ဝိုင်ယာကြိုးနဲ့ ကစားမိလို့ ဓါတ်လိုက်သွားတဲ့ ကြောင်လေးရဲ့အဖြစ်

ကြောင်လေးတွေနဲ့ ကစားရတာ ပျော်ရွှင်စရာ အကောင်းဆုံး အရာတွေထဲက တစ်ခုပါပဲ။ ကြောင်လေးတွေက ကြိုးအတိုအစ လေးတွေနဲ့ ဆော့ရတာကိုလည်း သဘောကျကြပါတယ်။

ဒါပေမယ့် သူတို့ကစားတဲ့ အရာတွေက အန္တရာယ် ရှိလား၊ မရှိဘူးလား ဆိုတာကိုတော့ ကြောင်လေးတွေက ခွဲခြား မသိကြပါဘူး။

အခုတလော facebook မှာ လူပြောများနေတဲ့ အကြောင်းအရာ တစ်ခုကတော့ ကြမ်းပြင်ပေါ်မှာ လဲကျပြီး သေနေတဲ့ ကြောင်လေးတစ်ကောင်ရဲ့ အကြောင်းပါပဲ။

သနားစရာ ကြောင်လေးက ဝါယာကြိုးကို ကိုက်မိတာကြောင့် ဓါတ်လိုက်ပြီး သေသွားခဲ့ပါတယ်။

Caption မှာလည်း ကြောင်လေးတွေကို ဂရုစိုက်ဖို့၊ ကြောင်လေးတွေက ဆော့ဖို့သာသိပြီး အန္တရာယ်ကို မသိတဲ့အကြောင်း ရေးထားပါတယ်။

Zombie (Lovemedia)

Ref - worldofbuzz

Post a Comment

0 Comments