Bubble tea ကို အားနဲ့ စုပ်သောက်မိလို့ အသက်ဆုံးရှုံးသွားရတဲ့ မိန်းကလေး

Bubble tea ကို တော်တော် လူကြိုက်များကြ ပါတယ်။ တရုတ်နိုင်ငံမှာ ဇွန်လ 30 ရက်နေ့ က 19 နှစ်အရွယ် မိန်းကလေး တစ်ယောက်ဟာ အစ်ကိုဖြစ်သူနဲ့ အတူ bubble tea တစ်ခွက် ဝယ်လာခဲ့ ပါတယ်။ ပြီးတော့ သူငယ်ချင်းတစ်ယောက် အိမ်ကို သွားခဲ့ပါတယ်။

ဒါပေမယ့် သူငယ်ချင်းအိမ်ကို ရောက်တဲ့အခါ 19 နှစ် အရွယ် မိန်းကလေးပ အသက်ရှူရ ခက်ခဲလာပါတယ်။ ခန္ဓာကိုယ်မှာ အောက်ဆီဂျင်ပြတ်လပ် သွားတာကြောင့် လက်တွေ မည်းပြာလာခဲ့ ပါတယ်။ မိန်းကလေးကို ဆေးရုံ ပို့စဉ်မှာပဲ သေဆုံးသွားခဲ့ပါတယ်။

အသက်ပြန်ရှုလို့ ရလာဦးမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဆရာဝန်တွေက CPR ပြုလုပ်ပေးခဲ့ ပါတယ်။ ဒါပေမယ့် သူမ သေဆုံးသွားခဲ့ပါတယ်။

Bubble tea ထဲမှာ ပါဝင်တဲ့ ပီလောပီနံ လုံးလေးတွေကို စုပ်ယူရာမှာ အားအလွန် သုံးမိသွားကြောင်း၊ ပီလောပီနံလုံးက လေပြွန်ထဲ ရောက်သွားပြီး အသက်ရှူလမ်းကြောင်း ပိတ်သွားကြောင်း၊ ပီလောပီနံလုံး ဆို့နင်မှုကြောင့် သေဆုံးသွားကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ပီလောပီနံလုံး တစ်လုံးတည်း ကတောင် အသက်ရှူလမ်းကြောင်း တစ်ခုလုံးကို ပိတ်စေနိုင်ပြီး အသက်သေစေနိုင်ပါတယ်။ အသက်အရွယ်ကြီးသူတွေနဲ့ ကလေးတွေက bubble tea လိုမျိုး စုပ်ယူသောက်ရတဲ့ သောက်စရာမျိုးကို ရှောင်သင့်ကြောင်း အကြံပေးထားပါတယ်။

Zombie (Lovemedia)

Post a Comment

0 Comments