ခြေဖနောင့် အတက်ထွက်ခြင်းကို ပျောက်ကင်းသက်သာစေသောနည်း (၉) ခု

ခြေဖနောင့် အတက်ထွက်ခြင်းဟာ တကယ်ကို နေရထိုင်ရ ခက်ပါတယ်။ လမ်းလျှောက်လိုက်တိုင်း ခြေဖနောင့်က နာလာပါတယ်။ ခန္ဓါကိုယ် အရိုးဖွဲ့စည်းပုံရဲ့ အဓိကဖြစ်တဲ့ ကယ်လ်စီယမ်ဓါတ်တွေ အနယ်ကျပြီး နောက်ဖနောင့်ရိုးတစ်ဖက်မှာ လက်မဝက်ခန့် ရှည်ထွက်လာတတ်တဲ့ အရိုးဆက်ကလေးကို ဖနောင့်အတက်ထွက်တဲ့ ရောဂါလက္ခဏာလို့ ခေါ်ပါတယ်။

၁။ ရေခဲကပ်ခြင်း

ခြေဖနောင့် အတက်ထွက်တာကို မပေါ့ဆ သင့်ပါဘူး။ အိမ်မှာလည်း ဂရုစိုက်လို့ ရပါတယ်။ ခြေဖနောင့်ကို ရေခဲကပ်ခြင်းက နာကျင်မှုနဲ့ ရောင်ရမ်းမှုကို ချက်ချင်းသက်သာ စေပါတယ်။ ဒါပေမယ့် ရေခဲကပ်တာက ခဏတာ သက်သာစေရုံပါပဲ။

၂။ Night splints များ ဝတ်ဆင်ခြင်း

အိပ်နေစဉ်မှာ night splints များ ဝတ်ပေးခြင်းက နာကျင်မှုကို သက်သာစေပါတယ်။ အစပိုင်းမှာတော့ night splints ဝတ်တာက သက်တောင့်သက်သာ ဖြစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် မကြာခင်မှာတော့ ဝတ်ရတာ အသားကျသွားပြီး ခြေဖနောင့်နာတာ သက်သာသွားမှာပါ။

၃။ လေ့ကျင့်ခန်း ပြုလုပ်ခြင်း

ခြေဖနောင့် အတက်ထွက်တဲ့အခါ အကြောအဆစ် လေ့ကျင့်ခန်းတွေကို မေ့ထားလို့ မရပါဘူး။ အကြောအဆစ် ပညာရှင်တွေဆီ သွားပြပြီး လေ့ကျင့်ခန်းတွေ လုပ်သင့်ပါတယ်။ အကြောအဆစ် လေ့ကျင့်ခန်းတွေက နာကျင်မှုကို သက်သာစေပြီး ကြွက်သားတွေကို လေ့ကျင့်ခန်း လုပ်ပြီးသား ဖြစ်စေပါတယ်။

၄။ ပန်းသီးရှာလကာရည်

အိမ်တွင်းကုထုံးတွေကလည်း အသုံးဝင်ပါတယ်။ အဝတ်စတစ်ခုကို ပန်းသီးရှာလကာရည်ထဲ စိမ်ပါ။ အဲဒီအဝတ်စကို ခြေဖနောင့်မှာ စည်းပေးပါ။ ဒီနည်းကို နေ့စဉ်ပြုလုပ်ပေးရင် ရလဒ်ကောင်းတွေ တွေ့ရမှာပါ။

၅။ Orthotic inserts

Orthotic inserts ဆိုတာ အထူးပြုလုပ်ထားတဲ့ ဖိနပ်သုံး အခုအခံဖြစ်ပြီး အပိုကူရှင်လိုမျိုး ပါဝင်ပါတယ်။ Orthotic inserts က ဈေးကြီးပေမယ့် ထိရောက်ပါတယ်။ လမ်းလျှောက်တဲ့အခါ အတော်ကို သက်သာစေပါတယ်။ တစ်ခါဝယ်ပြီးရင် ငါးနှစ်အထိ သုံးလို့ရပါတယ်။

၆။ ဆေးထိုးခြင်း

ခြေဖနောင့် အတက်ထွက်တဲ့အခါ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေကိုပဲ ဝယ်ယူသင့်ပါတယ်။ ကြားဖူးနားဝ ဆေးတွေနဲ့ မကုသသင့်ပါဘူး။

၇။ ဆားခါး

ဆားခါးကလည်း ခြေဖနောင့် အတက်ထွက်ခြင်းကို သက်သာစေပါတယ်။ ဆားခါးကို ဇလုံတစ်ခုထဲမှာ ရေနွေးနဲ့ရောမွှေပြီး ခြေထောက်ကို တစ်နာရီခန့် စိမ်ထားပါ။ ရေအေးသွားရင် ရေနွေးအသစ် ထပ်ထည့်လို့ ရပါတယ်။

၈။ နှမ်းကြတ်စေ့ သို့မဟုတ် နှမ်းကြတ်ဆီ

နှမ်းကြတ်ဆီထဲကို ပိတ်စလေး နှစ်လိုက်ပါ။ အဲဒီပိတ်စပါးလေးကို ခြေဖနောင့်မှာ ပတ်ပေးပြီး နွေးနွေးထွေးထွေး နေပါ။ ဒီနည်းကို တစ်ခါတရံမှာ အသုံးပြုလို့ ရပါတယ်။ ညအိပ်တဲ့အခါမှာ နာကျင်မှုလျော့ပါးတာ တွေ့ရမှာပါ။

၉။ မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါနဲ့ ရေကိုဖျော်ပြီး ခြေဖနောင့်မှာ လိမ်းပေးပါ။ ပြီးရင်တော့ ပတ်တီးစလေး ပတ်ထားလို့ရပါပြီ။ အိမ်တွင်းကုထုံးတွေကလည်း ခြေဖနောင့်အတက်ထွက်ခြင်းကို သက်သာစေပါတယ်။

Bonus

ခြေဖနောင့်အတက် ထွက်ခြင်းကို X-ray ဖြင့် မြင်ရပုံ

Zombie (Lovemedia)

Post a Comment

0 Comments