Bubble tea သောက်မယ့် ပိုက်ဆံကို လေးလကြာစုပြီးနောက် နိုင်ငံခြားသွားဖို့ လေယာဉ်လက်မှတ်ဖိုး ရသွားတဲ့ မိန်းကလေး

Bubble tea ကြိုက်သူတိုင်းက Bubble tea ကို အရူးအမူး ဖြစ်ကြပါတယ်။ Bubble tea တခွက်ရဲ့ဈေးကလည်း နည်းတော့ မနည်းလှပါဘူး။

မလေးရှားနိုင်ငံက facebook သုံးသူ တစ်ယောက်ဟာ bubble tea ကို ကြိုက်သူဖြစ်ပြီး bubble tea အတွက် ကုန်ကျစရိတ်တွေကို တွက်ချက်ပြထား ပါတယ်။ သူမဟာ bubble tea ကို ဇန်နဝါရီလကနေ ဧပြီလအထိ သောက်ခဲ့ပါတယ်။ သောက်လို့ကုန်တဲ့ ငွေက ထိုင်းကို သွားလည်လို့ရတဲ့ လေယာဉ်လက်မှတ်ဖိုးနဲ့ ညီမျှပါတယ်။

သူမဟာ bubble tea ရဲ့ လက်ဖက်ရည်အရသာနဲ့ ပုလဲလုံးလေးတွေကို စားရတာကို အလွန်သဘောကျပါတယ်။ bubble tea ကို ကြိုက်လွန်း တာကြောင့် bubble tea ရောင်းတဲ့ ဆိုင်သစ်တိုင်း ကိုလည်း ရောက်ဖူးပါတယ်။ အဲဒါကြောင့် သူငယ်ချင်းတွေက သူမကို bubble tea ကျွမ်းကျင်သူကြီးလို့ ခေါ်ကြပါတယ်။

အဲဒီလို အခေါ်ခံရတာကို သူမက ဂုဏ်ယူနေပြီး အသစ်ထွက်သမျှ bubble tea တိုင်းကို သောက်ချင်နေသူ ဖြစ်ပါတယ်။ May လ မှာ ဖွင့်တဲ့ bubble tea အသစ်တွေကိုလည်း သူမ သောက်ခဲ့ ပါတယ်။ အဲဒါကြောင့် လူတွေက bubble tea နဲ့ ပတ်သက်ရင် ဘယ်ဆိုင်က ကောင်းလဲလို့ သူမကို လာမေးကြပါတယ်။

တစ်နေ့မှာတော့ သူမရဲ့ သူငယ်ချင်း တစ်ယောက်က ပြောတဲ့ စကားကြောင့် ကိုယ့်ကိုယ်ကိုယ် သတိထားမိ သွားခဲ့ပါတယ် ။ သူမရဲ့သူငယ်ချင်းက bubble tea ဓါတ်ပုံများ တင်ထားတာ တွေ့ကြောင်း၊ အဲဒီပိုက်ဆံတွေကို စုလိုက်ရင် ထိုင်းနိုင်ငံကို သွားလည်လို့ ရကြောင်း ပြောပါတယ်။

အဲဒီနောက် သူငယ်ချင်းက bubble tea နှစ်လ ဝယ်သောက်မယ့် ပိုက်ဆံတွေကို စုပြီး ထိုင်ဝမ်ကို သွားလည် မလားလို့ မေးပါတယ်။ သူမရဲ့ သူငယ်ချင်း အကြံပေးတာက ကြောင်းကျိုးဆီလျော်ပါတယ်။

ဇန်နဝါရီကနေ ဧပြီလ = လေးလ

တစ်ပတ်× 2 ခွက် = တစ်လ 8 ခွက်

လေးလ× 8 ခွက်= 32 ခွက်

32 ခွက် × မလေးရှား ရင်းဂစ် 12 ကနေ 15 ရင်းဂစ် = 384 ရင်းဂစ် ကနေ 480 ရင်းဂစ်

အခုဆိုရင် သူမမှာ ပိုက်ဆံတွေ စုမိနေ ပါပြီ။ တစ်ပတ်ကို နှစ်ခွက်ပဲ သောက်ပါတော့ တယ်တဲ့။ သူမဟာ bubble tea ကို ဇွန်လမှာ ဖြတ်နိုင်ခဲ့ပြီး နောက်ထပ် လေးလမှာလည်း bubble tea မသောက်တော့ပါဘူး။ အခုဆိုရင် သူမဟာ ထိုင်ဝမ်ကို သွားလည်ဖို့ ပိုက်ဆံတွေ လုံလုံလောက်လောက် စုမိသွားပါပြီ။

Zombie (Lovemedia)

for zawgyi

Bubble tea ေသာက္မယ့္ ပိုက္ဆံကို ေလးလၾကာစုၿပီးေနာက္ ႏိုင္ငံျခားသြားဖို႔ ေလယာဥ္လက္မွတ္ဖိုး ရသြားတဲ့ မိန္းကေလး

