ကိုဗစ်ဖြစ်ပီး သေဆုံးသွားသူများအတွက် ကိုဗစ်ကာကွယ်ဆေး တီထွင်လိုက်တဲ့ အမျိုးသား

သေပြီးသွားတဲ့ သူအတွက် ကိုဗစ်ဆေးက လိုအပ်ပါသလား။ မလေးရှားနိုင်ငံမှာ ရှိတဲ့ Raymond Shieh လို့ ခေါ်တဲ့ အမျိူးသားတစ်ဦးဟာ ဒီကြောင်တောင်တောင် ကာကွယ်ဆေးကို တီထွင်ခဲ့ပါတယ်။

ဘယ်လို ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာလဲ ဆိုတော့ သူ့ပတ်ဝန်းကျင်မှာ ကိုဗစ် ကြောင့် သေဆုံးသူတွေ များခဲ့ပါတယ်။ ကျန်ရစ်သူ မိသားစုတွေက ဖြေမဆည်နိုင်ပဲ အလွန်ကို ဝမ်းနည်းနေတာကို သူက မြင်ခဲ့ပါတယ်။ ဒါကြောင့် သူတို့စိတ်ကို သက်သာစေဖို့အတွက် ဝိဉာဉ်တွေထိုးမယ့် ကိုဗစ် ကာကွယ်ဆေးကို ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

သူ့ရဲ့ ဆေးကိုလည်း ဖောက်သည်တချို့က အားပေးပါတယ်။ အားပေးတဲ့အပြင် Hungry Ghost Festival မှာလည်း ရောင်းချဖို့အတွက် အကြံဉာဏ်ပါပေးပါသေးတယ်။ လိုက်ဖက်ပါပေ့။

Raymond Shieh ကတော့ ’ ကျွန်တော့ မိတ်ဆွေ ဖောက်သည်တွေရဲ့ ကိုဗစ်ဖြစ်ပီး သေဆုံးသွားတဲ့ မိဘဆွေမျိုးတွေအတွက် ဒီဆေးကို ပြုလုပ်ခဲ့တာပါ။ သေဆုံးသွားတဲ့ သူတွေအတွက်လည်း သူစိတ်မကောင်းပါဘူး။ ဒါကြောင့် သူကိုယ်တိုင် ဆုတောင်းပြီး ပြုလုပ်ထားတဲ့ ကိုဗစ်ဆေးကို တီထွင်ခဲ့တာပါ' လို့ ပြောပါတယ်။

ဆေးအစစ်နဲ့ တူအောင် ပြုလုပ်ဖို့အတွက် ဆေးထိုးပြွန်နဲ့ ဆေးပုလင်း အတုတွေကို ပြုလုပ်တာ (၂) ရက် ကြာတယ်လို့ ဆိုပါတယ်။ ဒီဆေးက သေဆုံးသွားသူတွေရဲ့ ဝိဉာဉ်ကို အေးချမ်းအောင် ပြုလုပ်ပေးနိုင်တယ်လို့လဲ ယုံကြည်နေပါတယ်။

Set တစ်ခုကို RM- ၃၀ ( ဒေါ်လာ- ၇.၈၀) ခန့် ကျသင့်ပါတယ်။ ဆေးကိုတော့ စက္ကူနဲ့ ပုံစံတူ ပြုလုပ်ထားပြီးတော့ ဝယ်သူအကြိုက်လဲ ဖန်တီးပေးတယ်လို့ပြောပါတယ်။

သင်ရော လိုချင်သွားပြီလား?။ Comment မှာ ဖြေသွားခဲ့ပါဦးနော်။ ဝယ်ပေးချင်တဲ့ သင့်သူငယ်ချင်းကိုလဲ Mention ခေါ်ပေးခဲ့ပါဦး။

