သင်တစ်ယောက်တည်းရှိတဲ့အချိန် ဆို့နင်တဲ့အခါ အရေးပေါ်ကုသနိုင်မယ့် နည်းလမ်းများ

ရှေးဦးသူနာပြုနည်းတွေက မိမိကိုယ်တိုင်သာမက အခြားသူတွေအတွက်လည်း အများကြီး အကျိုးပြုပါတယ်။ ဒီဆောင်းပါးမှာတော့ သင်တစ်ယောက်တည်းရှိတဲ့အချိန် ဆို့နင်တဲ့အခါ ဘယ်လိုနည်းလမ်းတွေ လုပ်ရမလဲ ဆိုတာကို love media ကနေ ဖော်ပြပေးသွားပါမယ်နော်။ ရင်ဘတ်ထဲမှာ ဆို့နင်နေတဲ့ အရာကို အချိန်မီ မထုတ်နိုင်ရင် အသက်အန္တရာယ် ရှိပါတယ်။

Heimlich maneuver နည်းလမ်း

သင်အရင်ဆုံး ပြုလုပ်ရမှာကတော့ စိတ်ကို တည်တည်ငြိမ်ငြိမ်ထားပြီး အရေးပေါ် ဖုန်းနံပါတ်ကို ဆက်ဖို့ပါ။ အဲဒီနောက်မှာတော့ ဆို့နင်သွားတဲ့အရာကို ပြန်ထွက်လာစေဖို့ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်ပါ။ အနည်းဆုံး အသံထွက်လာနိုင်ရင် လေလမ်းကြောင်း လုံးဝမပိတ်သွားဘူး ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါပေမယ့် ရေမသောက်လိုက်ပါနဲ့။ အခြေအနေက ပိုဆိုးသွားစေလို့ပါ။ ပြီးရင်တော့ Heimlich maneuver နည်းလမ်းကို လုပ်လို့ရပါပြီ။

- လက်သီးဆုပ်ကို ရင်ဘတ်နဲ့ ဗိုက်ကြားမှာ တင်ထားပြီး တခြားလက်တစ်ဖက်နဲ့ လက်သီးဆုပ်ကို ကိုင်ထားပါ။

- ပြီးရင် ရင်ဘတ်နဲ့ ဗိုက်ကြားတင်တားတဲ့ လက်သီးဆုပ်ကို ရင်ဘတ်အပေါ်ပိုင်းကို ပြင်းပြင်းထန်ထန် တွန်းလိုက်ပါ။

- ဒီနည်းနဲ့ အလုပ်မဖြစ်ရင် ထိုင်ခုံတစ်ခုံပေါ်ကို မှောက်လိုက်ပါ။ ပြီးရင် လက်သီးဆုပ်ကို ဗိုက်အပေါ်ဘက်ကို တင်ပြီး အပေါ်ဘက်ကို တွန်းထုတ်ပါ။ ရင်ဘတ်ထဲမှာ ဆို့နင်နေတဲ့အရာ ထွက်လာတဲ့အထိ ထပ်ခါထပ်ခါ လုပ်ပါ။

Jeff Rehman နည်းလမ်း

- ညီညာတဲ့ ကြမ်းပြင်ပေါ်ကို လက်သီးနဲ့ ဒူးနဲ့ ထောက်ထားပါ။

- ပြီးရင် လက်နဲ့ ခေါင်းကို ရှေ့ကို ဆန့်ထုတ်လိုက်ပါ။

- အဲဒီအခါ ဗိုက်နဲ့ ကြမ်းပြင်လည်း ကပ်သွားပါလိမ့်မယ်။

- ပုံမှန် အသက်ရှူလာနိုင်တဲ့အထိ ဆက်တိုက်လုပ်ပါ။

ဒီနည်းလမ်းတွေက နည်းနည်းပြင်းထန်တာကြောင့် လုပ်ပြီးတဲ့အခါ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Zombie (Lovemedia)

Post a Comment

0 Comments