အကန်း ရေတွင်းကျ

တစ်ခါတုန်းက ကြီးကန်း တယောက် ရှိလေသည် ။ ကြီးကန်း တယောက်လို့ ဆိုလိုက်တာနဲ့ ငှက်ကျီးကန်းကို ပြောခြင်း မဟုတ်ပါ ။ အသက်ကြီးမှ မျက်စိ ကွယ်တဲ့ မျက်ကန်း တယောက်ကို ပြောခြင်းသာ ဖြစ်ပါသည် ။

သူဟာ မျက်စိ ကန်းနေပေမယ့် မျက်ကန်း တယောက်လို မနေပဲ ဟိုစပ်စပ် ၊ ဒီစပ်စပ်နဲ့ နေရာတကာ ပါရုံတင်မကပဲ သူဘယ်လောက်ပဲ မှားမှား အမှားကို ဝန်မခံပဲ စကားကို ကြုံရာ ကျဘမ်း ပြောကာ အလျော့မပေးတတ်သူ ဖြစ်လေသည် ။

ဒါကြောင့်လည်း ရွာသူရွာသားမျာက သူ့အား စကားပြောရာတွင် ကပ်ကပ် သပ်သပ် ပြောရုံတင်မက အမှားကို ဝန်မခံတတ်သော အကျင့်ကြောင့် သိပ်ပြီး အဖက် မလုပ်ချင်ကြ ။ တနေ့တွင် သမီးဖြစ်သူက..

" အဖေ.. အဲဒါ အဖေ့ဖိနပ် မဟုတ်ဘူး သမီး ဖိနပ်လေ ၊ ကိစ္စရှိလို့ သွားစရာ ရှိရင်လည်း သမီးကိုပြော.. လိုက်ပို့ပေးမှာပေါ့.. ကိစ္စ မရှိရင်လည်း ကိုယ့်အိမ်ထဲမှာ ကိုယ် အေးအေးဆေးဆေး နေပါလား အဖေရယ်.. နောက်ပြီး မျက်လုံးလည်း ကောင်းတာ မဟုတ်ပဲနဲ့ .. "

" အောင်မာ.. ငါ့ကို ဆရာ လာလုပ်လို့ နင့်ဖိနပ်မှန်း ငါသိပါတယ်ဟ.. ငါ့ဖိနပ်က မကောင်းလို့ နင်ဖိနပ် ယူစီးကြည့်တာ.. နင်တို့က ငါ့ကို မျက်လုံး မကောင်းဘူး ဆိုပြီး အထင်သေး ၊ အမြင်သေးနဲ့ .. "

သမီးလုပ်သူလည်း အကြောင်း သိပြီးသားမို့ ဘာမှ ဆက်မပြောတော့.. နောက်နေ့တွင်မူ အိမ်ပေါ်ကနေ အဆင်း လှေကားထစ်အောက် အရောက်တွင်မူ..

" ဟာ.. အဖေ.. အဖေကို ခွေးကိုက်မိပြီ ၊ အဖေ ကလည်းလေ.. ပြောကို မပြောချင်တော့ဘူး ၊ ခွေးကို တောင်ဝှေးနဲ့ ထောက်မိတော့ ခွေးက နာကျင်ပြီး ကြောက်ကိုက် ၊ ကိုက်လိုက်တာပေါ့.. သွားစရာ ရှိရင် သမီးတို့ကို ပြောပါလို့ အတန်တန် ပြောထားရက်နဲ့.. "

" ဟ.. ဒီခွေးရှိမှန်း ငါသိသားပဲ.. လူတွေ သွားလာနေတဲ့ လှေကားထိပ် လာဝပ်နေလို့ အမြင်ကပ်လို့ တောင်ဝှေးနဲ့ တမင် ထောက်လိုက်တာ.. နောက်ဆို ဒီကောင်လာ ဝပ်ရဲမှာ မဟုတ်တော့ဘူး "

သမီးလုပ်သူလည်း ခေါင်းသာ ခါရမ်းနေလေ တော့သည် ။ ဒီလိုနဲ့ တနေ့တွင်..