Bubble tea ႀကိဳက္သူတိုင္းက Bubble tea ကို အ႐ူးအမူး ျဖစ္ၾကပါတယ္။ Bubble tea တခြက္ရဲ႕ေဈးကလည္း နည္းေတာ့ မနည္းလွပါဘူး။

မေလးရွားႏိုင္ငံက facebook သုံးသူ တစ္ေယာက္ဟာ bubble tea ကို ႀကိဳက္သူျဖစ္ၿပီး bubble tea အတြက္ ကုန္က်စရိတ္ေတြကို တြက္ခ်က္ျပထား ပါတယ္။ သူမဟာ bubble tea ကို ဇန္နဝါရီလကေန ဧၿပီလအထိ ေသာက္ခဲ့ပါတယ္။ ေသာက္လို႔ကုန္တဲ့ ေငြက ထိုင္းကို သြားလည္လို႔ရတဲ့ ေလယာဥ္လက္မွတ္ဖိုးနဲ႔ ညီမွ်ပါတယ္။

သူမဟာ bubble tea ရဲ႕ လက္ဖက္ရည္အရသာနဲ႔ ပုလဲလုံးေလးေတြကို စားရတာကို အလြန္သေဘာက်ပါတယ္။ bubble tea ကို ႀကိဳက္လြန္း တာေၾကာင့္ bubble tea ေရာင္းတဲ့ ဆိုင္သစ္တိုင္း ကိုလည္း ေရာက္ဖူးပါတယ္။ အဲဒါေၾကာင့္ သူငယ္ခ်င္းေတြက သူမကို bubble tea ကြၽမ္းက်င္သူႀကီးလို႔ ေခၚၾကပါတယ္။

အဲဒီလို အေခၚခံရတာကို သူမက ဂုဏ္ယူေနၿပီး အသစ္ထြက္သမွ် bubble tea တိုင္းကို ေသာက္ခ်င္ေနသူ ျဖစ္ပါတယ္။ May လ မွာ ဖြင့္တဲ့ bubble tea အသစ္ေတြကိုလည္း သူမ ေသာက္ခဲ့ ပါတယ္။ အဲဒါေၾကာင့္ လူေတြက bubble tea နဲ႔ ပတ္သက္ရင္ ဘယ္ဆိုင္က ေကာင္းလဲလို႔ သူမကို လာေမးၾကပါတယ္။

တစ္ေန႔မွာေတာ့ သူမရဲ႕သူငယ္ခ်င္း တစ္ေယာက္က ေျပာတဲ့ စကားေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ သတိထားမိ သြားခဲ့ပါတယ္ ။ သူမရဲ႕သူငယ္ခ်င္းက bubble tea ဓါတ္ပုံမ်ား တင္ထားတာ ေတြ႕ေၾကာင္း၊ အဲဒီပိုက္ဆံေတြကို စုလိုက္ရင္ ထိုင္းႏိုင္ငံကို သြားလည္လို႔ ရေၾကာင္း ေျပာပါတယ္။

အဲဒီေနာက္ သူငယ္ခ်င္းက bubble tea ႏွစ္လ ဝယ္ေသာက္မယ့္ ပိုက္ဆံေတြကို စုၿပီး ထိုင္ဝမ္ကို သြားလည္ မလားလို႔ ေမးပါတယ္။ သူမရဲ႕ သူငယ္ခ်င္း အႀကံေပးတာက ေၾကာင္းက်ိဳးဆီေလ်ာ္ပါတယ္။

ဇန္နဝါရီကေန ဧၿပီလ = ေလးလ

တစ္ပတ္× 2 ခြက္ = တစ္လ 8 ခြက္

ေလးလ× 8 ခြက္= 32 ခြက္

32 ခြက္ × မေလးရွား ရင္းဂစ္ 12 ကေန 15 ရင္းဂစ္ = 384 ရင္းဂစ္ ကေန 480 ရင္းဂစ္

အခုဆိုရင္ သူမမွာ ပိုက္ဆံေတြ စုမိေန ပါၿပီ။ တစ္ပတ္ကို ႏွစ္ခြက္ပဲ ေသာက္ပါေတာ့ တယ္တဲ့။ သူမဟာ bubble tea ကို ဇြန္လမွာ ျဖတ္ႏိုင္ခဲ့ၿပီး ေနာက္ထပ္ ေလးလမွာလည္း bubble tea မေသာက္ေတာ့ပါဘူး။ အခုဆိုရင္ သူမဟာ ထိုင္ဝမ္ကို သြားလည္ဖို႔ ပိုက္ဆံေတြ လုံလုံေလာက္ေလာက္ စုမိသြားပါၿပီ။

Zombie (Lovemedia)

Post a Comment

0 Comments