3D သံချပ်ကာ အင်္ကျီနဲ့ တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေတဲ့ ကြောင်လေး (ရုပ်သံ)

Jwall ဆိုသူက သူ့ရဲ့ကြောင်လေး Bobo အတွက် 3D သံချပ်ကာ အင်္ကျီပြုလုပ်ပေးခဲ့ပါတယ်။ အခုဆိုရင် ကြောင်လေး Bobo က တိုက်ပွဲအတွက် အဆင်သင့်ဖြစ်နေပြီး ဘယ်ခြိမ်းခြောက်မှုကိုမှ မကြောက်တော့ပါဘူး။

သင့်ကြောင်လေးအတွက် သံချပ်ကာ အင်္ကျီလိုချင်ရင် Jwall က ဒီဇိုင်းခမယူပါဘူး။ print ထုတ်ခပဲ ပေးရမှာပါ။ "အခုတော့ ကမ္ဘာပေါ်က ကြောင်လေးအားလုံး စိတ်ချလက်ချ လျှောက်သွားနိုင်ပါပြီ။ ဒီဇိုင်းတစ်ခုလုံးကို 100 ရာခိုင်နှုန်း print ထုတ်လို့ရတဲ့ ပစ္စည်းတွေနဲ့ တည်ဆောက်ထား ပါတယ် " လို့ Jwall က ပြောပါတယ်။

3D print နည်းပညာနဲ့ ပတ်သက်လို့ လက်လှမ်းမမီရင် Jwall ရဲ့ page မှာ ဝင်ကြည့်လို့ရပါတယ်။ " အစကတော့ သံချပ်ကာဝတ်စုံ တစ်ခုကို ရအောင် စပြီးဒီဇိုင်း ဆွဲခဲ့တာပါ။ ပြီးတော့ သံချပ်ကာအင်္ကျီမှာ ဆူးချွန်တွေ ပါသင့်တယ်လို့ စဉ်းစားမိတယ်။

ကျွန်တော်က Bobo ရဲ့အမွေးတွေကို အမြဲတမ်း နောက်ပြန် သပ်တင်ပေးတယ်။ အဲဒါကြောင့် Bobo ကို့ ကြည့်လိုက်ရင် ကျားနဲ့ တူနေတယ် " လို့ Jwall ကပြောပြပါတယ်။

ဒီသံချပ်ကာအင်္ကျီက တကယ် အသုံးဝင်ပါတယ်။ သံချပ်ကာ အင်္ကျီမှာ လည်ပတ်လည်း ပါဝင်ပြီးသား ဖြစ်ပါတယ်။ သံချပ်ကာအင်္ကျီရဲ့ ရင်ကာမှာ ကြောင်ရဲ့ ID ကတ်ပြားလေးကိုလည်း တွဲပေးထားပါတယ်။ အဲဒါကြောင့် သင့်ကြောင်လေး ရန်ဖြစ်ရင်လည်း စိတ်ပူစရာ မလိုတော့ပါဘူး။ ကြောင်လေးက အိမ်ကို ဘေးကင်းစွာ ပြန်ရောက်လာမှာပါ ။

Jwall ရဲ့ အခု ဒီဇိုင်းက အဆုံးမသတ်သေးပါဘူး။ သံချပ်ကာအင်္ကျီမှာ ဦးထုပ်မပါရင် မပြည့်စုံပါဘူး။ ဒါပေမယ့် ကြောင်လေးတွေရဲ့ သံချပ်ကာအင်္ကျီမှာ ဦးထုပ်ထည့်ပေးရင် ကြောင်လေးတွေအတွက် အတော် အခက်တွေ့မှာပါ။ အဲဒါကြောင့် Jwallက သူ့ရဲ့ Thingiverse page မှာ တခြားသူတွေရဲ့ အကြံဉာဏ်တွေ ကိုလည်း တောင်းခဲ့ပါတယ်။

လူတော်တော်များများက Jwall ဆီကို ပုံကြမ်းတွေ၊ ဒီဇိုင်းတွေ ပို့ပေးကြပါတယ်။ နောက်ဆုံးတော့ Jwall က ဦးထုပ်အတွက် Craig Petersen ရဲ့ ဒီဇိုင်းကို ရွေးလိုက်ပါတယ်။ Craig က "The Oni", "Eye of the Scorpion","Battle Kitten of the Universe" ဆိုပြီး ဒီဇိုင်း 3 ခု ပို့ပေးခဲ့ပါတယ် ။

အဲဒီ 3 ခုထဲကနေ Jwall က နောက်ဆုံးတစ်ခုကို ရွေးလိုက်ပါတယ်။ Jwallက Craig ရဲ့ ဒီဇိုင်းကို 3D ပုံစံရဖို့ 2 ပတ်ကြာ ပြုလုပ်ခဲ့ပါတယ်။ ဦးထုပ်ကို ထုတ်လုပ်ပြီးနောက်မှာတော့ Bobo က သံချပ်ကာအင်္ကျီနဲ့ ဦးထုပ်ကို ဆောင်းပြီး မော်ဒယ် လုပ်ပေးခဲ့ပါတယ်။

ရုပ်သံ

Zombie (Lovemedia)

Ref - boredpanda

Post a Comment

0 Comments