" မီးဗျို့ ၊ မီး.. မီး.. " ဟု ရွာသား တယောက်က အော်သော အခါ ရွာသားများလည်း မီးဝိုင်း သတ်ရန် အပြေးအလွှား သွားကြလေသည် ။ မီး ဟု အသံ ကြားသောအခါ မျက်ကန်း၏ သမီးဖြစ်သူလည်း အလုပ် လုပ်နေရာမှ ဖခင်အတွက် စိုးရိမ်သွားကာ အိမ်သို့ အပြေး အလွှား ပြေးလာတော့သည် ။ သို့သော် အိမ်ရောက်သော အခါ ဖခင်အား ရှာမတွေ့။

မီး သည်ကား ရွာသားများ ညှိမ်း၍ ငြိမ်းလေပြီ ၊ သူမကား သူဖခင်အား အခုထိ ရှာမတွေ့ ၊ ရွာသားများအား အကူအညီ တောင်းကာ ရှာဖွှေရ တော့သည် ။ တော်တော်နှင့် ရှာမတွေ့။ ညနေ နေဝင်ရီတရော အချိန်လောက်မှ ရွာသား တယောက်က..

" ဟို ရေတွင်းပျက်ကြီးထဲမှာ ခင်ဗျား အဖေကို တွေ့ခဲ့တယ်ဗျ "

" ဟာ.. ဒါဆို အမြန်သွားဆယ်မှ ဖြစ်မယ် "

ဆရာသမားကား ရေတွင်းပျက်ထဲ၌ ရှိနေလေသည် ၊ တော်သေး၏ ရေကား ခါးလောက်ပဲ ရှိ၍ ရေနစ်မသေ ။ ရွာသားများလည်း ထိုမျက်ကန်းအား အပေါ်သို့ ဆယ်ယူကြလေသည် ။ သူ၏အကြောင်းကို သိထားသော ရွာသားများကား ဘာမှ အထွေအထူး မပြောတော့ပဲ အလျိုလျို ပြန်သွားကြလေသည် ။

ဒီတော့မှ သမီးလုပ်သူလည်း..

" အဖေနဲ့တော့ စိတ်ညစ်ပါတယ် ၊ မျက်လုံးက မြင်တာ မဟုတ်ပဲနဲ့.. မီးလောင်နေတာကို ကိုယ့်အိမ်ထဲမှာကိုယ် နေမယ် မရှိဘူး.. သွားစပ်စုတော့ ကံကောင်းလို့ ၊ မီးလောင်လို့ မသေပဲ ရေတွင်းထဲ ကျပြီး ရေနစ်သေတော့မလို့ "

ဒီတော့ မျက်ကန်းဖြစ်သူက..

" အောင်မာ.. ရေတွင်းပျက်ကို မမြင်လို့ ပြုတ်ကျတယ်များ ထင်နေလား.. မီးလောင်နေမှန်း သိလို့ တမင်ခုန်ဆင်း လိုက်တာ.. ရေတွင်းထဲ ငုံ့နေမှ မီးလောင်ပြီး မသေမှာ ပေါ့ဟ.. "

မျက်စိ မမြင်လို့ ရေတွင်းထဲ ကျတာကို ဝန်မခံပဲ မီးလောင်မှာ စိုးလို့ တမင် ခုန်ဆင်းလိုက်တာ ပါလို့ ပြောလိုက်တဲ့ မျက်ကန်းလို အမှားကို အမှားလို့ ဝန်မခံပဲ ကျဘမ်းပြောတဲ့ လူတွေကို အကန်း ရေတွင်းကျ လူစားလို့ ပြောကြတော့တာပဲ..

ဒါနဲ့ ကျုပ်ငယ်ငယ်ကလည်း အကန်းရေတွင်းကျ လူစားဗျ ။ ကျုပ်အဘိုးက ဒီပုံပြင်လေး ပြောပြီး ဆုံးမ လိုက်မှ ကျုပ်လည်း အမှားကို ဝန်ခံ တတ်လာတာ ၊ ခင်ဗျားတို့လည်း ဒီပုံပြင်ထဲက အကန်းလို အကန်းရေတွင်းကျ စကားမပြောဖြစ်အောင် သတိထားကြပေါ့ဗျာ ။

မေတ္တာဖြင့်..

