သင် လုံးဝမသိသေးတဲ့ ကနေဒါနိုင်ငံက ထူးထူးဆန်းဆန်း အရာ (၁၈) ခု

ခရီးသွားဖို့ စဉ်းစားနေတယ် ဆိုရင် ကနေဒါနိုင်ငံက လည်ပတ်သင့်တဲ့ နိုင်ငံပါ။ ကနေဒါနိုင်ငံရဲ့ ရာသီဥတုက အေးပြီး ကမ္ဘာပေါ်မှာ မတွေ့မြင်နိုင်တဲ့ ထူးထူး ဆန်းဆန်း အရာတွေလည်း ကနေဒါ နိုင်ငံမှာ ရှိပါတယ်။

1. ကနေဒါနိုင်ငံက UFO ယာဉ်တွေ ဆင်းဖို့နေရာကို တည်ဆောက်ထားတဲ့ ကမ္ဘာ့ပထမဆုံး နိုင်ငံ ဖြစ်ပါတယ်။

2. ကနေဒါနိုင်ငံမှာ နွားနို့တွေကို အိတ်တွေထဲ ထည့်ပြီး ရောင်းပါတယ်။

3. ကနေဒါ လူမျိုးတွေက မေပယ်သစ်ရွက်လေးကို အလွန် အင်မတန် မြတ်နိုးကြပါတယ်။ အဲဒါကြောင့် ဒိန်ခဲနဲ့ ပြုလုပ်ထားတဲ့ မုန့်ကို မေပယ်သစ်ရွက် ပုံသဏ္ဍာန် ထုတ်လုပ်ပါတယ်။

4. ပိုလာဝက်ဝံတွေအတွက် ထောင်ဟာ ကမ္ဘာပေါ်မှာ ကနေဒါနိုင်ငံ တစ်နိုင်ငံတည်းမှာပဲ ရှိတာပါ။ ထောင်ထဲမှာ ဝက်ဝံတွေကို အနည်းဆုံးရက်ပေါင်း 30 ထိန်းသိမ်းထားပြီး နှင်းခဲတွေနဲ့ ရေကိုပဲ တိုက်ပါတယ်။ မြို့ထဲမှာ အစာလာရှာစားတဲ့ ဝက်ဝံတွေကို ထိန်းသိမ်းထားတဲ့ထောင် ဖြစ်ပါတယ်။

5. Airlane Hotel နဲ့ ပိုလာဝက်ဝံတွေ ကြားမှာ ဇာတ်လမ်းတစ်ခု ရှိခဲ့မှာတော့ အသေအချာ ပါပဲ။

6. ကနေဒါနိုင်ငံမှာ စိတ်တို ဒေါသထွက်ရင်တောင် သိမ်သိမ်မွေ့မွေ့ စိတ်တို ဒေါသထွက်ကြ ပါတယ်။

7. ကနေဒါနိုင်ငံက ဘဲငန်းတွေကို အလွန် ဂရုစိုက်ပါတယ်။

8. ကနေဒါနိုင်ငံ အနောက်မြောက်ဘက်မှာ လိုင်စင် ကတ်ပြားတွေကို ပိုလာဝက်ဝံ ပုံသဏ္ဍာန် ပြုလုပ်ကြပါတယ်။

9. ကနေဒါနိုင်ငံက Hudson ပင်လယ်အော် ဒေသဟာ ကမ္ဘာပေါ်က တခြားနေရာတွေထက် ကမ္ဘာဆွဲအား ပိုနည်းပါတယ်။

10. ကနေဒါနိုင်ငံက တခြားနိုင်ငံတွေထက် ရေကန် ပိုများပါတယ်။ ကမ္ဘာပေါ်က ရေကန် 60 ရာခိုင်နှုန်းကို ကနေဒါနိုင်ငံမှာ တွေ့နိုင်ပါတယ်။

11. ကမ္ဘာ့အသေးဆုံးထောင်က ကနေဒါနိုင်ငံ Ontario စီရင်စုက Rodney ဒေသမှာ ရှိပါတယ်။ ထောင်ရဲ့ အကျယ်က 270 စတုရန်းပေပဲ ရှိပါတယ်။

12. ကမ္ဘာ့ အပျော်ရွှင်စရာ အကောင်းဆုံးမြို့ကို ကနေဒါနိုင်ငံမှာ တွေ့နိုင်မှာပါ။

13. သန်းချီတန်တဲ့ ဒေါ်လာဒင်္ဂါးပြားကို ရွှေနဲ့ ပြုလုပ်ပါတယ်။

14. ကနေဒါလူမျိုးတွေက "တောင်းပန်ပါတယ်" ဆိုတဲ့ စကားကို ပြောရတာ သဘောကျကြ ပါတယ်။ တောင်းပန်ခြင်း အက်ဥပဒေကို ကနေဒါနိုင်ငံမှာ ပြဌာန်းထား ပါတယ်။

15. ကနေဒါလူမျိုးတွေက ဟော်ကီကစားရတာကို ထမင်းမေ့၊ ဟင်းမေ့ ဝါသနာ ပါပါတယ်။ ဒါပေမယ့် ဟော်ကီက ကနေဒါနိုင်ငံရဲ့ အမျိုးသားအားကစားနည်း မဟုတ်ပါဘူး။ ကနေဒါနိုင်ငံရဲ့ အမျိုးသား အားကစားက ပိုက်ကွန်တပ် တုတ်တံသုံးပြီး ဘောလုံးဖမ်း ပစ်ကစားရတဲ့ lacrosse ကစားနည်း ဖြစ်ပါတယ်။

16. Santa Claus က ကနေဒါလူမျိုး ဖြစ်ပါတယ်။ သူ့ရဲ့ဝတ်စုံက အနီနဲ့ အဖြူများများ ပါဝင်နေ လို့ပါ။

17. ကနေဒါနိုင်ငံက ကမ္ဘာပေါ်မှာ ပညာတတ် အများဆုံးရှိတဲ့ နိုင်ငံ ဖြစ်ပါတယ်။ OECD ရဲ့ ထုတ်ပြန်ချက်အရ ကနေဒါနိုင်ငံ လူဦးရေရဲ့ 56 ရာခိုင်နှုန်းက အထက်တန်းကျောင်းပြီး ကြပြီး ဘွဲ့တွေ ရကြပါတယ်။

18. ကနေဒါနိုင်ငံက ရေခဲသေတ္တာ အသုံးပြုပုံက တခြားနိုင်ငံတွေနဲ့ မတူပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments