းအတြက္ အဆင္ေျပေအာင္ အတင္းႀကိဳးစားေနရျခင္းဟာ ဘာနဲ႔တူသလဲ ဆိုရင္ အေႏြးထည္ထူထူ တစ္ထည္ဝတ္ၿပီး ေႏြမိုးေဆာင္း သုံးခုစလုံး အဆင္ေျပမယ္လို႔ ေမ်ာ္လင့္ေနတာနဲ႔ တူပါတယ္။ ဒါဟာ ေရရွည္မွာ သိပ္လြယ္ကူတဲ့ ကိစၥေတာ့ မဟုတ္ပါဘူး။

လူတခ်ိဳ႕က သင့္ကို မေနေစခ်င္ေတာ့ဘူး မရွိေစခ်င္ေတာ့ဘူး ဆိုတာ ေသခ်ာၿပီဆိုရင္ သူတို႔ကို ဖက္တြယ္မထားပါနဲ႔.. လႊတ္ခ်ခဲ့ပါ။ သင္ထြက္ခြာခဲ့ျခင္းအတြက္ သူတို႔လည္း ေက်နပ္သလို သင္လည္း တျဖည္းျဖည္းခ်င္း ေက်နပ္လာမွာပါ ( သင္ခဏေတာ့ ခံစားရႏိုင္ပါတယ္) ။

တခ်ိဳ႕လူေတြအတြက္ သင္အမွတ္တမဲ့ ေရာက္လာျခင္းဟာ အံ့ဩဝမ္းသာစရာ ျဖစ္ႏိုင္ေပမယ့္ တခ်ိဳ႕အတြက္ေတာ့ သင္ထြက္သြားျခင္းကသာ သူတို႔အတြက္ေပ်ာ္႐ႊင္စရာ ျဖစ္သြားႏိုင္ပါတယ္။

မိဘကို မလိုအပ္ေတာ့တဲ့ သားသမီးေတြ..

ဆရာကို မလိုအပ္ေတာ့တဲ့ တပည့္ေတြ..

ခ်စ္သူကို မေတြ႕ခ်င္ေတာ့တဲ့လူေတြ..

ဆက္တြဲဖို႔ စိတ္မပါေတာ့တဲ့သူေတြ..

မိတ္ေဆြ သူငယ္ခ်င္းေကာင္းအျဖစ္ ဆက္ေနေပးဖို႔ မလိုအပ္ေတာ့တဲ့သူေတြ..

သူတို႔ေတြ အားလုံးအတြက္ သင္ေနာက္ဆုံးေပးႏိုင္တဲ့ အေကာင္းဆုံး လက္ေဆာင္ကေတာ့ အလိုက္တသိ ေက်ာခိုင္းခဲ့ျခင္းသာ ျဖစ္ပါတယ္။ သူတို႔ကို ေပ်ာ္႐ႊင္ေစျခင္းသာ ျဖစ္ပါတယ္။ သူတို႔ကို ဝန္ေပါ့ေစျခင္းသာ ျဖစ္ပါတယ္။

ဟင္းတိုင္းကို ခ်က္တတ္စရာ မလိုပါဘူး။ သီခ်င္းတိုင္းကို ဆိုတတ္စရာ မလိုပါဘူး လူတိုင္းကို အတင္းဖက္တြယ္ထားစရာ မလိုပါဘူး။ လူေတြကို မိတ္ေဆြဖြဲ႕ႏိုင္ေအာင္ ႀကိဳးစားတတ္ရင္ စြန႔္ခြာတတ္ဖို႔လည္း ႀကိဳးစားပါ

တစုံတေယာက္ကို ခ်စ္ေတာင္မွ ခ်စ္တတ္ေသးရင္ သူကိုယ့္ကို မလိုအပ္ေတာ့တဲ့အခ်ိန္မွာ စြန႔္ခြာႏိုင္ဖို႔လည္း ႀကိဳးစားပါ။ တစုံတစ္ေယာက္ကို သူရွိမွငါျဖစ္မယ္ ဆိုတာ ေတြးေနရင္ သူမရွိေတာ့ရင္ ငါဘယ္လိုလုပ္မလဲ ဆိုတာလည္း ႀကိဳေတြးထားပါ။

သူရွိရင္ ငါေပ်ာ္တယ္လို႔ ေတြးဖူးၾကမွာပါ။ ဘယ္သူမွ မရွိလည္း ငါေပ်ာ္ႏိုင္ရမယ္လို႔ ႀကိဳးစားၾကည့္ပါလား။ သူ႔ကို အဆင္ေျပေစခ်င္တယ္လို႔ ေတြးခဲ့ေပမယ့္ ႀကိဳးစားခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ငါ့ကိုယ္ငါ သူမပါဘဲ သူမရွိေတာ့ဘဲ ဘယ္လိုအဆင္ေျပေအာင္ ရပ္တည္ရေတာ့မလဲ လို႔ ေတြးေတာၾကည့္ပါ။

ကိုယ့္ကို အမႈိက္လို႔ ယူဆေနသူေတြအတြက္ ထြက္လာခဲ့ပါ ။ ကိုယ့္ကို ေျမဩဇာလို႔ ယူဆေနသူေတြအတြက္ သင္ဟာ အမႈိက္ မျဖစ္ႏိုင္ေတာ့ပါဘူး။ ဒါေတြဟာ သိပ္ေတာ့ လြယ္ကူတဲ့ အရာေတြ မဟုတ္ပါဘူး။ ဒါေပမယ့္ မလုပ္ႏိုင္ေလာက္ေအာင္ ခက္ခဲလြန္းတဲ့ အရာေတြလည္း မဟုတ္ျပန္ဘူး။

ဒါ့ေၾကာင့္.. ႀကိဳးစားၾကည့္ပါ ၊ စြန႔္ခြာၾကည့္ပါ ၊ ခ်န္ထားခဲ့ၾကည့္ပါ ၊ တေျဖးေျဖးနဲ႔ သင္ေပ်ာ္႐ႊင္လာမွာပါ။

crd

Post a Comment

0 Comments