Han Tun Aung (p.k.u)

for zawgyi

အကန္း ေရတြင္းက်

တစ္ခါတုန္းက ႀကီးကန္း တေယာက္ ရွိေလသည္ ။ ႀကီးကန္း တေယာက္လို႔ ဆိုလိုက္တာနဲ႔ ငွက္က်ီးကန္းကို ေျပာျခင္း မဟုတ္ပါ ။ အသက္ႀကီးမွ မ်က္စိ ကြယ္တဲ့ မ်က္ကန္း တေယာက္ကို ေျပာျခင္းသာ ျဖစ္ပါသည္ ။

သူဟာ မ်က္စိ ကန္းေနေပမယ့္ မ်က္ကန္း တေယာက္လို မေနပဲ ဟိုစပ္စပ္ ၊ ဒီစပ္စပ္နဲ႔ ေနရာတကာ ပါ႐ုံတင္မကပဲ သူဘယ္ေလာက္ပဲ မွားမွား အမွားကို ဝန္မခံပဲ စကားကို ႀကဳံရာ က်ဘမ္း ေျပာကာ အေလ်ာ့မေပးတတ္သူ ျဖစ္ေလသည္ ။

ဒါေၾကာင့္လည္း ႐ြာသူ႐ြာသားမ်ာက သူ႔အား စကားေျပာရာတြင္ ကပ္ကပ္ သပ္သပ္ ေျပာ႐ုံတင္မက အမွားကို ဝန္မခံတတ္ေသာ အက်င့္ေၾကာင့္ သိပ္ၿပီး အဖက္ မလုပ္ခ်င္ၾက ။ တေန႔တြင္ သမီးျဖစ္သူက..

" အေဖ.. အဲဒါ အေဖ့ဖိနပ္ မဟုတ္ဘူး သမီး ဖိနပ္ေလ ၊ ကိစၥရွိလို႔ သြားစရာ ရွိရင္လည္း သမီးကိုေျပာ.. လိုက္ပို႔ေပးမွာေပါ့.. ကိစၥ မရွိရင္လည္း ကိုယ့္အိမ္ထဲမွာ ကိုယ္ ေအးေအးေဆးေဆး ေနပါလား အေဖရယ္.. ေနာက္ၿပီး မ်က္လုံးလည္း ေကာင္းတာ မဟုတ္ပဲနဲ႔ .. "

" ေအာင္မာ.. ငါ့ကို ဆရာ လာလုပ္လို႔ နင့္ဖိနပ္မွန္း ငါသိပါတယ္ဟ.. ငါ့ဖိနပ္က မေကာင္းလို႔ နင္ဖိနပ္ ယူစီးၾကည့္တာ.. နင္တို႔က ငါ့ကို မ်က္လုံး မေကာင္းဘူး ဆိုၿပီး အထင္ေသး ၊ အျမင္ေသးနဲ႔ .. "

သမီးလုပ္သူလည္း အေၾကာင္း သိၿပီးသားမို႔ ဘာမွ ဆက္မေျပာေတာ့.. ေနာက္ေန႔တြင္မူ အိမ္ေပၚကေန အဆင္း ေလွကားထစ္ေအာက္ အေရာက္တြင္မူ

" ဟာ.. အေဖ.. အေဖကို ေခြးကိုက္မိၿပီ ၊ အေဖ ကလည္းေလ.. ေျပာကို မေျပာခ်င္ေတာ့ဘူး ၊ ေခြးကို ေတာင္ေဝွးနဲ႔ ေထာက္မိေတာ့ ေခြးက နာက်င္ၿပီး ေၾကာက္ကိုက္ ၊ ကိုက္လိုက္တာေပါ့.. သြားစရာ ရွိရင္ သမီးတို႔ကို ေျပာပါလို႔ အတန္တန္ ေျပာထားရက္နဲ႔.. "

" ဟ.. ဒီေခြးရွိမွန္း ငါသိသားပဲ.. လူေတြ သြားလာေနတဲ့ ေလွကားထိပ္ လာဝပ္ေနလို႔ အျမင္ကပ္လို႔ ေတာင္ေဝွးနဲ႔ တမင္ ေထာက္လိုက္တာ.. ေနာက္ဆို ဒီေကာင္လာ ဝပ္ရဲမွာ မဟုတ္ေတာ့ဘူး "

သမီးလုပ္သူလည္း ေခါင္းသာ ခါရမ္းေနေလ ေတာ့သည္ ။ ဒီလိုနဲ႔ တေန႔တြင္..

