ကလေးမွေးပြီးနောက် ဆံပင်ကျွတ်တာကို သက်သာစေမယ့် နည်းလမ်း

သင်က အမေတစ်ယောက် ဖြစ်လာပြီးတဲ့နောက်မှာ ဆံပင်ကျွတ်တာတွေ ကြုံလာရရင် စိတ်မပူပါနဲ့နော် ။ အဲဒါက ပုံမှန်ဖြစ်ပြီးတော့ ခဏတာပဲ ဆံပင်ကျွတ်မှာပါ။

- ကလေး မွေးပြီးနောက်မှာ ဆံပင်တွေ ဘာလို့ကျွတ်လာတာလဲ

ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးမွေးပြီး နောက်ပိုင်းမှာ ဆံပင်တွေကျွတ်လေ့၊ ပါးလေ့ ရှိကြပါတယ်။ အဲဒီဖြစ်စဉ်ကို telogen effluvium လို့ သိကြပြီး ဟောမုန်း၊ စိတ်ဖိစီးမှုနဲ့ သောက်ရတဲ့ ဆေးတွေကြောင့် ဖြစ်တာပါ။

ကိုယ်ဝန်ဆောင်စဉ်မှာ ထွက်တဲ့ဟော်မုန်းတွေကြောင့် ဆံပင်တွေကျွတ်ပြီး ဆံပင်ထွက်လာတာ နှေးလာပါတယ်။ ကလေးမွေးပြီး ၂ လကနေ ၄ လအထိ ဆံပင်ကျွတ်တာကို ကြုံတွေ့ရနိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ သံဓါတ် အားနည်းတာကြောင့် ဆံပင်ကျွတ်တာ၊ အာရုံစိုက်နိုင်စွမ်း နည်းလာတာ၊ မောပန်းနွမ်းနယ်တာတွေ ဖြစ်လာပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ သိုင်းရွိုက်ကစဉ့်ကလျားဖြစ်တဲ့ရောဂါတွေလည်း အတွေ့ရများတတ်ပါတယ်။ သိုင်းရွိုက်ဟော်မုန်းတွေက ဆံပင်မွေးညင်းပေါက်ကြီးထွားမှုမှာ အရေးပါတဲ့အရာပါ။ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမွေးပြီးအချိန်မှာ ဆံပင်တွေ အလွန်ကျွတ်တာက သိုင်းရွိုက်ပြဿနာတွေနဲ့ ဆက်စပ်နေတတ်ပါတယ်။

ကိုယ်ဝန်ဆောင် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဆံပင်တွေ အလွန်ကျွတ်လာတာကတော့ ဟော်မုန်း မညီမျှကြောင့် အဖြစ်များပါတယ်။

ကလေးမွေးပြီး နောက်ပိုင်းမှာ ဆံပင်တွေ အရမ်းကျွတ်လာရင် ဒီနည်းလမ်းလေးတွေကို အသုံးပြုကြည့် သင့်ပါတယ်။

- ဆံပင်ထူစေတဲ့ ပရိုတိန်းဓါတ်တွေ ထည့်ထားတဲ့ ခေါင်းလျှော်ရည်ကို ရွေးချယ်အသုံးပြုပါ။

- Conditioner shampoo တွေက ဆံပင်ကို အလေးချိန် ပိုတိုးစေတာကြောင့် လအနည်းငယ် ရှောင်သင့်ပါတယ်။

- ဆံပင်ကို ပေါ့ပေါ့ပါးပါး ဖြစ်စေတဲ့ conditioner ကိုသာ အသုံးပြုပါ။

- ဦးရေပြားကို ညင်ညင်သာသာ နေ့စဉ် နှိပ်နယ်ပေးပါ။

- Conditioner ကို ဦးရေပြားနဲ့ အနည်းငယ် ခွာပြီးမှ လိမ်းပါ။

- ဆံပင်ရှည်မြန်လာအောင် ဆံပင်အဖျားလေးတွေကို ညှပ်ပေးပါ။

ဆံပင်ကျွတ်တာကို ကာကွယ်ဖို့အတွက်

- ပရိုတိန်း၊ သံဓါတ်၊ အခြား အာဟာရဓါတ်တွေ ပါဝင်တဲ့ အစားအစာတွေကို စားသောက်ပါ။

- သင်နဲ့ သင့်ကလေးအတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ ဖြည့်စွက်စာတွေကို ဆရာဝန်သို့မဟုတ် မီးယပ် အထူးကုပါရဂူထံ မေးမြန်းပါ။

- သင့်ခန္ဓာကိုယ်မှာ ဗီတာမင်နဲ့ ဟော်မုန်း မျှတလား ဆိုတာကို သိဖို့ စစ်ဆေးပါ။

- ကိုယ်ဝန်ဆောင်စဉ်မှာ ဓါတုဆေးတွေနဲ့ ဆံပင်ဆေးဆိုးတာကို ရှောင်သင့်ပါတယ်။ ဆံပင်ဆေးဆိုးတာက ဆံပင်တွေလည်း ပိုကျွတ်စေပြီး ကလေးကိုလည်း ထိခိုက်စေပါတယ်။

- ဆံပင်ကို တင်းတင်းစည်းတာ၊ ပိုနီတေးလ်စည်းတာ စတဲ့ ဆံပင်ကို ဆွဲဆောင့်သလိုဖြစ်စေတဲ့ ဆံပင်စည်းနည်းတွေကို ရှောင်ကြဉ်သင့်ပါတယ်။

- ကိုယ်ဝန်ဆောင်စဉ်မှာ ဆံပင်ကို အပူပေးပြီး ဖြောင့်တာ၊ ကောက်တာတွေ လုပ်ရင် ဆံပင်ပိုကျွတ် လာမှာပါ။

Zombie (Lovemedia)

Post a Comment

0 Comments