Zombie (lovemedia)

ref - 9gag

for zawgyi

ကိုဗစ္ျဖစ္ပီး ေသဆုံးသြားသူမ်ားအတြက္ ကိုဗစ္ကာကြယ္ေဆး တီထြင္လိုက္တဲ့ အမ်ိဳးသား

ေသၿပီးသြားတဲ့သူအတြက္ ကိုဗစ္ေဆးက လိုအပ္ပါသလား။ မေလးရွားႏိုင္ငံမွာ ရွိတဲ့ Raymond Shieh လို႔ ေခၚတဲ့ အမ်ိဴးသားတစ္ဦးဟာ ဒီေၾကာင္ေတာင္ေတာင္ ကာကြယ္ေဆးကို တီထြင္ခဲ့ပါတယ္။

ဘယ္လို ရည္႐ြယ္ခ်က္နဲ႔ လုပ္ခဲ့တာလဲ ဆိုေတာ့ သူ႔ပတ္ဝန္းက်င္မွာ ကိုဗစ္ ေၾကာင့္ ေသဆုံးသူေတြ မ်ားခဲ့ပါတယ္။ က်န္ရစ္သူ မိသားစုေတြက ေျဖမဆည္ႏိုင္ပဲ အလြန္ကို ဝမ္းနည္းေနတာကို သူကျမင္ခဲ့ပါတယ္။ ဒါေၾကာင့္ သူတို႔စိတ္ကို သက္သာေစဖို႔အတြက္ ဝိဉာဥ္ေတြထိုးမယ့္ ကိုဗစ္ ကာကြယ္ေဆးကို ျပဳလုပ္ခဲ့တာလို႔ ဆိုပါတယ္။

သူ႔ရဲ႕ ေဆးကိုလည္း ေဖာက္သည္တခ်ိဳ႕က အားေပးပါတယ္။ အားေပးတဲ့အျပင္ Hungry Ghost Festival မွာလည္း ေရာင္းခ်ဖို႔အတြက္ အႀကံဉာဏ္ပါေပးပါေသးတယ္။ လိုက္ဖက္ပါေပ့။

Raymond Shieh ကေတာ့ ’ ကြၽန္ေတာ့ မိတ္ေဆြ ေဖာက္သည္ေတြရဲ႕ ကိုဗစ္ျဖစ္ပီး ေသဆုံးသြားတဲ့ မိဘေဆြမ်ိဳးေတြအတြက္ ဒီေဆးကို ျပဳလုပ္ခဲ့တာပါ။ ေသဆုံးသြားတဲ့ သူေတြအတြက္လည္း သူစိတ္မေကာင္းပါဘူး။ ဒါေၾကာင့္ သူကိုယ္တိုင္ ဆုေတာင္းၿပီး ျပဳလုပ္ထားတဲ့ ကိုဗစ္ေဆးကို တီထြင္ခဲ့တာပါ' လို႔ ေျပာပါတယ္။

ေဆးအစစ္နဲ႔ တူေအာင္ ျပဳလုပ္ဖို႔အတြက္ ေဆးထိုးႁပြန္နဲ႔ ေဆးပုလင္း အတုေတြကို ျပဳလုပ္တာ (၂) ရက္ ၾကာတယ္လို႔ ဆိုပါတယ္။ ဒီေဆးက ေသဆုံးသြားသူေတြရဲ႕ ဝိဉာဥ္ကို ေအးခ်မ္းေအာင္ ျပဳလုပ္ေပးႏိုင္တယ္လို႔လဲ ယုံၾကည္ေနပါတယ္။

Set တစ္ခုကို RM- ၃၀ ( ေဒၚလာ- ၇.၈၀) ခန႔္ က်သင့္ပါတယ္။ ေဆးကိုေတာ့ စကၠဴနဲ႔ ပုံစံတူ ျပဳလုပ္ထားၿပီးေတာ့ ဝယ္သူအႀကိဳက္လဲ ဖန္တီးေပးတယ္လို႔ေျပာပါတယ္။

သင္ေရာ လိုခ်င္သြားၿပီလား?။ Comment မွာ ေျဖသြားခဲ့ပါဦးေနာ္။ ဝယ္ေပးခ်င္တဲ့ သင့္သူငယ္ခ်င္းကိုလဲ Mention ေခၚေပးခဲ့ပါဦး။

Zombie (lovemedia)

ref - 9gag

Post a Comment

0 Comments