" မီးဗ်ိဳ႕ ၊ မီး.. မီး.. " ဟု ႐ြာသား တေယာက္က ေအာ္ေသာ အခါ ႐ြာသားမ်ားလည္း မီးဝိုင္း သတ္ရန္ အေျပးအလႊား သြားၾကေလသည္ ။ မီး ဟု အသံ ၾကားေသာအခါ မ်က္ကန္း၏ သမီးျဖစ္သူလည္း အလုပ္ လုပ္ေနရာမွ ဖခင္အတြက္ စိုးရိမ္သြားကာ အိမ္သို႔ အေျပး အလႊား ေျပးလာေတာ့သည္ ။ သို႔ေသာ္ အိမ္ေရာက္ေသာ အခါ ဖခင္အား ရွာမေတြ႕။

မီး သည္ကား ႐ြာသားမ်ား ညႇိမ္း၍ ၿငိမ္းေလၿပီ ၊ သူမကား သူဖခင္အား အခုထိ ရွာမေတြ႕ ၊ ႐ြာသားမ်ားအား အကူအညီ ေတာင္းကာ ရွာေဖႊရ ေတာ့သည္ ။ ေတာ္ေတာ္ႏွင့္ ရွာမေတြ႕။ ညေန ေနဝင္ရီတေရာ အခ်ိန္ေလာက္မွ ႐ြာသား တေယာက္က..

" ဟို ေရတြင္းပ်က္ႀကီးထဲမွာ ခင္ဗ်ား အေဖကို ေတြ႕ခဲ့တယ္ဗ် "

" ဟာ.. ဒါဆို အျမန္သြားဆယ္မွ ျဖစ္မယ္ "

ဆရာသမားကား ေရတြင္းပ်က္ထဲ၌ ရွိေနေလသည္ ၊ ေတာ္ေသး၏ ေရကား ခါးေလာက္ပဲ ရွိ၍ ေရနစ္မေသ ။ ႐ြာသားမ်ားလည္း ထိုမ်က္ကန္းအား အေပၚသို႔ ဆယ္ယူၾကေလသည္ ။ သူ၏အေၾကာင္းကို သိထားေသာ ႐ြာသားမ်ားကား ဘာမွ အေထြအထူး မေျပာေတာ့ပဲ အလ်ိဳလ်ိဳ ျပန္သြားၾကေလသည္ ။

ဒီေတာ့မွ သမီးလုပ္သူလည္း..

" အေဖနဲ႔ေတာ့ စိတ္ညစ္ပါတယ္ ၊ မ်က္လုံးက ျမင္တာ မဟုတ္ပဲနဲ႔.. မီးေလာင္ေနတာကို ကိုယ့္အိမ္ထဲမွာကိုယ္ ေနမယ္ မရွိဘူး.. သြားစပ္စုေတာ့ ကံေကာင္းလို႔ ၊ မီးေလာင္လို႔ မေသပဲ ေရတြင္းထဲ က်ၿပီး ေရနစ္ေသေတာ့မလို႔ "

ဒီေတာ့ မ်က္ကန္းျဖစ္သူက..

" ေအာင္မာ.. ေရတြင္းပ်က္ကို မျမင္လို႔ ျပဳတ္က်တယ္မ်ား ထင္ေနလား.. မီးေလာင္ေနမွန္း သိလို႔ တမင္ခုန္ဆင္း လိုက္တာ.. ေရတြင္းထဲ ငုံ႔ေနမွ မီးေလာင္ၿပီး မေသမွာ ေပါ့ဟ.. "

မ်က္စိ မျမင္လို႔ ေရတြင္းထဲ က်တာကို ဝန္မခံပဲ မီးေလာင္မွာ စိုးလို႔ တမင္ ခုန္ဆင္းလိုက္တာ ပါလို႔ ေျပာလိုက္တဲ့ မ်က္ကန္းလို အမွားကို အမွားလို႔ ဝန္မခံပဲ က်ဘမ္းေျပာတဲ့ လူေတြကို အကန္း ေရတြင္းက် လူစားလို႔ ေျပာၾကေတာ့တာပဲ..

ဒါနဲ႔ က်ဳပ္ငယ္ငယ္ကလည္း အကန္းေရတြင္းက် လူစားဗ် ။ က်ဳပ္အဘိုးက ဒီပုံျပင္ေလး ေျပာၿပီး ဆုံးမ လိုက္မွ က်ဳပ္လည္း အမွားကို ဝန္ခံ တတ္လာတာ ၊ ခင္ဗ်ားတို႔လည္း ဒီပုံျပင္ထဲက အကန္းလို အကန္းေရတြင္းက် စကားမေျပာျဖစ္ေအာင္ သတိထားၾကေပါ့ဗ်ာ ။

ေမတၱာျဖင့္..

Han Tun Aung (p.k.u)

Post a Comment

0 Comments