သင့်ရဲ့ပင်ကိုယ်စိတ်ကို ဖော်ပြပေးနိုင်မယ့် ဓာတ်ပုံ (၃) ပုံ
ကိုယ်ရည်ကိုယ်သွေးတွေကို ဖော်ထုတ်ဖို့အတွက် စိတ်ပညာရှင်တွေဟာ ပုံတွေနဲ့ လူတွေကို စမ်းသပ်ခဲ့ကြပါတယ်။ ပုံတစ်ပုံကို ကြည့်ပြီးမြင်ရတဲ့ ရလဒ်ဟာ သင့်ရဲ့အမူအရာနဲ့ အကျင့်ကို ဖော်ပြပေးနိုင်တယ် ဆိုတာကို ယုံကြည်ပါသလား။ ခုပဲ တူတူ ကြည့်လိုက်ရအောင်။
ပုံကို (၈) စက္ကန့်လောက် ကြည့်လိုက်ပါ။
ပြီးပြီလား။ ဒါဆို သင်မြင်တဲ့အမြင်ရဲ့ အဖြေက ဘယ်လိုဖြစ်မလဲ
၁။ ဂူတစ်ခုကို မြင်တယ်
သင်ဟာ အေးဆေးတည်ငြိမ်တဲ့သူ တစ်ဦးဖြစ်ပြီးတော့ အရာရာကို ဟန်ချက်ညီဖို့ ကြိုးစားနေသူ တစ်ဦးဖြစ်တယ်။ အရာရာတိုင်းကိုလည်း အကောင်းမြင်တတ်အောင် ကြိုးစားနေသူလည်း ဖြစ်ပါတယ်။ ပြီးတော့ အခြေအနေ ဆိုးဆိုးကောင်းကောင်း ဘယ်အရာကမှ သင့်ကို ဖိအားမပေးနိုင်ပါဘူး။ အကူအညီ လိုလာပြီ ဆိုရင်လည်း တစ်စုံတစ်ယောက်ထံ တောင်းခံဖို့ ဝန်မလေးတတ်ပါဘူး။
၂။ ပန်းကန်ပြားပျံတွေကို တွေ့တယ်
သင်ဟာ ပေါက်ကွဲတော့မယ့် မီးတောင်တစ်လုံး လိုပါပဲ။ စိတ်ဖိစီးမှုတွေ များနေတာကြောင့် ညဘက် အိပ်မပျော်တာတွေ၊ အိမ်မက်ဆိုး မက်တာတွေ စတဲ့ ကျန်းမာရေး အခြေအနေ ပြဿနာတွေ ရှိနေပါတယ်။ ခံစားချက်တွေကို လျှို့ဝှက် မထားပါနဲ့။ အသိမိတ်ဆွေတွေကို ရင်ဖွင့်လိုက်ပါ။ ကြာရင် ခေါင်းတစ်ခြမ်းကိုက်တာတွေ၊ ပျို့အန်တာတွေစတဲ့ ကျန်းမာရေး အခြေအနေတွေ ဖြစ်လာပါလိမ့်မယ်။
၃။ ဂြိုဟ်သားတစ်ယောက်ရဲ့ မျက်နှာကို မြင်တယ်
သင်ဟာ ပြဿနာတွေကို ဖန်တီးရတာ ကြိုက်ပြီးတော့ ဘာလုပ်လုပ် ထူးချွန်အောင်မြင် နေတဲ့သူပါ။ ဒါကြောင့် အလုပ် တစ်ခုခုလုပ်ရင် ဖြစ်ပါ့မလား ဆိုတဲ့ စိတ်ကိုဖြောက်ပြီးတော့ ကြိုးစားလုပ် သင့်ပါတယ်။ အခက်အခဲတွေ ကြုံလာရင်လည်း ဘက်ပေါင်းစုံကနေ အဖြေရှာတတ်ပါတယ်။ စိတ်ဖိစီးမှုမခံပဲ ပျော်ပျော်နေတတ်တဲ့ လူစားမျိူးလည်း ဖြစ်ပါတယ်။ တကယ်လို့ စိတ်ဖိစီးမှုတွေနဲ့ ကြုံလာခဲ့ရင်လည်း အသက်ကို နှာခေါင်းကနေ ရှူသွင်းပြီး ပါးစပ်ကနေ ပုံမှန်လေး မှုတ်ထုတ်ပေးလိုက်ပါ။
Zombie (Lovemedia)
for zawgyi
၁။ ဂူတစ်ခုကို မြင်တယ်
Zombie (Lovemedia)
Post a Comment
0 Comments